Subscribe to our RSS Feed

ကမ္ဘာပျက်ကိန်းကောလဟလကြောင့် မီချီဂန်ပြည်နယ်တွင် ကျောင်းများ ရက်ကြိုပိတ်

From : planet

ရှေးခေတ် မာယာလူမျိုးတို့၏ ပြက္ခဒိန်အရ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်သည် ကမ္ဘာကြီးပျက်စီးသွားမည်ဟူသော ကောလဟလများမှာ ပြည်နယ်တွင်းရှိ ခရိုင်အများအပြားတွင် ပြန့်နှံ့နေကြောင်းသည်ဟုဆိုသည်။
 
 
ကမ္ဘာပျက်ကိန်းကောလဟလကြောင့် မီချီဂန်ပြည်နယ်တွင် ကျောင်းများ ရက်ကြိုပိတ်
ကမ္ဘာပျက်မည့်နေ့ ကောလဟလများကြောင့် အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ်ရှိ ကျောင်း ၃၃ ကျောင်းကို ပြည်နယ်အစိုးရ တာဝန်ရှိသူများက ပုံမှန်ကျောင်းပိတ်အားလပ်ရက်များထက် ၂ ရက်စော၍ ပိတ်လိုက်ကြောင်း NBC News တွင် ဖော်ပြသည်။ ရှေးခေတ် မာယာလူမျိုးတို့၏ ပြက္ခဒိန်အရ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်သည် ကမ္ဘာကြီးပျက်စီးသွားမည်ဟူသော ကောလဟလများမှာ အဆိုပါ ပြည်နယ်တွင်းရှိ ခရိုင်အများအပြားတွင် ပြန့်နှံ့နေသည်ဟုဆိုသည်။

ထို့အပြင် မကြာသေးမီက နယူးတောင်း မူလတန်ကျောင်း ပစ်ခတ်မှုအတွင်း ကလေးငယ် ၂၀ ဦးအထိ သေဆုံးခဲ့ရသည့် ဖြစ်ရပ်ကြောင့်လည်း ကမ္ဘာပျက်ကိန်းအပေါ် မိဘနှင့် ကျောင်သူကျောင်းသားများ အနေဖြင့် ပိုမို စိုးရိမ်ကြောက်ရွံ့နေခြင်းဖြစ်ကြောင်း မီချီဂန်ပြည်နယ် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
  www.MyanmarExpress.net
 

2 comments:

မာယာလူမျိုးပြက္ခဒိန်ရေးဆွဲသူဟာ၂၁ဒီဇင်ဘာလမှာရေး ဆွဲရင်းကွယ်လွန်သွားတယ်ထင်တယ်။

ကမ္ဘာပျက်သွားလည်းကောင်းတာပဲကွာလူတွေကဒီလောက်တောင်အကျင့်ပျက်မိုက်ရိုင်းနေကြတဲ့ခေတ်ဆိုးကြီးမှာ
ကပ်ဆေးသင့်နေပါပြီ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်