Subscribe to our RSS Feed

ဝိနည်းတော်နဲ့ မညီသူတွေ ဖယ်ရှားပေးပါဘုရား

From : သာသနာတော် ထွန်းလင်းစေလိုသူ ဒကာတစ်ဦး

စက်တင်ဘာလကိုရောက်လာပြီဆိုရင်ဖြင့် ရွှေဝါရောင်ခေါင်းစဉ်နဲ့ စုရုံးစုရုံးမြင်ကွင်းတွေမြင်လာရပြန်ပါပြီ။ တကယ်ဆိုဝါတွင်းကာလကြီးမဟုတ်ပါလား။ ဒီမိုကရေစီပြောင်းလဲရေးတွေလုပ်နေလို့ EU ကတောင် Sanction တွေ ရုပ်သိမ်းပြီး လက်နက်ရောင်းဝယ်မှုကလွဲရင် ကျန်တဲ့ကုန်သွယ်ရေးဆိုင်ရာကင်းလွတ်ခွင့်တွေ ပြန်ပေးဖို့ဆုံးဖြတ်ခဲ့ပါပြီ။ ကျွန်တော်တို့နိုင်ငံလောက် နှစ်ပတ်လည်နေ့၊ အမှတ်တရနေ့တွေများတာ မကြားဖူးပါဘူးဗျာ။ နိုင်ငံတစ်ခုမှာ လွတ်လပ်ရေးနေ့၊ အမျိုးသားနေ့၊ အာဇာနည်နေ့၊ အလုပ်သမားနေ့၊ တောင်သူလယ်သမားနေ့၊ တပ်မတော်နေ့ ဒီလို နေ့တွေပဲရှိသင့်ပါတယ်။ ဘာအထိမ်းအမှတ်၊ ညာအထိမ်းအမှတ်တွေ ရှာကြံလုပ်နေတာ ကျွန်တော်တို့နိုင်ငံမှာများလွန်း လှပါတယ်။ မှတ်လည်းမှတ်သားထားနိုင်ကြပါပေ့။ ရှေးဖြစ်ဟောင်းအောက်မေ့ဖွယ်တွေက ဒီမိုကရေစီခေတ်အထိ လိုက်လာနေဆဲပါလားဗျာ။
ရွှေဝါရောင်တော်လှန်ရေးလို့ ကင်းပွန်းတပ်ခဲ့သူကို အတော်လေးချီးကျူးပါတယ်။ ဒီနာမည်က အရမ်းကို ပေါက်သွားခဲ့တာမဟုတ်လား။ တကယ်တော့ စက်သုံးဆီဈေးမြှင့်လိုက်တာကစခဲ့တဲ့ကိစ္စပါ။ အေးချမ်းစွာသီတင်းသုံး နေတဲ့ ဘုန်းဘုန်းတွေလမ်းပေါ်တက်လာအောင် မြှောက်ပင့်ပေးတဲ့သူတွေရှိခဲ့တယ်။ တွန်းတင်တဲ့သူတွေရှိခဲ့တယ်။ မတက်ချင် တက်ချင်အောင် ဆွဲခေါ်တဲ့သူတွေရှိခဲ့တယ်။ ၀ိနည်းသိက္ခာပုဒ်တွေနဲ့မညီတဲ့ ဘုန်းကြီးအယောင်ဆောင် တစ်ချို့ကိုလဲ ရှာဖွေဖော်ထုတ်နိုင်ခဲ့တယ်။
ငြင်းမရတဲ့ဖြစ်ရပ်တစ်ခုကို ပြောပြပါမယ်။ ၂၀၀၇ အောက်တိုဘာလဆန်းပိုင်းမှာ ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဖျာပုံလမ်းက တက္ကသီလာကျောင်းတိုက်ကို သတင်းအရ၀င်ရှာကြတယ်။ အဲဒီတုန်းက ကျွန်တော်ကရပ်ကွက်လူကြီး၊ သက်သေအနေနဲ့ ကိုယ်တိုင်ပါခဲ့ရတယ်။ ကျောင်းထိုင်ဆရာတော်က ဦးကောဝိဒ၊ ကျောင်းတိုက်ထဲက ဘာတွေတွေ့လဲ ဆိုတော့ ညစ်ညမ်း VCD ခွေတွေ၊ တုတ်၊ ဓား၊ လေးခွတွေ၊ ဖဲထုပ်တွေ၊ ကွန်ဒုံးတွေ၊ ပစ္စည်းအတု(ဓာတ်ပုံထဲက အဖြူရောင်နဲ့ ထောင်နေတဲ့ပစ္စည်းပါ)၊ ဟန်းဖုန်း(ဟန်းဖုန်းရဲ့ Screen ကိုလည်း သေချာကြည့်ပေးပါ)စတဲ့ ပစ္စည်းအမျိုး ပေါင်း ၅၀ ကျော်ကို သိမ်းဆည်းမိခဲ့တယ်။ မြင်တဲ့အတိုင်းပါပဲ။ ကျွန်တော်အတော်လေး တုန်လှုပ်ခဲ့ရပါတယ်။ ထင်ကိုထင်မထားခဲ့ပါဘူးဗျာ။ ကျွန်တော်ကိုယ်တိုင်ဆွမ်းကပ်ခဲ့၊ သီလယူခဲ့တဲ့ကျောင်းပါ။ အခုမှ ကြက်သီးထစွာနဲ့ နောင်တရမိပါတယ်။ ဒီလိုဘုန်းကြီးအတုတွေဟာ ဘာသာသာသနာအတွက် ကြီးမားလှတဲ့အန္တရာယ်ပါ။

ဒါက တကယ့်အမှန်တရားပါ။ အဲဒီအထဲမှာ မဟုတ်တန်းတရားတွေ အနားကပ်ပြီးလျှောက်တင်တတ်သူတွေရဲ့ လက်ချက်ကြောင့် ဆရာတော်ကြီးတစ်ချို့ကတောင် တာဝန်ရှိသူတွေအပေါ် အမြင်မှားပြီးပြောဆိုဝေဖန်တာတွေလဲ ကြားရပါတယ်။ အတော့်ကို စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
ဦးကောဝိဒက နိုင်ငံတော်ရဲ့ လွတ်ငြိမ်ချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့ပါပြီ။ ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဖျာပုံလမ်းက တက္ကသီလာကျောင်းတိုက်ကိုပဲပြန်ရောက်လာပါတယ်။ ပြီးခဲ့တဲ့ ၁၈ ရက်နေ့က ရွှေဝါရောင် ၅ နှစ်ပြည့်ကို အဲဒီကျောင်းမှာ သူကိုယ်တိုင်ခေါင်းဆောင်ပြီး စည်စည်ကားကားလုပ်ခဲ့ပါတယ်ဗျာ။
ဦးပဏ္ဏိဝံသလို့ခေါ်တဲ့ ဦးပြည်ကျော် အကြောင်းကိုလည်း နည်းနည်းဖောက်သည်ချပါရစေ။ ဇန်န၀ါရီလ ၁၃ ရက်နေ့ကမှ အကျဉ်းထောင်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာခဲ့သူပါ။ အခုအရင်အလုပ်မျိုးတွေ ပြန်လုပ်နေပြန်ပါပြီ။ ၈၈ အရေးအခင်းမှာလည်းပါခဲ့တယ်။ ၁၉၉၀ ကျတော့ တာမွေ၊ နန္ဒ၀န် ပါဠိတက္ကသိုလ်မှာ သပိတ်မှောက်ကံဆောင် ပြန်ပါရော။ ၂၀၀၇ မှာလည်း ထိပ်ဆုံးကပါပဲ။ မင်္ဂလာတောင်ညွန့် ရွှေတောင်ကျောင်းမှာရှိစဉ်က ဘုန်းကြီးနဲ့ မဆိုင်တာတွေ အကုန်လုပ်ခဲ့ပါတယ်။ တစ်လုံး(ဘောလုံး)၊ နှစ်လုံး၊ သုံးလုံးတွေရဲ့ ဒိုင်ချုပ်ဘုန်းဘုန်း ဖြစ်ပါတယ်။ ၂၀၀၂ လောက်မှာ ဒဂုံမြို့သစ်တောင်ပိုင်းက ခင်ခင်ချို ဆိုတဲ့ အမျိုးသမီးနဲ့ ကျောင်းမှာအတူနေရာကနေ အဲဒီမိန်းမကိုယ်ဝန်ရပြီး ကလေးပျက်ကျခဲ့တယ်လို့သိရတယ်။ ၂၀၀၄ ကျတော့ ဘီးလင်းဘက်က မအိဆိုတဲ့ အမျိုးသမီးတစ်ဦးကို ကျောင်းပေါ်ကို ခေါ်လာခဲ့တယ်။ ကျောင်းမှာထားပြီး မွေးစားလိုက်တယ်(သဘောပေါက်မှာပါ)။ ကိုယ်ဝန် နှစ်ကြိမ်တိတိဖျက်ချခဲ့ရတယ်။ ဟုတ်မဟုတ် ကာယကံရှင်တွေ သိပါလိမ့်မယ်။ သံသယရှိခဲ့ရင် ကျောင်းဝန်းကျင်မှာ နေသူတွေကို မေးသာကြည့်ကြပါ။ အဲဒီပုဂ္ဂိုလ်က ထောင်ကထွက်လာတာနဲ့ ရွှေဝါရောင် ဖောင်ဒေးရှင်းဆိုပြီး ဖွဲ့လိုက်ပါရောဗျာ။

ယနေ့သာသနာတော်မှာ ဦးကောဝိဒနဲ့ ဦးပဏ္ဏိဝံသတို့လို အတုအယောင်တွေမရှိသင့်တော့ပါ။ အတုအယောင် လုပ်နေမဲ့အစား တကယ်နိုင်ငံချစ်ရင် လူဝတ်လဲပြီးပါတီထောင်ပါ။ လွှတ်တော်တက်စကားပြောကြပါ။ အရွေးခံရရင် သမ္မတလဲဖြစ်နိုင်ပါတယ်။ ဒီထက်ပိုပြီး သတ္တိကောင်းရင် စစ်တပ်ထဲသာဝင်လိုက်ကြပါ။ တိုက်ရည်ခိုက်ရည်ကောင်းရင် ရာထူးရပါလိမ့်မယ်။ ကမ္ဘာပေါ်မှာ ထေရ၀ါဒနိုင်ငံဆိုလို့ မြန်မာတစ်နိုင်ငံတည်းရှိတယ်လို့ ကမ္ဘာကအသိအမှတ်ပြုထား ပါတယ်။ သာသနာတော်ညှိုးနွမ်းအောင် မလုပ်ကြပါနဲ့။
ဘုန်းဘုန်းတို့ဘုရား.... တပည့်တော်တို့က ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး စတဲ့ ပစ္စည်းလေးပါး ဆက်ကပ် လှူဒါန်းတဲ့အခါ သာသနာအကျိုးသယ်ပိုးပြီး ၀ိနည်းသိက္ခာနဲ့ညီညွတ်လို့ ၀င်းလက်ကြည်လင်နေတဲ့ ဆရာတော်တွေရဲ့ မျက်နှာတော်တွေကိုဖူးရင်း ကြည်နူးစွာရေစက်ချလိုပါတယ်။ ဓာတ်ပုံထဲက ဦးကောဝိဒလို အရက်သေစာသောက်စားပြီး ကာမဂုဏ်လိုက်စားသူရဲ့ မျက်နှာမျိုးကို တပည့်တော်တို့ ရှာဖွေစုဆောင်းထားတဲ့ ချွေးနဲစာလှူဖွယ်ဝတ္ထုတွေ ဘယ်လို စိတ်ထားမျိုးနဲ့ လှူဒါန်းရမှာလဲဘုရား။ အရှုပ်ထဲမှာရှင်းအောင်နေဖို့ ဆရာတော် ဦးဇောတိက ဟောကြားတော်မူခဲ့ပါတယ်။ ရှင်းရှင်းလင်းလင်းနေနိုင်ဖို့ သာသနာအတွက် အရှုပ်ဖြစ်နေသူတွေကိုလဲ ဖယ်ရှားရှင်းလင်း ပေးတော်မူကြပါဘုရား....

  Myanmar Express 

19 comments:

အင်း ကောင်းလိုက်တဲ့ ပို့စ်လေးပါ...ဘယ်သာသနာ ဘယ်ဘာသာမဆို မကောင်းတဲ့ကောင်တေ ရောထွေးနေတယ်..မကောင်းတဲ့ကောင်တေကို ဖယ်ရမယ်...

I fully agree with you. All monks who don't follow Buddha's rules should be punished. On the other hand, all real monks in prisons are to be released. They should not be victims of political games.

မင်းတို့အားလုံး ငပေါတွေပဲ။

ကိုလိုနီခောတ်ကဘိန်းမှုကိုသတိရမိတယ်

ကိုလိုနီခောတ်ကဘိန်းမှုကိုသတိရမိတယ်

ဘုရား သာသနာကို ဒီအတုအယောင် တွေကပဲ ဖျက်ကြ မှာပါပဲ ဘုန်းကြီးလုပ်စား နေကြတဲ့ လူဝတ်ကြောင် တွေပါပဲ လူတွေကရော ဘုန်းကြီအစစ်တွေကပါ ၀ိုင်းရှင်းပစ် ဘို့လိုနေပါပြီ

စုံစမ်းစစ်ဆေးရေးမဖွဲ့ခင်တုန်း ကဖွဲ့ဖို့ပြောတကယ်လဲဖွဲ့ပြီးရော ခေါင်းရှောင်ပြီးနှမ်းပဲဖြူးတတ်တဲ့ ၈၈ကအခြောက်ကြီးတွေအကြောင်းရေးပေးပါအုန်း။

They deserve to get Life Imprisonment. They really disgrace our country and our holy religion. Really sad for our Lord Buddha!

သာသနာတော်သန့်ရှင်းရေး ဆောင်ရွက်ပေးပါဘုရား

ပုဂံခောတ်ကစပြီးသာသနာပြုခဲ့တဲ့မင်းကအနော်ရထာပြည့်ရှင်မင်းကြီး မဟုတ်လား ဗုဒ္ဓသာသနာတော်ကြီးထွန်းကားအောင်လုပ်ခဲ့တာလဲမင်းတွေဘဲမဟုတ်ဘူးလား မင်းကျင့်တရား ၁၀ ပါးညီမှမင်းဖြစ်တာ .......ရန်သူမျိုးငါးပါးထဲမှာဘုန်းကြီးဘေးဆိုတာမပါဘူး နိုင်ငံရေးသမားတွေ အစိုးရနှင့်ပြည်သူရဟန်းသံဃာတော်နင့်ပြသာနာအသေးကနေအကြီးကြီးဖြစ်အောင်မလုပ်ကျပါနှင့်လေသေနပ်မပြစ်ပါတော့

မန္တလေးဘုန်းကြီး ပိုတောင်ဆိုးသေး ညကြရင် အပြင်
ထွက်ပြီး အရက်သောက်တယ် ဖာချတယ်။

လူအချင်း ချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ ဆိုသလိုသံဃာအချင်း ချင်းလှည့်ပတ်ခြင်း၊ကင်း ရှင်းကြပါစေလဲရှိ သင့်ပါတယ်။

88ကျောင်းမပီးသေတဲ့ကောင်တွေနဲ့ ဘုန်းကြီးတုတွေက အလုပ်ကို ကောင်းကောင်းမလုပ်စားတက်တော့ဘူးလား...အချောင်သမားတွေပဲ...ထောင်ထဲကကောင်တွေကမှထောင်အတွက် အလုပ်လုပ်ပေးသေးတယ်...ဒီကောင်တွေက ဘာကောင်တွေလို့ ယူဆရမှန်းကို မသိတော့ဘူး...ဘုန်းကြီးတွေပီးရင် ဘယ်သူတွေကို ဒေါ်လာရအောင်မြှောက်ပေးဦးမလဲမသိဘူး...

လှူချင်ရင်တောင် စေတနာပေါက်ရုံလောက်နဲ့မဖြစ်တော့ပါလား?ကိုယ်လှူမဲ့ဘုန်းကြီးရဲ့ရာဇဝင်ကိုစုံစမ်းရမလိုဖြစ်နေပြီ။သြော်---အတုတွေ--အတုတွေ သင်္ကန်းရုံပြီးတော့တောင်အတုလုပ်တဲ့လူတွေ။

you've to go hell bastard.
don't insult monks anymore,mother fucker..ham

You are asking monk to do monk's job. Military did not do military's job in first place. Is that fare to say like that?

Who said if you are brave, join military. Military and Police are very brave to crash down for those who do not have any weapon. On the other hand they are very afraid to fight against insurgent who have weapon. Really funny.

i strongly be recommend your comment.
actually they have no courage...
what a shame!!!!!

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်