From : planet
မာလီနိုင်ငံတွင် ဝန်ကြီးချုပ်
ချိခ်မိုဒီဘို ဒီယာရာအား စစ်တပ်က ဖမ်းဆီးကာ ရာထူးမှ နုတ်ထွက်ရန်
ဖိအားပေးခဲ့ကြောင်း သိရှိရသည်။ အင်္ဂါနေ့က မာလီစစ်တပ်သည် ဝန်ကြီးချုပ်
နေအိမ်သို့ ဝင်ရောက်ထိုးဖောက်ကာ ဒီယာရာအား ဖမ်းဆီးပြီး ရာထူးမှ နုတ်ထွက်
စေခဲ့ခြင်း ဖြစ်သည်။ အနောက် အာဖရိက ဒေသရှိ နိုင်ငံ မြောက်ပိုင်းကို
သူပုန်တပ်များက သိမ်းပိုက်လိုက်ရာ ဒီယာရာ အနေဖြင့် ယင်းကို ကောင်းမွန်စွာ
တုံ့ပြန်နိုင်သည့် စီမံကိန်းမျိုး မရှိဟု စစ်တပ်နှင့် ပြည်သူများက ယူဆလျှက်
ရှိသည်။
(မာလီဝန်ကြီးချုပ် ချိခ်မိုဒီဘို ဒီယာရာ)
ဘာမာကို မြို့တော်တွင် ဖြစ်ပွားခဲ့သော ဖမ်းဆီးမှုတွင် NASA သိပ္ပံပညာရှင်ဟောင်း ဒီယာရာ အနေဖြင့် မည်သို့မျှ တတ်နိုင်ခဲ့ခြင်း မရှိဘဲ နိုင်ငံပိုင် ရုပ်မြင်သံကြားမှတစ်ဆင့် မိမိရော ဝန်ကြီးအဖွဲ့ပါ နုတ်ထွက်ကြောင်း ကြေညာခဲ့ရသည်။ မာလီ၏ ကြားဖြတ်သမ္မတ ဒီအိုကူဒါ ထရာအိုယေးက ဂျန်ဂိုဆစ်ဆိုကိုအား ဝန်ကြီးချုပ် ရာထူးတွင် ခန့်အပ်ကြောင်း အတည်ပြုခဲ့သည်။ ဆစ်ဆိုကိုသည် မာလီ၏ အစိုးရကို တန်ပြန်စောင့်ကြည့်ရေး အရာရှိချုပ်ဖြစ်ပြီး ယခုအခါ ဝန်ကြီးချုပ်အဖြစ် ယာယီ တာဝန်ယူခဲ့ခြင်း ဖြစ်သည်။
မာလီတွင် ယခုနှစ်အတွင်း အာဏာသိမ်းခဲ့သည့် စစ်တပ်မှ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက မိမိတို့ အနေဖြင့် နိုင်ငံမြောက်ပိုင်းရှိ ပဋိပက္ခအတွက် အဖြေရှာပေးမည့် စစ်မှန်သော ဝန်ကြီးချုပ်ကို လိုလားကြောင်း ပြောဆိုခဲ့သည်။
မာလီမြောက်ပိုင်း ဒေသသည် အယ်လ်ကေးဒါးနှင့် ဆက်နွယ်သည့် အစွန်းရောက် ဘာသာရေး လက်နက်ကိုင် တပ်ဖွဲ့များ တပ်စွဲထားပြီး အစိုးရကို ဆန့်ကျင်နေသည်။ မာလီ၏ လက်ရှိ အစိုးရမှာလည်း စစ်တပ်အာဏာသိမ်းပြီး နောက်ကွယ်မှ ထောက်ပံ့ပေးနေခြင်းဟု သိရှိရသည်။
www.MyanmarExpress.net
အင်္ဂါနေ့က မာလီစစ်တပ်သည် ဝန်ကြီးချုပ် နေအိမ်သို့ ဝင်ရောက်ထိုးဖောက်ကာ
ဒီယာရာအား ဖမ်းဆီးပြီး ရာထူးမှ နုတ်ထွက် စေခဲ့ခြင်း ဖြစ်သည်။
(မာလီဝန်ကြီးချုပ် ချိခ်မိုဒီဘို ဒီယာရာ)
ဘာမာကို မြို့တော်တွင် ဖြစ်ပွားခဲ့သော ဖမ်းဆီးမှုတွင် NASA သိပ္ပံပညာရှင်ဟောင်း ဒီယာရာ အနေဖြင့် မည်သို့မျှ တတ်နိုင်ခဲ့ခြင်း မရှိဘဲ နိုင်ငံပိုင် ရုပ်မြင်သံကြားမှတစ်ဆင့် မိမိရော ဝန်ကြီးအဖွဲ့ပါ နုတ်ထွက်ကြောင်း ကြေညာခဲ့ရသည်။ မာလီ၏ ကြားဖြတ်သမ္မတ ဒီအိုကူဒါ ထရာအိုယေးက ဂျန်ဂိုဆစ်ဆိုကိုအား ဝန်ကြီးချုပ် ရာထူးတွင် ခန့်အပ်ကြောင်း အတည်ပြုခဲ့သည်။ ဆစ်ဆိုကိုသည် မာလီ၏ အစိုးရကို တန်ပြန်စောင့်ကြည့်ရေး အရာရှိချုပ်ဖြစ်ပြီး ယခုအခါ ဝန်ကြီးချုပ်အဖြစ် ယာယီ တာဝန်ယူခဲ့ခြင်း ဖြစ်သည်။
မာလီတွင် ယခုနှစ်အတွင်း အာဏာသိမ်းခဲ့သည့် စစ်တပ်မှ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက မိမိတို့ အနေဖြင့် နိုင်ငံမြောက်ပိုင်းရှိ ပဋိပက္ခအတွက် အဖြေရှာပေးမည့် စစ်မှန်သော ဝန်ကြီးချုပ်ကို လိုလားကြောင်း ပြောဆိုခဲ့သည်။
မာလီမြောက်ပိုင်း ဒေသသည် အယ်လ်ကေးဒါးနှင့် ဆက်နွယ်သည့် အစွန်းရောက် ဘာသာရေး လက်နက်ကိုင် တပ်ဖွဲ့များ တပ်စွဲထားပြီး အစိုးရကို ဆန့်ကျင်နေသည်။ မာလီ၏ လက်ရှိ အစိုးရမှာလည်း စစ်တပ်အာဏာသိမ်းပြီး နောက်ကွယ်မှ ထောက်ပံ့ပေးနေခြင်းဟု သိရှိရသည်။
www.MyanmarExpress.net
Posted in: ကမ္ဘာ့သတင်း
1 comments:
ခေါင်းဆောင်မဟုတ်သောအတိုက်အခံခေါင်းရှောင်များ
လက်ပန်းတောင်းကိစ္စတွင်ပထမဦးဆုံး
ဆန္ဒပြတဲ့တောင်သူ၊ကျေးလက်ရွာသားများဟာ
စီမံကိန်းကြောင့်နစ်နာမှုတွေပေးတာမမျှတတာကိုအဓိက
တောင်းဆိုခဲ့ကြတာပါ
နောက်တော့အစိုးရအတိုက်အခံအချောင်သမား
နိုင်ငံရေးသမားတွေပါလာတော့ဦးပိုင်နဲ့ဝမ်ပေါင်ကို
မျှားဦးလှည့်လာပါတယ်
ဘုန်းကြီးတွေကိုရှေ့တန်းထုတ်လာကြပါတယ်
သက်ဆိုင်ရာကဖြိုခွဲအပြီးမှာတော့ဦးပိုင်နဲ့ဝမ်ပေါင်က
ပျောက်သွားပြီးတော့လက်ရှိအာဏာရအစိုးရဆီမျှားဦးလှည့်လာပါပြီ
တကယ်တော့ဒါတွေဟာအချောင်သမားအတိုက်အခံ
နိုင်ငံရေးသမားတွေရဲ့ကြိုတွက်ထားပြီးသားအကွက်တခုပါ
ဒါပေမဲ့သူတို့မထင်ထားလိုက်မိတာကတော့
စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုအစိုးရကချက်ချင်းဖွဲ့ပြီး
ဒေါ်စုကြည်နဲ့ ၈၈ မျိုးဆက် ၂ ယောက်ကိုပါထည့်သွင်းလိုက်တာပါဘဲ
တရားဥပဒေစိုးမိုးရေးကော်မရှင်ကော်မတီဥက္ကဋ္ဌဖြစ်တဲ့
ဒေါ်စုကြည်ကဘယ်လို့မှငြင်းလို့မရတော့ဘဲလက်ခံလိုက်ရတာပါ
အမှန်တော့နိုင်ငံခြားရင်းနှင်းမှုကိစ္စကိုရှင်းရင်အိမ်နီးချင်းတရုတ်ရဲ့
လက်ရှိ Super Power ကိုဘယ်လိုမှခုခံနိုင်ဖို့မဖြစ်နိုင်တာ
ဒေါ်စုကြည်ကောင်းကောင်းကြီးသိနေပါတယ်
ဒါကြောင့်အခုနောက်ပိုင်းသတင်းထောက်တွေကိုပြောဆိုရာမှာ
လေသံတွေပြောင်းသွားပြီး၊နိုင်ငံရဲ့ရှေ့အစိုးရကချုပ်ဆိုခဲ့တဲ့
စာချုပ်တွေကိုနောက်အစိုးရကအသိအမှတ်ပြုရမယ်လို့ပြောလာပါတယ်
ဘုန်းကြီးတွေ၊ဆန္ဒပြသူတွေရဲ့တောင်းဆိုချက်တွေကလဲ
ဦးပိုင်နဲ့ဝမ်ပေါင် လုံးဝမပါတော့ပါဘူး
၈၈ ကျောင်းသား ၂ ယောက်ကလဲ၊ ကိုယ်ရှုးကိုယ်ပြန်ပတ်နေမှာသိတာရယ်။ နိုင်ငံရေးသမားပီပီ
ဟောင်သာဟောင်၊တကယ်မကိုက်နဲ့ဆိုသလို
တရုတ်ကိုမလှန်နိုင်ဘူးဆိုတာသိနေတာရယ်။
စုံစမ်းစစ်ဆေးရေးကော်မတီကထွက်လိုက်ပါတယ်
လက်ရှိအစိုးရကရော ။ ၈၈ မျိုးဆက်တွေကရော
ဒီရှင်းဖို့ရှုတ်ထွေးလှတဲ့တရုတ်နိုင်ငံနဲ့ပတ်သတ်နေတဲ့
ကိစ္စဟာဘောလုံးတလုံးလိုဘဲဒေါ်စုဆီပုတ်ထုတ်ပေးလိုက်ပါပြီ။
ဒေါ်စုကဒီဘောလုံးကိုမဖမ်းလို့မရတော့ပါဘူး။
အခုတော့ဒေါ်စုကဘောလုံးကိုဘယ်သူဆီပြန်ပုတ်ထုတ်ပေးမလဲ?
လက်ခံမဲ့သူမရှိတော့ပါ ။
ဒါဟာလဲဒေါ်စုကိုယ်ဟာကိုယ်လူထုရှေ့မှာမဟာသူရဲကောင်း
ကြီးလုပ်ခဲ့လို့ပါ။ဘုန်းကြီးတွေတောင်ထိုင်ရှစ်ခိုးရတဲ့
မဟာတန်ခိုးရှင်ကြီးဒေါ်စုကြည်၊ဒီတခေါက်တော့ခေါင်းရှောင်
လုပ်လို့မရတော့ပါ
၈၈ အဖွဲ့ကလဲ ဒေါ်စုကို သာမာန်လူတွေမမြင်သာတဲ့နည်းနဲ့
ဒေါ်စုကို နဲ့ ၈၈ ဟာ ပြဒါးတလမ်းသံတလမ်း ဆိုတာပြသလိုက်တာပါ
နောက် ၂ ပတ်ဆိုရင်အစီရင်ခံစာတင်ပြရတော့မှာပါ
ဒီအစီရင်ခံစာကိုဘယ်လိုရေးပြီးသမတကြီးဦးသိန်းစိန်ဆီ
တင်ပြရမယ်ဆိုတာဒေါ်စုကိုယ်တိုင်စိတ်ထဲမှာသိပြီးနေပါပြီ
အစီရင်ခံစာရဲ့အဖြေဟာဆန္ဒပြနေသူတွေအတွက်တော့ဖြင့် .........
အဖြေကိုလက်ခံနိုင်ကြဖို့ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း.............
.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်