From : သမ္မတရုံး
www.MyanmarExpress.net
နေပြည်တော် ဒီဇင်ဘာ ၁၇
ထားဝယ်မြို့၌ ရောက်ရှိနေသော
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်
ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ
ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး
ဗိုလ်ချုပ်ခင်မောင်ဌေးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာ (၁၆) ရက်
ညနေပိုင်းတွင် ထားဝယ်မြို့ သမိုင်းဝင် ရှင်မုတ္ထီးဘုရားကြီးနှင့်
လောကမာရဇိန် ဘုရားကြီးတို့အား ဖူးမြော်ကြည်ညိုပြီး အလှူငွေ များ ပေးအပ်
လှူဒါန်းသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်
အဖွဲ့ဝင်များသည် သမိုင်းဝင် ရှင်မုတ္ထီး ဘုရားကြီးသို့ ရောက်ရှိကြရာ
စေတီတော် ဂေါပကအဖွဲ့ဝင်များက ကြိုဆိုကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည်
သမိုင်းဝင် ရှင်မုတ္ထီးဘုရားအား ဖူးမြော် ကြည်ညိုပြီး ပန်း၊ ရေချမ်း၊
ဆွမ်းတို့ဖြင့် ဆက်ကပ် လှူဒါန်း ပူဇော် ကန်တော့ကြသည်၊
ယင်းနောက် နိုင်ငံတော်သမ္မတသည် ဘုရားကြီးအတွက်
အလှူတော်ငွေများကို ပေးအပ် လှူဒါန်းရာ ဂေါပက အဖွဲ့ဝင်များက လက်ခံကြပြီး
ရှင်မုတ္ထီးဘုရားပုံတော်ကို ဓမ္မလက်ဆောင် အဖြစ် ပြန်လည်ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ဘုရားကြီး၏
ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး စေတီတော်အား
လှည့်လည်ဖူးမြော် ကြည်ညိုကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် လောကမာရဇိန် ဘုရားကြီးသို့ ရောက်ရှိကြရာ စေတီတော်ဂေါပက အဖွဲ့ဝင်များက ကြိုဆိုကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည်
လောကမာရဇိန်ဘုရားအား ဖူးမြော် ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆွမ်းတို့ဖြင့်
ဆက်ကပ်လှူဒါန်း ပူဇော် ကန်တော့ကြသည်၊
ယင်းနောက် နိုင်ငံတော်သမ္မတသည် ဘုရားကြီးအတွက်
အလှူတော်ငွေများကို ပေးအပ် လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံကြပြီး
ဂေါပကအဖွဲ့မှ လောကမာရဇိန် ဘုရားကြီး ပုံတော်အား ဓမ္မလက်ဆောင် အဖြစ်
ပြန်လည်ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ဘုရားကြီး၏ ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်