Subscribe to our RSS Feed

မန္တလေး-မြစ်ကြီးနား ရထားလမ်း KIA မိုင်းခွဲပြန်

From : 7day

မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း နမ္မားဘူတာနှင့် မြို့သစ်ဘူတာအကြား မိုးညှင်းအကျော် ဆယ်မိုင်ခန့်အကွာ မိုင်တိုင် ၆၄၃/၂၂-၂၃ ကြားတွင် ယနေ့ နံနက် ၁ နာရီ ၁၅ မိနစ်အချိန်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ပေါက်ကွဲမှုကြောင့် မန္တလေးမြို့ဟောင်း-မြစ်ကြီးနား ကုန်တင်ရထား အမှတ်(၉၃၇)၏ စက်ခေါင်း DD-1137 လမ်းချော်ပြီး ကုန်တွဲသုံးတွဲနှင့် နားနေတွဲတစ်တွဲ တိမ်းမှောက်ခဲ့ကာ ကုန်တစ်တွဲလမ်းချော်ခဲ့သည်။

မြန်မာနိုင်ငံမြောက်ပိုင်းဒေသသို့ ဆက်သွယ်သည့် အဓိက လမ်းကြောင်းဖြစ်သော မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်းတွင် ကုန်တင် ရထားတစ်စီးကို ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) မှ မိုင်းခွဲလိုက်ခြင်းကြောင့်
မီးရထားဝန်ထမ်း သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်း မိုးညှင်းမြို့နယ် အုပ်ချုပ်ရေး အဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ မိုင်းကွဲမှုမှာ မိုးညှင်းမြို့နယ်အတွင်းရှိ နမ္မားဘူတာနှင့် မြို့သစ်ကလေး ဘူတာကြား မိုင်တိုင်အမှတ် (၆၄၃/၂၂)နှင့် (၆၄၃/၂၃)ကြားတွင် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


  ယင်းကုန်ရထားအား မောင်းနှင်သည့် စက်ခေါင်းမောင်း ဦးကျော်မြင့်နှင့် လက်ထောက်ဦးနေလင်းထွန်းမှာ ညာဘက်မျက်စိ ကိုယ်စီထိခိုက်ခဲ့ပြီး နားနေတွဲတွင် အနားယူနေသော လက်ထောက်စက်ခေါင်းမောင်း ဦးဥာဏ်ထွန်းမှာလည်း မျက်နှာ၌ ဒဏ်ရာရရှိခဲ့သည်။ ၎င်းတို့သုံးဦးအား မိုးညှင်းမှတစ်ဆင့် မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ကုသနေပြီး ဒဏ်ရာအခြေအနေမှာ စိုးရိမ်စရာမရှိဟု မြန်မာ့မီးရထားလုပ်ငန်း အထက်မြန်မာပြည် အထွေထွေမန်နေဂျာရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မီးရထားသံလမ်းမှာ ပေ ၆၀ ကျော် ပျက်စီးသွားနိုင်ကြောင်း ခန့်မှန်းပြီး မီးရထားလမ်းပိုင်း ပြုပြင်ရန်အတွက် မိုးညှင်းနှင့် မြစ်ကြီးနားမှ အင်ဂျင်နီယာများ၊ စက်ရုံလုပ်သားများ၊ တွဲပြင်လုပ်သားများသည် ကရိန်းများ၊ စက်ပြင်ကိရိယာများဖြင့် အခင်းဖြစ်ပွားရာသို့ သွားရောက်နေကြပြီဟု သတင်းရရှိသည်။ ဟိုပင်၊ မိုးညှင်း၊ မော်ဆန်၊ ပင်းဘော ဘူတာများတွင် ခေတ္တရပ်နားနေရသော မန္တလေး-မြစ်ကြီးနား အစုန်အဆန်ရထားအချို့ကို ခရီးသည်ရွှေ့ပြောင်းခြင်းဖြင့် ပို့ဆောင်သွားမည်ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူကပြောသည်။

မန္တလေးဘူတာကြီးမှ မြစ်ကြီးနားရထားများ ပုံမှန်အတိုင်း ထွက်ခွာပေးနေပြီး ဒီဇင်ဘာ ၂၂ ရက် နံနက် ၆ နာရီခန့်တွင် လမ်းပြန်ပွင့်ရန် ခန့်မှန်းထားကြောင်း မြန်မာ့မီးရထားလုပ်ငန်း အထက်မြန်မာပြည် အထွေထွေမန်နေဂျာရုံးမှ သတင်းရရှိသည်။
 


 www.MyanmarExpress.net
 

17 comments:

တိုင်းရင်းသားတွေ ပေါင်းပြီး ဗမာတွေကို ဝိုင်းတိုက်ကြလော့!!!

အဲဒါ သောင်းကျန်းသူအဖျက်သမား လုပ်ရပ်ပဲ

ME မှာComment တွေနည်းသွားတယ်။
ဖတ်ရတာ အားမရဘူး။

kiaတွေဟာကချင်ပြည်နယ်ကို ကိုယ်စားပြုတဲ့အဖွဲ့အစည်းမဟုတ်ပါဘူး။လက်နှက်ကိုင်ပြီးတိုင်းရင်းသားတွေကိုအနိုင်ကျင့်ဗိုလ်ကျနေတဲ့သောင်းကြမ်းသူအဖွဲ့ပါပဲ။ကချင်ပြည်နယ်လူထုရဲ့သဘောထားသိလိုချင်ရင် မဲပုံးထောင်ကြည့်လိုက်ပါ။

kia တွေကိုတော့အပြတ်တိုက်ဘို့သင့်နေပြီပြည်သူတွေနဲ့စစ်သားတွေအသက်တွေဘဝတွေပေးဆပ်နေကြရပြီသမ္မတကြီးအမိန့်ပေးပါတော့

They are Terrorists,
They killed our own people,
They destroyed, bridges and road,
They are the trouble makers,

The army should control Kachin State and issue Marshall Law

This is terrorism of KIA terrorist group

ဆေးသောက်မှားပြီးရေးမိတာလား?ဒါမှမဟုတ်ရင်တော့ မင်းဟာမြန်မာပြည်ရဲ့အဖျက်သမားပဲ။

ဗမာတွေကိုတိုက်ချင်ရင် ရာဇဝင်တွေကိုပြေးကြည့်စမ်းပါ။ အကြောင်းသိသွားမယ်။

ဗမာကိုတတိုက်ကြည့်လေ။။ အဖြေထွက်သွားမယ်။ရာဇဝင်တွေပြန်ကြည့်လိုက်စမ်းပါကွာဗမာအကြောင်းသိ
စေရမယ်။

ဟေ့ ကောင်ဆောက် ရှုး
အရူး ချီး ပန်း လျောက် ပြော မ နေ နဲ့
မင်း တို့ ကေအိုင် တွေ မကြာခင်
ဘာ ဖြစ် မလဲ စောင့် ကြည့် နေ
ဒီလောက် မိုင်းခွဲ ပြီး ပြည်သူ ကိုဒုက္ခ
ပေး နေ တဲ့ ကောင် တွေ ဒုက္ခပြန်
ရောက် တော့ မှာ မ ကြာတော့
ပါဘူး ကွာ

သေချင်းဆိုးကေအိုင်အေ တပ်မတော်ကိုမတိုက်၇ဲတိုင်း ၇ထားမိုင်းခွဲကချင်တွေမိုင်းထိအောင်မိုင်းထောင် နိုင်ငံကိုဖျက်ဆီးနေတဲ့ သူတောင်းစားတွေ မြန်မြန်သာချေမှုန်းပစ်ပါ

သတ္တိရှိရင်မင်းနဲ့ငါချမလား

အချိန်မရွေးဘူးပဲ။ဖုန်းနံပါတ်ရေးထားခဲ့။

ဟို အထက် က ရေး တဲ့ ကောင် မြန် မာ နိုင် ငံ သား တော့ ဟုတ် ရဲ့ လား မြန် မာ နိုင် ငံ ပြို ကွဲ အောင် လုပ် တဲ့ ကောင် မှန် သ မျ ချေ မူန်း ပစ် မှာ ပဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်