Subscribe to our RSS Feed

ရခိုင်ပြည်နယ် အတွင်း တပ်မတော် နယ်လှည့် အထူးကု ဆေးကုသရေး အဖွဲ့များက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက် လျက်ရှိ

From :မြဝတီ


ရခိုင်ပြည်နယ် အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော် နယ်လှည့် အထူးကု ဆေးကုသရေး အဖွဲ့များက လိုအပ်သည့် ကျန်းမာေ
ရး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိရာ တပ်မတော် နယ်လှည့် အထူးကု ဆေးကုသရေး အဖွဲ့(၁)သည် ဒီဇင်ဘာ ၆ ရက်မှ ၉ ရက်အထိ ရမ်းဗြဲမြို့နယ် ကညင်ပြင် ကျေးရွာနှင့် ငလာကြီး ကျေးရွာတို့မှ ဒေသခံပြည်သူ ၂၅၅ ဦးတို့အား လည်းကောင်း၊ တပ်မတော် နယ်လှည့် အထူးကု ဆေးကုသရေး အဖွဲ့ (၅)သည် ဒီဇင်ဘာ ၇ ရက်က မာန်အောင်မြို့နယ် ငပုကုန်း ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူ ၁၇၈ ဦးတို့အား လည်းကောင်း လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့အတူ ဆေးကုသရေး အဖွဲ့(၄)သည် ဒီဇင်ဘာ ၇ ရက်က မောင်တော မြို့နယ် အောင်ချမ်းသာ ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၁၉၃ ဦးတို့အား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ပြီး ဒီဇင်ဘာ ၈ ရက်က ဝေလာတောင် ကျေးရွာနှင့် တမန်းသား ကျေးရွာများသို့ ခြေကျင် သွားရောက်၍ ဒေသခံ ပြည်သူ ၂၈၄ ဦးတို့အား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့သည်။

အလားတူ ဆေးကုသရေး အဖွဲ့(၃)သည် ဒီဇင်ဘာ ၉ ရက်က မြောက်ဦး မြို့နယ် မြင်ဂါ ကျေးရွာမှ ဒေသခံ ပြည်သူ ၂ဝ၇ဦးတို့အား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြသည်။

စစ်တွေမြို့တွင် အခြေပြုလျက် ရှိသော ဆေးကုသရေး အဖွဲ့သည် ဒီဇင်ဘာ ၁ဝ ရက်တွင် အောင်မင်္ဂလာ ရပ်ကွက် ကယ်ဆယ်ရေး စခန်းမှ ဒေသခံ ပြည်သူ ၇၅၆ ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက် ပေးခဲ့သည့် အပြင် ကယ်ဆယ်ရေး စခန်းအတွင်း ခြင်ဆေး ဖျန်းပေးခြင်းများ ဆောင်ရွက် ပေးခဲ့သည်။

ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသော တပ်မတော် နယ်လှည့် အထူးကု ဆေးကုသရေး အဖွဲ့ (၇)ဖွဲ့နှင့် အခြေပြု ဆေးကုသရေး အဖွဲ့(၁)ဖွဲ့တို့သည် သက်ဆိုင်ရာ ဒေသများ အလိုက် ဒီဇင်ဘာ ၄ ရက်မှစ၍ ဆေးကုသရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၉ ရက် အထိ ဒေသခံ ပြည်သူ ၆၆၆၅ ဦးတို့အား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ပြီး ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သော ဒေသခံ ပြည်သူ ၃၉ ဦးကိုလည်း စစ်တွေမြို့ တပ်မတော် ဆေးရုံသို့ ပို့ဆောင် ဆေးဝါး ကုသပေး လျက်ရှိသည့် အပြင် ဒေသအလိုက် ကျန်းမာရေး ပညာပေး သရုပ်ပြခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက် ခဲ့ကြကြောင်း သတင်း ရရှိသည်။

  www.MyanmarExpress.net
 

1 comments:

[၂ဝ၁၂ ခုနှစ်၊ ၁၂ လပိုင်း၊ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန် နောက်ဆုံးထား တောင်းပန်ခြင်း မရှိပါက နိုင်ငံအဝှမ်း အထွေထွေသပိတ် ဆင်နွဲသွားမည်ဟု မန္တလေးမှ ဦးဆောင် သံဃာတော်တပါး ဖြစ်သည့် ဦးပဉ္စင်း ဦးဥတ္တမသာရ က မိန့်ကြားသည်။
“ပြင်ဆင်ထားတာက ဦးပဉ္စင်းတို့ နေ့လည် ၁ နာရီမှာ စမယ်။ တနိုင်ငံလုံး ၁ နာရီမှာ လုပ်မယ်။ လုပ်တဲ့အခါမှာ ဦးပဉ္စင်းတို့ သံဃာတွေ ရှေ့ကနေ သွားမယ်။ နောက်ကနေ ကျောင်းသားတွေ လိုက်မယ်။ ကျောင်းသားနောက်ကမှ
ပြည်သူတွေ လိုက်မယ်” ဟု စီစဉ်ထားရှိမှုကို မဇ္ဈိမအား မိန့်ဆိုသည်။]

လာပြန်ပြီ...ဘုန်းကြီးကရှေ့ဆုံးက
ပြီးတော့ကျောင်းသား
နောက်ကမှပြည်သူတွေ...တဲ့

သူတို့ထင်နေတာဘုန်းကြီး နဲ့ ကျောင်းသား ကို
ရှေ့ဆုံမှာထားရင် ၊ သက်ဆိုင်ရာက မဖြို ခွင်းရဲဘူးလို့ထင်နေသေးသလား? မသိဘူး

ဘုန်းကြီးတွေမီးလောင်ခံရတာတောင်မမှတ်သေးဘူး
စမ်းကြည့်လိုက်လေ..ကြာသလား လို့
2013 နှစ်သစ်နှစ်ဆန်းရဲ့နေ့ ကိုတောင်မကူးချင်ကြဘူးထင်တယ်
.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်