Subscribe to our RSS Feed

တစ်ဦးချင်း ကုန်သွယ်ခွင့်ကတ် စတင် အသုံးပြုခွင့်ပေး

From : mrtv4


တမူး၊ မူဆယ်၊ မြ၀တီ အစရှိတဲ့ နေရာတွေမှာ ကုန်သွယ်မှု အတွက် တစ်ဦးချင်း ကုန်သွယ်ခွင့် ကတ်တွေကို ဒီဇင်ဘာ လအစပိုင်းမှ စတင်ကာ အသုံးပြုခွင့်
ပေးနေပြီ ဖြစ်တယ်လို့ နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ တစ်ဦးချင်း ကုန်သွယ်ခွင့် ကတ်ဟာ အသုံးပြုခွင့် သက်တမ်း ၁ နှစ်ရှိပြီး ၁ ရက်ကို ကျပ် ၁၀ သိန်းဖိုးနဲ့ တစ်ပတ်မှာ ၅ ရက် ကုန်သွယ်မှု ဆောင်ရွက် နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် တစ်ပတ် အတွင်း ကျပ်သိန်း ၅၀ ဖိုးကို တစ်ကြိမ်းတည်း ကုန်သွယ်မှု ပြုလုပ်နိုင်မှာလည်း ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် အဆိုပါ တစ်ဦးချင်း ကုန်သွယ်ခွင့် ကတ်ပြုလုပ် လိုသူတွေဟာ မှတ်ပုံတင်၊ သန်းခေါင် စာရင်း၊ ရပ်ကွက် ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာနဲ့ အတူ ငွေကျပ် ငါးသောင်း နိုင်ငံတော် ဘဏ္ဍာ အဖြစ် ပေးသွင်းရမှာ ဖြစ်ပါတယ်။ ဒီလို ကုန်သွယ်ခွင့် ကတ်ပြုလုပ် ပြီးရင်တော့ သက်ဆိုင်ရာ နယ်စပ် ကုန်သွယ်ရေး စခန်းများမှာ ခွင့်ပြု ထားတဲ့ ကုန်ပစ္စည်း တွေကို ကုန်သွယ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

အခုလို တစ်ဦးချင်း ကုန်သွယ် ခွင့်ကတ် ပြုလုပ်ပေး ရာမှာတော့ ကုမ္ပဏီ မထောင်နိုင်တဲ့ ဒေသနေ ပြည်သူများ အတွက် ကုန်သွယ်မှုများ လွယ်ကူအောင် လုပ်ဆောင် နိုင်ဖို့ရည်ရွယ်ပြီး ပြုလုပ် ပေးတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တစ်နိုင်ငံလုံးမှာ နယ်စပ် ကုန်သွယ်ရေး စခန်း ၁၃ ခုရှိပြီး အဆိုပါ ကုန်သွယ်ရေး စခန်းတွေမှာ တရားမ၀င် ကုန်သွယ်မှုတွေ ပပျောက်ဖို့ အတွက် သက်ဆိုင်ရာ တာဝန်ရှိ သူများက အဓိက ဆောင်ရွက် ပေးလျက် ရှိတယ်လို့ သိရပါတယ်။
 www.MyanmarExpress.net
 

2 comments:

[၂ဝ၁၂ ခုနှစ်၊ ၁၂ လပိုင်း၊ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန် နောက်ဆုံးထား တောင်းပန်ခြင်း မရှိပါက နိုင်ငံအဝှမ်း အထွေထွေသပိတ် ဆင်နွဲသွားမည်ဟု မန္တလေးမှ ဦးဆောင် သံဃာတော်တပါး ဖြစ်သည့် ဦးပဉ္စင်း ဦးဥတ္တမသာရ က မိန့်ကြားသည်။
“ပြင်ဆင်ထားတာက ဦးပဉ္စင်းတို့ နေ့လည် ၁ နာရီမှာ စမယ်။ တနိုင်ငံလုံး ၁ နာရီမှာ လုပ်မယ်။ လုပ်တဲ့အခါမှာ ဦးပဉ္စင်းတို့ သံဃာတွေ ရှေ့ကနေ သွားမယ်။ နောက်ကနေ ကျောင်းသားတွေ လိုက်မယ်။ ကျောင်းသားနောက်ကမှ
ပြည်သူတွေ လိုက်မယ်” ဟု စီစဉ်ထားရှိမှုကို မဇ္ဈိမအား မိန့်ဆိုသည်။]

လာပြန်ပြီ...ဘုန်းကြီးကရှေ့ဆုံးက
ပြီးတော့ကျောင်းသား
နောက်ကမှပြည်သူတွေ...တဲ့

သူတို့ထင်နေတာဘုန်းကြီး နဲ့ ကျောင်းသား ကို
ရှေ့ဆုံမှာထားရင် ၊ သက်ဆိုင်ရာက မဖြို ခွင်းရဲဘူးလို့ထင်နေသေးသလား? မသိဘူး

ဘုန်းကြီးတွေမီးလောင်ခံရတာတောင်မမှတ်သေးဘူး
စမ်းကြည့်လိုက်လေ..ကြာသလား လို့
2013 နှစ်သစ်နှစ်ဆန်းရဲ့နေ့ ကိုတောင်မကူးချင်ကြဘူးထင်တယ်
.

is that joking or ??? one day only not even 1.5K USD for trading what shame why need to limit such sort of thing ,

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်