From :
န်မြို့ ရွှေလီလမ်းရှိ Myanmar Peace Center ၌ ဒီဇင်ဘာလ ၇ ရက်မှ ၉ ရက်အထိ နိုင်ငံတကာအကဲခတ်လေ့လာသူပုဂ္ဂိုလ်များ
ရှေ့မှောက်၌ ပြုလုပ်ပြီး ချင်းအမျိုးသားတပ်ဦးဘက်မှ အဆိုပြုသည့် အချက် ၃၁
ချက်အနက်မှ ၂၇ ချက်ကို သဘောတူညီမှု ရရှိခဲ့ကာ ၄ ချက်ကို မှတ်တမ်းတင်၍
ဆက်လက်ဆွေးနွေးရန် သဘောတူညီခဲ့ကြသည်။
နိုင်ငံတော်သမ္မတ၏လမ်းညွှန်ချက်ဖြ စ်သည့် အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရေး၊ တိုင်းရင်းသားလူမျိုးအားလုံးပါဝ င်သော ညီလာခံကြီးတစ်ရပ် ကျင်းပရေး ဆိုသည့် အချက်သုံးချက်အပေါ်၌ အခြေခံ၍ အဓိက ဆွေးနွေးခဲ့ကြသည်။
ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ် ငန်းကော်မတီနှင့်
ချင်းအမျိုးသားတပ်ဦးတို့သည် ပြည်ထောင်စုစစ်စစ် တည်ဆောက်ရေးကို
အန္တိမရည်မှန်းချက်အဖြစ် ထားရှိ၍ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား
စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အပြင်
ဒီမိုကရေစီထွန်းကားရေး၊ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့
အာမခံချက်ပေးနိုင်သည့် အချက်များကို အခြေခံမူများ အဖြစ်
ထပ်လောင်းအတည်ပြုကြသည်။
ဒီဇင်ဘာလ ၉ ရက်တွင် အပြီးသတ်လက်မှတ်ရေးထိုးခဲ့သည့် အချက် ၂၇ ချက်တွင် ချင်းအမျိုးသားရေးဆိုင်ရာ သဘောတူညီချက်များအဖြစ် ချင်းအမျိုးသားနေ့ သတ်မှတ်ရေး၊ ချင်းပြည်နယ်နေ့သတ်မှတ်ရေးတို့ကို ဆက်လက်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။
ထို့ပြင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စစ်ရေးဆိုင်ရာကိစ္စများနှင့် ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုကိစ္စရပ်များနှင့်
လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များတွင် ပြည်ထောင်စုအစိုးရ၊
ပြည်နယ်အစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို့ ပူးပေါင်းဆောင်ရွက်ကြရန် လည်း
သဘောတူညီခဲ့ကြသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရာတွင် ကချင် ပြည်နယ်ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု အစိုးရအနေဖြင့် ကချင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး များရရှိရန် အလေးအနက်ထားရှိကြောင်း၊ ချင်းအမျိုးသားတပ်ဦး အထွေထွေ အတွင်းရေးမှူးချုပ် Pu Zing Cung က သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောဆိုခဲ့သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ေ ဆာင်ရေးလုပ်ငန်းကော်မတီနှင့်
ချင်းအမျိုးသားတပ်ဦးတို့၏ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲသို့
နိုင်ငံရေးပါတီများ၊ ပညာရှင်များနှင့် နိုင်ငံတကာမှ လေ့လာသူများလည်း
တက်ရောက်လေ့လာခဲ့ကြပြီး သဘောတူလက်မှတ် ရေးထိုးခြင်းနှင့်
သတင်းစာရှင်းလင်းပွဲများသည် ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၁ နာရီတွင်
အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)
www.MyanmarExpress.netနိုင်ငံတော်သမ္မတ၏လမ်းညွှန်ချက်ဖြ
ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်
ဒီဇင်ဘာလ ၉ ရက်တွင် အပြီးသတ်လက်မှတ်ရေးထိုးခဲ့သည့် အချက် ၂၇ ချက်တွင် ချင်းအမျိုးသားရေးဆိုင်ရာ သဘောတူညီချက်များအဖြစ် ချင်းအမျိုးသားနေ့ သတ်မှတ်ရေး၊ ချင်းပြည်နယ်နေ့သတ်မှတ်ရေးတို့က
ထို့ပြင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စစ်ရေးဆိုင်ရာကိစ္စများနှင့် ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုကိစ္စရပ်များန
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရာတွင် ကချင် ပြည်နယ်ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု အစိုးရအနေဖြင့် ကချင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး များရရှိရန် အလေးအနက်ထားရှိကြောင်း၊ ချင်းအမျိုးသားတပ်ဦး အထွေထွေ အတွင်းရေးမှူးချုပ် Pu Zing Cung က သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောဆိုခဲ့သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ေ

+(12).jpg)

1 comments:
[၂ဝ၁၂ ခုနှစ်၊ ၁၂ လပိုင်း၊ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန် နောက်ဆုံးထား တောင်းပန်ခြင်း မရှိပါက နိုင်ငံအဝှမ်း အထွေထွေသပိတ် ဆင်နွဲသွားမည်ဟု မန္တလေးမှ ဦးဆောင် သံဃာတော်တပါး ဖြစ်သည့် ဦးပဉ္စင်း ဦးဥတ္တမသာရ က မိန့်ကြားသည်။
“ပြင်ဆင်ထားတာက ဦးပဉ္စင်းတို့ နေ့လည် ၁ နာရီမှာ စမယ်။ တနိုင်ငံလုံး ၁ နာရီမှာ လုပ်မယ်။ လုပ်တဲ့အခါမှာ ဦးပဉ္စင်းတို့ သံဃာတွေ ရှေ့ကနေ သွားမယ်။ နောက်ကနေ ကျောင်းသားတွေ လိုက်မယ်။ ကျောင်းသားနောက်ကမှ
ပြည်သူတွေ လိုက်မယ်” ဟု စီစဉ်ထားရှိမှုကို မဇ္ဈိမအား မိန့်ဆိုသည်။]
လာပြန်ပြီ...ဘုန်းကြီးကရှေ့ဆုံးက
ပြီးတော့ကျောင်းသား
နောက်ကမှပြည်သူတွေ...တဲ့
သူတို့ထင်နေတာဘုန်းကြီး နဲ့ ကျောင်းသား ကို
ရှေ့ဆုံမှာထားရင် ၊ သက်ဆိုင်ရာက မဖြို ခွင်းရဲဘူးလို့ထင်နေသေးသလား? မသိဘူး
ဘုန်းကြီးတွေမီးလောင်ခံရတာတောင်မမှတ်သေးဘူး
စမ်းကြည့်လိုက်လေ..ကြာသလား လို့
2013 နှစ်သစ်နှစ်ဆန်းရဲ့နေ့ ကိုတောင်မကူးချင်ကြဘူးထင်တယ်
.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်