From : မြ၀တီ
ပြည်ပတွင် သွားရောက် အလုပ် လုပ်ကိုင် နေကြသော မြန်မာ နိုင်ငံသားများ အနေဖြင့် ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်း များအနက် တန်ဖိုးနည်း အိမ်ရာများတွင် ရင်းနှီး မြှုပ်နှံထားရန် စိတ်ဝင် စားမှု များပြားနေကြောင်း
ပြည် ပရောက် မြန်မာ နိုင်ငံသားများ ထံမှ သိရသည်။
မြန်မာနိုင်ငံ အတွင်းတွင် လတ်တလော နေထိုင်ရန် မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံ ထားမှု အနေဖြင့် တန်ဖိုး သင့်တင့်သော ရန်ကုန်မြို့ ဆင်ခြေဖုံး မြို့နယ်တို့တွင် တည်ဆောက် နေကြသည့် ပုဂ္ဂလိက ကန်ထရိုက် တိုက်များတွင် တိုက်ခန်းများ ဝယ်ယူ ရင်းနှီးမြှုပ်နှံ ထားမှုများ များပြားလာကြောင်း မိသားစု ဆောက်လုပ်ရေး လုပ်ငန်းများမှ သိရသည်။
''များသောအားဖြင့် စင်ကာပူက ဝယ်တာ များပါတယ်။ နေဖို့အတွက် မဟုတ်ဘဲ ရင်းနှီး မြှုပ်နှံထားမှု အနေနဲ့ သူတို့ဟိုမှာ လုပ်ကိုင်ရှာဖွေ
နေတာကို ဒီမှာအိမ်၊ တိုက်ခန်းလေးတွေ ဝယ်ပြီး ရင်းနှီး ထားချင်ကြတာ။ အဲဒီလို ဝယ်တဲ့ အခါမှာလည်း တန်ဖိုးကြီး တိုက်ခန်းတွေမှာ ဝယ်ယူရင်းနှီး
မြှုပ်နှံတာထက် တန်ဖိုးနည်း တိုက်ခန်း တွေကို ပိုစိတ်ဝင်စား ကြတယ်။ သူတို့ တတ်နိုင်တဲ့ အလျောက်ပေါ့။ သိန်းတစ်ရာ ဝန်းကျင်လေးတွေ များပါတယ်။
ကျွန်တော်တို့အနေနဲ့လည်းတစ်အိမ်ပြီးတစ်အိမ်ဆက်လက် ဆောက်လုပ် နေတာမို့အလားအလာ ကောင်း လာနိုင်မယ့် နေရာ လေးတွေမှာ ဆောက်လုပ်
နေပါတယ်။ အဲဒီ နေရာတွေမှာ အခန်း ဈေးက ဈေးကွက်ကောင်း တဲ့ နေရာ တွေကတိုက်ခန်းတစ်ခန်းဈေးနဲ့ နှစ်ခန်းဈေးလောက် ဖြစ်နေတာမို့ ဆင်ခြေဖုံးဆိုပေမယ့်လည်းအလားအလာ ကောင်းကြပါတယ်''ဟု ငွေကြယ်အိမ် ဆောက်လုပ်ရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လတ်တလောတွင် ဆောက်လုပ်ရေး လုပ်ငန်းများ အလား အလာ ကောင်း လျက်ရှိပြီး နေထိုင်ရန် သော်လည်း ကောင်း၊ ရင်းနှီး မြှုပ်နှံရန် သော် လည်းကောင်း တန်ဖိုး နည်းပါးသည့် တိုက်ခန်းများ အရောင်းအဝယ် သွက်လျက်ရှိကာ အငှား ဈေးကွက်လည်း ခိုင်မာလျက် ရှိကြောင်း သိရသည်။ ဈေးနှုန်း မြင့်မားမှု ရှိသော ဈေးကွက် ခိုင်မာပြီးသည့် မြို့နယ်များထက် မြို့သစ်နှင့် မြို့တွင်း မြို့နယ်များသို့ ချိတ်ဆက်ရာတွင် အဓိက အချက်အချာ ကျသော နေရာများ ဖြစ်သည့် ဆင်ခြေဖုံး မြို့နယ်များတွင် ပိုမို အရောင်းအဝယ် ကောင်းလျက် ရှိကြောင်း သိရသည်။
ထိုသို့ ပြည်ပရောက် မြန်မာ နိုင်ငံသားများ ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားသော တိုက်ခန်းများ၏ ဈေးနှုန်းများမှာ သိန်း ၈ဝ ဝန်းကျင်မှ သိန်း၂ဝဝ ဝန်းကျင် တိုက်ခန်းများ ဖြစ်ပြီး မြေညီထပ်မှ စတုတ္ထထပ် ဝန်းကျင်အထိ အခန်းများ
ဖြစ်ကြောင်း သိရသည်။
www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်