Subscribe to our RSS Feed

တရုတ် ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း ကျေးဇူးကြောင့် အလုပ်လက်မဲ့ ဒေသခံများ အလုပ်ရသဖြင့် ဝမ်းမြောက်လျှက်ရှိ

From :Myit Makha

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်သို့ တရုတ်-မြန်မာ ဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်းဖြတ်သွားသော ကျေးရွာများ မှ ဒေသခံအမျိုးသားများမှာ အလုပ်အလုပ်အကိုင်အခွင့်အလမ်း ရရှိမှုများလာကြောင်းဒေသခံများထံက သိရသည်။

ဒေသခံအလုပ်သမားများအနေဖြင့် တစ်နေ့လျှင် ငါးထောင်ကျပ်
ရရှိကြပြီး မနက် ၈း၀၀ နာရီခန့်မှ ညနေ ၄း၀၀ ၀န်းကျင်အထိ ပိုက်လိုင်းများအကြား ကေဘယ်ကြိုးသွယ်တန်းခြင်းလုပ်ငန်းလုပ်ဆောင်
နေရကြောင်း လုပ်သားများထံက သိရသည်။

ထိုအလုပ်မှာ နေ့စဉ်ရက်ဆက် လုပ်ကိုင်ရခြင်းမရှိသော်လည်း အလုပ်သမားများအတွက် တစ်ရက် ငါးထောင်ကျပ်ရရှိမှုမှာ ၎င်းတို့အတွက် အဆင်ပြေသည်ဟု သိရသည်။

“ဓါတ်ငွေ့ပိုက်လိုင်းမှာ ဆင်းရင် ငါးထောင်ရတယ်၊ ခြံတွေမှာ အလုပ်ကြမ်းလုပ်ရင် တစ်နေ့-၃၀၀၀ ဆိုတော့ သူတို့ဆီက နေ့တိုင်း မခေါ်လည်း ခြံထဲမှာ ဆင်းရတာနဲ့ အတူတူလောက်ကျတယ်”ဟု ပိုက်လိုင်း သွယ်တန်းမှုစီမံကိန်းတွင် အလုပ်လုပ်ကိုင်နေသူ ကိုကမ်ချားကပြောသည်။

အောက်မြန်မာပြည်ရှိ ကျေးလက်ဒေသအများစုမှ အမျိုးသမီး၊အမျိုးသား
အယောက်(၅၀) ခန့်ကိုပြင်ဦးလွင်မြို့သို့ခေါ်ယူကာ မိုးတွင်းအချိန် လမ်းပေါ်မြေပြိုကျမှုမရှိစေရန် ဓါတ်ငွေ့ပိုက်လိုင်းဖုံးထားသောမြေများအားကျောက်စီခြင်းများ ပြုလုပ်လျှက် ရှိကြောင်းသိရသည်။

အဆိုပါ လုပ်သားများ၌ အမျိုးသားလုပ်သားတစ်ဦးလျှင် ကျပ်သုံးထောင်ကျပ်
ရရှိကြပြီး၊ မနက် ၈း၀၀ နာရီမှ ညနေ၅း၀၀ နာရီထိသာ အလုပ်ဆင်းရကာ အမျိုးသမီးများမှာ ၂၅၀၀ ကျပ် ရရှိကြကြောင်းသိရသည်။

“နေတာကတော့ ဒီဓါတ်ငွေ့ပိုက်လိုင်း နားလေးမှာပဲနေတယ်ဗျ၊ နဲနဲဝေး
သွားရင်နေရာထပ်ပြောင်းတယ်၊ ဒီ တဲမှာ အားလုံးပေါင်းအလုပ်သမား
ငါးဆယ်လောက်ရှိတယ်” ဟု ကျောက်စီလုပ်သားတစ်ဦးက ပြောသည်။

ထိုဒေသရှိ အမျိုးသားအလုပ်သမားများသည် စိုက်ပျိုးရေးခြံများ
တွင်လုပ်လျှင် တစ်ရက်လုပ်ခနှုန်း သုံးထောင်မှ သုံးထောင်ငါးရာကျပ်နှုန်း
အထိရရှိကြပြီး မနက် ၈း၀၀ နာရီမှ ညနေ ၄း၀၀ ထိ အလုပ်လုပ် ရသည်။

ယခုပွင့်လင်းရာသီအချိန်တွင် ပြင်ဦးလွင်မြို့၌ အနယ်နယ်အရပ်ရပ်မှ စီးပွားရေးလုပ်ငန်းရှင်များဝယ်ယူထားသော ခြံကွက်များပြုပြင်မှု တို့ကြောင့် အမျိုးသားများသာမက အမျိုးသမီးများပါ အလုပ်အကိုင် အခွင့်အလမ်းပေါများနေကြောင်း ဒေသခံတို့က ဆိုသည်။


Myit Makha Mediagroup

www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်