Subscribe to our RSS Feed

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း ရွေးချယ်ခန့်ထား သွားမည်

From : ခေတ်လူငယ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၈၉ တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာမှ ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေး ဆောင်ရွက်စေရမည်ဟု ပြဋ္ဌာန်းထားပါသည်။ အဆိုပါ ပြဋ္ဌာန်းချက်နှင့်အညီ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်အတွက် ပြည်ထောင်စု လွှတ်တော်မှ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁ ဖြင့် “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ” ကို ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေပုဒ်မ ၃၆၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေကို အမိန့်ကြော်ငြာစာအမှတ် (၃၈၆/၂၀၁၂) ဖြင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား အသစ်ရွေးချယ် ခန့်ထားသွားမည် ဖြစ်ပါကြောင်း သတင်းထုတ်ပြန် ကြေညာအပ်ပါသည်ဟု ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။  

 Myanmar Express 

3 comments:

ဝိနည်းတော်နဲ့ မညီသူတွေ ဖယ်ရှားပေးပါဘုရား

ပြည် ထောင် စု အ စိုး ရ အ ဖွဲ့ ကို လက် ပန်း တောင်း တောင် အ ရေး တာ ၀န် ယူ ခိုင်း ပါ ဘု ရား

ရပ်ကွက်တွေထဲမှာတော့အုပ်ချုပ်ရေးမှူးလောင်းအတွက်
စာရင်းကောက်ယူတာမျိုးတွေလုံးဝမရှိပါဘူးနောက်မှဘယ်ကမိုးကျရွှေကိုတွေရောက်လာအုံးမလဲမသိဘူး..အခုချိန်ထိကိုပွင့်လင်းမြင်သာတဲ့လုပ်ဆောင်ချက်တွေဖြစ်မလာ
သေးတာဘာကြောင့်လဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်