From : pupular
www.MyanmarExpress.net
ဥရောပသမဂ္ဂ၏ ပိတ်ဆို့မှုကို ချိုးဖောက်၍ မြန်မာနိုင်ငံအတွက် လက်နက် ကြားခံဝယ်ယူပေးခြင်း မရှိခဲ့ကြောင်း
မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အိန္ဒိယ ပြည်ပရေးရာဝန်ကြီး ခါရှစ်က ငြင်းဆိုလိုက်ပြီး အိန္ဒိယ တပ်မတော်အတွက်

ဝယ်ယူထားသော ဆွီဒင်လုပ် စစ်လက်နက်များ မြန်မာ့တပ်မတော်တွင် အသုံးပြုနေသည့် ကိစ္စအပေါ်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။
“သေချာတာတစ်ခုကတော့ ကျွန်တော်တို့(မြန်မာတပ့်မတော်အတွက်) လက်နက်ရောင်းဝယ်မှု မလ်ုပခဲ့ဘူး။
ဘယ်လိုတွေ ဖြစ်ပျက်ခဲ့သလဲဆိုတာ ကျွန်တော်တို့ စုံစမ်းအဖြေရှာသွားမယ်”ဟု ၎င်းက ပြောသည်။
KIA တို့ သိမ်းဆည်းရမိခဲ့သော မြန်မာ့တပ်မတော်မှ တင့်ကားဖျက်လက်နက်(Carl Gustaf M3 anti-tank rifle) နှင့်
စစ်လက်နက်ပစ္စည်းများ၏ ဓာတ်ပုံများအား ဆွီဒင်သတင်းစာများက ယခုတစ်ပတ်တွင် ပုံနှိပ်ဖော်ပြခဲ့ကြသည်။
ဓာတ်ပုံတစ်ပုံတွင် လက်နက်၏ နံပါတ်စဉ်ကို ရှင်းရှင်းလင်းလင်း မြင်ရရာ ယင်းလက်နက်များသည် အိန္ဒိယတပ်မတော်မှ
ဝယ်ယူထားသောလက်နက်များဖြစ်ကြောင်း ဆွီဒင် လက်နက်မပြန့်ပွားရေးနှင့် ပို့ကုန်ထိန်းချုပ်ရေးအေဂျင်စီ SANEC က ဆိုသည်။

2 comments:
တစ်ကယ်တမ်းစစ်တပ်ကတိုက်လာတဲ့အခါကြ ကြောက်ဒူးတုန်ပြီးဘယ်တုန်းကဝယ်ထားမှန်းမသိတဲ့ဆွီဒင် ထုတ်လက်နှက်တွေသုံးပြီးတိုက်နေပါတယ်ဆိုပြီးဝါဒဖြန့်ဖို့ကြိုးစားနေတဲ့ သောင်းကြမ်းသူအဖွဲ့ပါ။ဆွီဒင် လက်နှက်ထက်ကောင်းတဲ့ လက်နှက်တွေထုတ်သုံးပြီးချေမှုန်းသင့်ပါပြီ။
kyawkyarmaung
မှန်ပါတယ်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်