Subscribe to our RSS Feed

အီတလီ ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ရန် စီစဉ်

From : မြဝတီ

အီတလီ ဝန်ကြီးချုပ်ဟောင်း ဆီလ်ဗီယို ဘာလူစကိုနီက ၎င်းသည် ဝန်ကြီးချုပ် ရာထူး အတွက် ပြန်လည် အရွေးခံ မည်ဟု ထုတ်ဖော် ပြောကြား ပြီးနောက် ပိုင်းတွင် အီတလီ ဝန်ကြီးချုပ် မာရီအို မွန်တီက ရာထူးမှ နုတ်ထွက် တော့
မည် ဖြစ်ကြောင်း ၎င်းကိုယ်တိုင် ထုတ်ဖော် ပြောကြား ခဲ့သည်ဟု သိရသည်။
အီတလီ ပါလီမန် ရွေးကောက်ပွဲတွင် မွန်တီကို ထောက်ခံမည့်သူ လျော့နည်း သွားမည်ကို စိုးရိမ် သောကြောင့် ရာထူးမှ နုတ်ထွက်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သမ္မတရုံးက ဒီဇင်ဘာ ၈ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာ တစ်စောင် အရ သိရသည်။

ထိုကဲ့သို့ ရာထူးမှ နုတ်ထွက် တော့မည်ဟု ကြေညာချက်များ မထုတ်ပြန်မီ မွန်တီသည် ကွီရီနယ်လ် နန်းတော်တွင် နပိုလီတာနှင့် တစ်နာရီကြာ တွေ့ဆုံ ဆွေးနွေး ပွဲပြုလုပ် ခဲ့သည်ဟု သိရသည်။ ထို့အပြင် ဘာလူ စကိုနီ၏ လက်ယာယိမ်း ပြည်သူ့ လွတ်မြောက်ရေး ပါတီမှ အိန်ဂျယ်လီ နိုအယ်လ်ဖာနို အပါအဝင် ပါလီမန် လွှတ်တော်မှ နိုင်ငံရေး ခေါင်းဆောင် များနှင့်လည်း မွန်တီက ဆွေးနွေး ပွဲများ ပြုလုပ် ခဲ့သည်ဟု သိရသည်။

ဘာလူစ ကိုနီသည် ဝန်ကြီးချုပ် ရာထူးကို ၁၉၉၄ ခုနှစ်မှ ၁၉၉၅ ခုနှစ် အထိ တစ်ကြိမ် ၂ဝဝ၁ မှ ၂ဝဝ၆ အထိ တစ်ကြိမ်နှင့် ၂ဝဝ၈ မှ ၂ဝ၁၁ အထိ သုံးကြိမ် တိုင်တိုင် တာဝန် ထမ်းဆောင် ခဲ့ပြီး နိုင်ငံ၏ စီးပွားရေး ဆိုင်ရာ စီမံခန့် ခွဲမှုတွင် မှားယွင်းစွာ ကိုင်တွယ် ဖြေရှင်းမှု များကြောင့် ဖိအားပေး မှုများနှင့် ရင်ဆိုင် ခဲ့ရပြီးနောက် ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလတွင် ရာထူးမှ နုတ်ထွက်သွား ခဲ့ကြောင်း သိရသည်။

ထိုအချိန်မှ စ၍ မွန်တီကို ၎င်း၏ နေရာတွင် အစားထိုး ခန့်အပ် ခဲ့ကြောင်း သိရသည်။


  www.MyanmarExpress.net
 

1 comments:

[၂ဝ၁၂ ခုနှစ်၊ ၁၂ လပိုင်း၊ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန် နောက်ဆုံးထား တောင်းပန်ခြင်း မရှိပါက နိုင်ငံအဝှမ်း အထွေထွေသပိတ် ဆင်နွဲသွားမည်ဟု မန္တလေးမှ ဦးဆောင် သံဃာတော်တပါး ဖြစ်သည့် ဦးပဉ္စင်း ဦးဥတ္တမသာရ က မိန့်ကြားသည်။
“ပြင်ဆင်ထားတာက ဦးပဉ္စင်းတို့ နေ့လည် ၁ နာရီမှာ စမယ်။ တနိုင်ငံလုံး ၁ နာရီမှာ လုပ်မယ်။ လုပ်တဲ့အခါမှာ ဦးပဉ္စင်းတို့ သံဃာတွေ ရှေ့ကနေ သွားမယ်။ နောက်ကနေ ကျောင်းသားတွေ လိုက်မယ်။ ကျောင်းသားနောက်ကမှ
ပြည်သူတွေ လိုက်မယ်” ဟု စီစဉ်ထားရှိမှုကို မဇ္ဈိမအား မိန့်ဆိုသည်။]

လာပြန်ပြီ...ဘုန်းကြီးကရှေ့ဆုံးက
ပြီးတော့ကျောင်းသား
နောက်ကမှပြည်သူတွေ...တဲ့

သူတို့ထင်နေတာဘုန်းကြီး နဲ့ ကျောင်းသား ကို
ရှေ့ဆုံမှာထားရင် ၊ သက်ဆိုင်ရာက မဖြို ခွင်းရဲဘူးလို့ထင်နေသေးသလား? မသိဘူး

ဘုန်းကြီးတွေမီးလောင်ခံရတာတောင်မမှတ်သေးဘူး
စမ်းကြည့်လိုက်လေ..ကြာသလား လို့
2013 နှစ်သစ်နှစ်ဆန်းရဲ့နေ့ ကိုတောင်မကူးချင်ကြဘူးထင်တယ်
.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်