Subscribe to our RSS Feed

အလောင်းမပါတဲ့ ဈာပန…

From :Opposite Eye


သူငယ်ချင်း…
ဆိုးအတူကောင်းဖက် ကျောင်းအတူတက်ခဲ့ရာကနေ…
စစ်မြေမှာ တိုက်ပွဲကျတဲ့ မင်းသတင်းရရချင်း ငါအပြေးလာခဲ့ပါတယ်..
ငယ်တုန်းက ကျောင်းအတူ တက်ခဲ့တာတွေ..
ဆယ်တန်းအောင်စာရင်းထွက်လို့ ပျော်မဆုံးဖြစ်ခဲ့ကြတာတွေ..
စစ်သားတစ်ယောက်လုပ်တော့မယ်လို့ မင်းပြောခဲ့တာတွေ…
ငါတို့အတူ တက္ကသိုလ် တက်မယ်ကွာ၊ မင်း တစ်ခြားလုပ်ချင်ရင် အဝေးသင်တက်ပြီး ဘွဲ့ယူပေါ့..
ငါတို့တွေလည်း မခွဲရ၊ မင်းအိမ်ကလည်း စိတ်ပူစရာ မလိုဘူးပေါ့ဆိုတဲ့ ငါ့စကားနားမထောင်တဲ့ မင်းကို..
ဒေါသထွက်ခဲ့ရတာလည်း ငါပြန်အမှတ်ရနေတယ်။

ဗိုလ်လောင်းသင်တန်းပြီးတော့ စစ်မြေပြင်မှာ တာဝန်ကျတယ် ဆိုပြီး..
နောက်ဆုံးတစ်ခေါက် တွေ့ခဲ့စဉ်တုန်းက မင်းပြောခဲ့စဉ်မှာ ငါမင်းအတွက် တကယ်ကို စိုးရိမ်စိတ်ဖြစ်ခဲ့ရတယ်။
မင်းကတော့ ရယ်ရယ်မောမောနဲ့ သတ်ချင်ဖြတ်ချင်ရင် သားသတ်သမား လုပ်မှာပေါ့။
ပစ်ချင်ခတ်ချင်ရင် သေနတ်ပစ် အသင်း ၀င်မှာပေါ့။..
ရာထူးတွေ၊ ပိုက်ဆံတွေလိုချင်ရင် ကုပ္မဏီ ထောင်မှာပေါ့…
စစ်သားဖြစ်ချင်လို့ စစ်ထဲဝင်ပြီးတဲ့နောက် ဘာကို မှုရအုံးမှာလဲကွာဆိုပြီး ပြောခဲ့သေးတယ်။

မင်းအိမ်ကို သတင်းသွားမေးတော့ သားရှေ့တန်းရောက်နေတယ်၊ ၄ လ ကျော်သွားပြီတဲ့။
တောင်တွေ၊ကုန်းတွေကြားမှာ ကျောပိုးအိတ် ၁ လုံးစာ ရိက္ခာနဲ့ မင်းဘယ်လို စားသောက်ခဲ့လဲ သူငယ်ချင်း။
လစာ သိန်းကျော်နဲ့ ငှက်ပျောပင်ပြုတ်စားရတဲ့ စစ်သားဘ၀ကို မင်းဘာလို့ သံယောဇဉ် တွယ်ရသလဲ..
မိုက်လိုက်တာကွာ ဆိုတဲ့စကားကို ဒီအချိန်မှာ ငါမပြောထွက်တော့ပါဘူး သူငယ်ချင်း…
စစ်ပွဲရပ် ဆိုတဲ့ ကာလအတွင်း ကချင်စစ်ပွဲမှာ ဖမ်းမိတဲ့ စစ်သားများဆိုပြီး အင်တာနက်မှာ တင်ကြ..
မင်းအိမ်ကို ငါယူလာပြတော့ မင်းအမေ မျက်ရည်ကျခဲ့တာများ ငါမင်းကို မြင်စေချင်သေးတယ်..
တစ်နေ့တစ်နေ့ မင်းတပ်ရဲ့ သတင်းမကြားရပါစေနဲ့လို့လည်း ငါဆုတောင်းနေခဲ့ရတယ်ကွ။

မင်းနဲ့ ပြောခဲ့တဲ့စကားတွေ၊ ငါတို့ အတူ ပျော်ရွှင်ခဲ့၊ ငြင်းခုန်ခဲ့တာတွေ စဉ်းစားရင်း…
မင်း ရှိတဲ့နေရာရောက် ငါတွေ့လိုက်ရတာက အလောင်းမပါတဲ့ မင်းဈာပန ဆိုတော့…
ငါမျက်ရည်ကျ မိတာ မင်း အပြစ်တော့ မတင်နဲ့ကွာ.
လေးစားဂုဏ်ယူပါတယ်ဆိုတဲ့ စကားတစ်ခွန်းထက် ပိုပြီး ပြောပြချင်တာမို့..
ငါ့မျက်ရည်တွေ အရင်သုတ်ပါရစေအုံး သူငယ်ချင်း…
 


www.MyanmarExpress.net
 

28 comments:

ထပ်တူ စိတ်မကောင်း ဖြစ်၇ပါတယ်


.....

အဲဒီကျဆုးံ ရဲဘော်တွေ/အရာရှိတွေအတွက် နိုင်ငံတော်က
ဘာတွေပံပိုးပေးပါသလဲ ..ဘာတွေခံစားခွင့်ရရှိပါသလဲ ..
သိချင်တာလေးတွေကိုဖြေပေးပါ

ဦးပိုင် ကပိုင်ဆိုင်တာတွေအများကြီးပါ
အရင်းအနှီးအမြတ်အစွန်းတွေအများကြီးပါ
စစ်မှုထမ်းဟောင်းတွေ/စစ်မှူထမ်းကိုယ့်အင်္ဂါစွန့် လွှတ်ခဲ့ရသူတွေ
စစ်မှုထမ်းအသက်စွန့် ခဲ့ရသူတွေအတွက် .. ရံပုံငွေလေးနဲနဲ
လောက်စုပေးပြီး ဖေါင်ဒေးရှင်းလေး ဘာလေး/ညာလေးများစီစဉ်ထားတာရှိပါသလား ..ကျွန်တော်တို့ အလှူငွေထည့်ချင့်လို့ ပါ

ကျွန်တော်အမြင်ပြောပြပါရစေ
၁. တပ်မတော်သား
၂. နိုင်ငံရေးကျောင်းသား
၃. ဘုရားသား ( ဘုန်းကြီး)
တိုင်းပြည်လူမျိုးအတွက်အနစ်နာအခံရဆုးံ/မျော်လင့်ချက်အမဲ့ဆုးံ
လူမုန်းအများဆုးံက တပ်မတော်သားပါ
ဘာလို့ လဲဆိုတော့ ..တပ်မတော်အရာရှိကြီးကြီးပိုင်းတွေတော့မပြောလိုပါဘူး
အလယ်အလတ်နဲ့ အငယ်တန်းတပ်မတော်သားတွေမှာ ဘာခံစားခွင့်မှကြီးကြီးမားမားမရှိပါဘူး
လုပ်ရတဲ့အလုပ်ကလဲ အသက်နဲ့ ရင်းထားရတာပါ...ဒါကတပ်မတော်သားပါ
နိုင်ငံရေးကျောင်သား .. ထောင်ကလွတ်လိုက်ကတည်းက နေရာအနှံတိုင်းပြည်အနှံလျောက်သွား ..လှူဒါန်းငွေတွေနဲ့ စား..ဘာလေးရေးလိုက်လဲ စာအုပ်ထုတ်/ရုပ်ရှင်ရိုက်ပိုက်ဆံရနဲ့ ချမ်းသာနေတာ
အပြင်မှာ နှစ် ၁၀၀ လောက်ရှာတဲ့သူတောင် သူလောက်ဘုန်းမကြီးဘူး မချမ်းသာဘူး လူရိုသေရှင်ရိုသေမဖြစ်ဘူး
သူတို့ တွေမှာ ထောင်ကထွက်ကတည်းက
လက်ညှိးညွန့် ရာရေဖြစ်နေတာ.. ဒါကကျောင်းသားပါ
ဘုန်းကြီးတွေ .ဟိုယောင်ဒီယောင်နဲ့  ပါလေရာငါးပိချက်
သူများလှူဒါန်းတာတွေအလကားစားပြီး ၀ီနည်းနဲ့ အညီမနေတတ်ကျဘူး
ဟိုစပ်စပ် ဒီစပ်စပ်နဲ့  မဒိန်းမှုလဲဝင်ပါတာဘဲ ..
အဆော်ကားခံရတဲ့အမှုလဲဝင်ပြီး လျာရှည်လိုက်တာဘဲ
တော်ကြာကျေနပ်ရင် လမ်းပေါ်တက်လမ်းလျောက်တယ်
မကျေနပ်ရင်လဲ လမ်းပေါ်ထွက်လမ်းလျောက်တယ် ..ဆောက်လုပ်မှမရှိတာ
ကြေးနီစီမံကိန်းပြသာဖြစ်တော့ မန်းတလေးကဦးဇင်းတပါး ..အော်လိုက်တာ ခိုင်ထူး ကျနေတာဘဲ ..မကျေနပ်ဘူး ..လုးံဝမကျေနပ်ဘူး ဆိုဘဲ .. သူကအဲလိုဘဲ သီချင်းလေးတွေနဲ့ ပြောနေကျ
အခုကျတော့ပြောင်းသွားပြီ ..နိုင်ငံရေးသမားတွေကဘုန်းကြီးတွေကို လုပ်စားသွားတာတဲ့  .. ကိုကြီးကျော်နဲ့ မနှဲလေးပါဘဲ ..အတူတူဘဲ
လူတွေကလှူတာစား ဇိန်နဲ့ နေပြီး လှူတဲ့သူတွေရဲ့ ရိုသေမှူကိုခုတုန်းလုပ်ပြီး
လူတွက်ကျယ်လုပ်စားနေတဲ့  ဘုရားသားမပီသတဲ ..ဆောက်ဘုန်းကြီးတွေ
.. ယှဉ်ကြည့်ပါ ..နိုင်းယှဉ်ပါ ..
ဘယ်သူကပိုပင်ပမ်းလဲ ..ဘယ်သူလူမုန်းများလဲ ..

အခြေအနေအကြောင်းကြောင်းကြောင့် အရပ်ဘက်မှာတာ။ဝန်ထမ်းဆောင်နေရပေမဲ့ ရဲဘော်ရဲဘက်ဖြစ်တဲ့ ညီလေးကို စစ်မြေပြင်မှာတိုင်းပြည်အတွက် အသက်စွန့်ခဲ့တဲ့ အတွက် ရမ်းဂုဏ်ယူပါတယ် ကျန်ခဲ့တဲ့မိသားစုနဲ့အတူထပ်တူ ဝမ်းနဲလျှက်ပါ ရောက်လေရာဘဝမှာ ဘာသာအကျိုး သာသနာအကျိုး နိုင်ငံအကျိုးကို တည်ပိုးနိုင်သောသူဖြစ်ပါစေ ညီလေး

အခုနောက်ဆုးံပေါ့ ..တခုတော့ပြောချင်တယ်
ဘုန်းကြီးတွေ ...ပါလေရာငါးပိချက်ဘုန်းကြီးတွေကိုပြောချင်တာပါ
တကယ်နိုင်ငံရေးလုပ်ပြီး ..ပြည်သူတွေကို ကာကွယ်မယ် ဘာညာ စကားကြီးကျယ်တွေပြောနေတဲ့ ဆောက်ဘုန်းကြီးတွေ ..
နိုင်ငံရေးလုပ်ချင်ရင် အနေအစားချောင်တဲ့ သင်္ဃန်းဝတ်ကိုချွတ်လိုက်ပါ
ရဲရဲဝန့် ဝန့်  မှားရင်ခံမယ် / မှန်ရင်စံမယ်ဆိုတဲ့ သတ်တိနဲ့ 
လူဝတ်လဲပြီးလုပ်ပါ ..အဖမ်းခံရင်လဲ ဖမ်းပေါ့ ။။
ဖမ်းတဲ့လူမဖမ်းဝံ့အောင် ..သင်္ဃန်းအရေခြုံမနေပါနဲ့ ဘာမှမဖြစ်သေးခင်မှာလဲအနေအစားချောင်အောင် ဘုရားသားအရောင်ဆောင်မနေကျပါနဲ့  ..
ဘုန်းကြီးနဲ့ နိုင်ငံရေး ဘာဆိုဘာမှ မပတ်သက်ပါ ..လူတွေကိုကယ်တင်ချင်
ဘုန်းကြီးအလုပ်က ဘုရားလမ်းစဉ်အတိုင်းတရားကျင့်ပါ ..ရတဲ့အတွေ့ အကြုံတွေနဲ့ လူသားတွေကိုတရားပြပြီးကယ်တင်ပါ..ဒါမှဘုရားသားတော်ပီသမှာပေါ့ ..
မြန်မာပြည်က သံဃာံနာယကဆရာတော်ဘုရားတွေအနေနဲ့ လဲ ပါလေရာငါးပိချက် ဟိုယောင်ဒီဟောင် သံဃာံအရေခြုံ လူဗလံတွေကို
သံဃာံအဖြစ်မှ ကျင်ပြစ်သင့်ပါတယ်.. ရာသက်ပန်ကျင်ပစ်ရမှာပါ
ဒါမှနောက်နောင် ဘုရားသားတော်ဘုန်းကြီးတွေ ငါးပါးသီလ/ရှစ်ပါးသီလ ဘုန်းကြီး-သံဃာံကျင့်ဝတ်တွေနဲ့ နေတတ်ထိုင်တတ်သွားကျမှာပါ

အေး ကွ မင်း ပြော တဲ့ ( ၁ ) အ ချက် က တော့ မှန် လွန်း တယ် ကွ ဒါ ပေ မဲ့ ကျန် တဲ့ (၂ ) ချက် မှာ တော့ အ နည်း ငယ် တ ဖက် သက် တ ဖက် စွန်း ရောက် နေ တယ် ခင်ဗျ ရေး တဲ့ အ သုံး နှုန်း က မ ရိုင်း လွန်း ဘူး လား

စိတ်မကောင်းဖြစ်ရပါသည်

စိတ်မကောင်းဖြစ်ရပါသည်

ညီလေးရေ နောင်ဘ၀ မင်းလူဖြစ်လို့ စစ်သားတယောက်ဖြစ်ခဲ့မယ်ဆိုရင်တောင် အမေရိကန်မှာပဲ စစ်သားကောင်းတယောက်ဖြစ်ပါစေကွာ...စိတ်မကောင်းပါဘူးမင်းအတွက်

အလွန်မှန်ကန်တဲ့အတွေးအခေါ်ပါ။ကြိုဆိုပါတယ်။

နိုင်ငံ ရေး လုပ် စား တဲ့ထောင် ထွက်
တွေ က တကယ် ဆို ရင်
ထောက် လှမ်း ရေး ဦး ခင် ညွန့်
ကို ကျေး ဇူး တင် ရ မှာ
ဦး ခင် ညွန် ရဲ့ သွန် သင် lesson
ပေးတာ တွေ ကို ခံ ယူ ပြီး မှ
နိင် ငံ ရေး လုပ် ခွင့် ရလာ ပြီး
ထမင်းစား လက်မှတ် တစ်သက်စာ
ရခဲ့ ကြ တာ
တစ် ချို့ ဆို နှစ်ရှည် လများ စ ခန်း သွင်း
လေ့ ကျင့် ပေးပြီး အ ကြိမ် ကြိမ် မွန်း မံ
သင် တန်း တွေ တက် ကြ ရတယ်
ဒါ ကြောင့် အ ခု ဆို ရာထူး ကြီးကြီး တွေ ရ
ိနိင်ငံ အနှံ့ နာ မည်ကြီး ပြီး ဝင် ငွေ ကောင်းကောင်း
ရ နေ ကြ တာ
ဥပမာ ဦး မင်း ကို နိုင် တို့ လို ပေါ့
အခု ဆို ဦး ခင် ညွန့် အနား ယူ သွား
ပြီး နိုင် ငံ ရေးတက္ကသိုလ် ကြီး ကလည်း
အရင် လို နှစ် ရှည်လက် မခံ တော့
မျိုး ဆက်သစ် နိုင်ငံ ရေး လုပ် စား မဲ့
ကျောင်းသား လေး တွေ နေ့စဉ် အချိန်
ပိုင်း သင် တန်း လေး တောင် တက်
ဖို့ ကြိုး စား နေ ရ တာ တောင် ကျောင်းက
လက်မခံ
သနား စရာ
ဦး မင်းကို နိုင်တို့ လို နိုင်ငံရေးသမားကြီး
ဖြစ် ပြီး ဝင်ငွေ များ များ ရအောင်
ဦး ခင်ညွန် လို ဆရာ မျိုး များ များ ရှိပါ စေ

Hello every body ....people have choice if u wanna be soiler that u r own choice 88 and 2007 kill alot of people by army who care they r public they dont' have gun...but KIO have guns that all...

စိတ်မကောင်းပါဘူး ကျွန်တော်လဲတပ်မတော်သားတစ်ယောက်ဖြစ်နေလို့ နောင်ဘဝကျရင်အပေါ်ကလူပြောသလိုဖြစ်ပါစေကွာ

စစ်သားချင်းကိုယ်ချင်းစာပါတယ်။ကံကောင်းလိုအကိုတို့မကျဆုံးခဲ့ပေမဲ့ညီလေးအတွက်ကောင်းရာသုဂတိရောက်ပါစေ။ အပေါ်ကမေးတာလေးဖြေချင်တယ် အနီးစပ်ဆုံးတိုင်းမှုးတပ်မမှုးတွေကအနည်းအကျဉ်းထောက်ပံ့တယ်။နိုင်ငံတော်ကပင်စင်ဒါပဲ။ အသုံးမတည့်တောတဲ့ခြေပြတ်လက်ပြတ်တွေ အပြင်ထုတ်နေစရာအနည်းငယ်ပေး ခြေတုလက်တုတောင် ဝယ်မတတ်နိုင်ဘဲဂျိုင်းဒေါက်နဲ့နေရ
ေ့ခြပြတ် လက်ပြတ်တွေ အပြင်မှာစာအုပ်လေးတွေရောင်းဘဝကိုမကျေနပ်တော့မူးရူး ပြည်သူတွေမုန်း သမီးတွေမိန်းမတွေ မကောင်းတာတွေဖြစ်ဒါGUNSHORT တစ်ဦးရဲ့ဘဝ

အေး သမိုင်းကသက်သေပြသွားပြီ စစ်တပ်ကသူ့အလုပ်သူလုပ်နေပြီ တိုင်းပြည်ကိုလုပ်စရာရှိတာလုပ်ပေးပြီးတန်းလျားပြန်ပြီ ကိုယ့်အလုပ်ကိုယ်မလုပ်တဲ့ကိုယ်တော်တွေ သတိထားကြ သာသနာတော်ကဆုတ်ယုတ်နေပြီ အော်လို့ကောင်းတုန်း စစ်သည်တွေရဲ့သမိုင်းမရိုင်းပါဘူးကွာ အစဉ်ဦးညွှတ်လျှက်ပါ

အရည်အချင်းမပြည့်ဝဘဲမိုက်ရူးရဲဆန်ချင်တော့လည်းကိုယ်ပြုခဲ့တဲ့အကုသိုလ်တွေကိုယ်ပြန်ခံရတာပေါ့

ကချင်ဘက်ကမိန်းမစစ်သမီးတွေနဲ့တိုက်တာတောင်မနိုင်
ဘူးလား

စစ်သားတွေ ကျဆုံး/ ဒဏ်ရာ ရတယ်လို့ ကြားတိုင်း စိတ်ထဲမှာ ခံစားရတယ်။ လုပ်နိုင်တုန်း ကတော့ နွားလိုပဲ။ စားရတော့ မြက်ခြောက်နဲ့ ရေနောက်ကျိကျိ (ဒါတောင် ကျွန်ဝယ်ရာ အဆစ်ပါတဲ့ မိန်းမရယ်၊ ကလေးတွေရယ် မျှစားရတာ) ။ မလုပ်နိုင်/ သေ/ ကျဆုံးတော့ ကျန်ရစ်သူ မိသားစုက ဟိုဟာ ဒီဟာဖြစ်။ ပင်စင် ရတယ်ဆိုလို့ အများကြီး ထင်နေအုံးမယ်။ အရပ်ဘက် ၀န်ထမ်းထက် နည်းနည်းပဲ ပိုရတာပါ။

စစ်သားတွေ ကျဆုံး/ ဒဏ်ရာ ရတယ်လို့ ကြားတိုင်း စိတ်ထဲမှာ ခံစားရတယ်။ လုပ်နိုင်တုန်း ကတော့ နွားလိုပဲ။ စားရတော့ မြက်ခြောက်နဲ့ ရေနောက်ကျိကျိ (ဒါတောင် ကျွန်ဝယ်ရာ အဆစ်ပါတဲ့ မိန်းမရယ်၊ ကလေးတွေရယ် မျှစားရတာ) ။ မလုပ်နိုင်/ သေ/ ကျဆုံးတော့ ကျန်ရစ်သူ မိသားစုက ဟိုဟာ ဒီဟာဖြစ်။ ပင်စင် ရတယ်ဆိုလို့ အများကြီး ထင်နေအုံးမယ်။ အရပ်ဘက် ၀န်ထမ်းထက် နည်းနည်းပဲ ပိုရတာပါ။

စစ်သားတွေ ကျဆုံး/ ဒဏ်ရာ ရတယ်လို့ ကြားတိုင်း စိတ်ထဲမှာ ခံစားရတယ်။ လုပ်နိုင်တုန်း ကတော့ နွားလိုပဲ။ စားရတော့ မြက်ခြောက်နဲ့ ရေနောက်ကျိကျိ (ဒါတောင် ကျွန်ဝယ်ရာ အဆစ်ပါတဲ့ မိန်းမရယ်၊ ကလေးတွေရယ် မျှစားရတာ) ။ မလုပ်နိုင်/ သေ/ ကျဆုံးတော့ ကျန်ရစ်သူ မိသားစုက ဟိုဟာ ဒီဟာဖြစ်။ ပင်စင် ရတယ်ဆိုလို့ အများကြီး ထင်နေအုံးမယ်။ အရပ်ဘက် ၀န်ထမ်းထက် နည်းနည်းပဲ ပိုရတာပါ။

တစ် မျှော် တစ် ခေါ် ဝေ
သီ ခေါင် မှာ ကြွေ
အဲ ဒီ အ စိမ်း ရောင် သူ ရဲ ကောင်း ရဲ့ နွေ ကို
တ ရား နဲ့ ပဲ ဖြေ ပေး လိုက် တော့ မယ် ။

ဟုတ်ပါတယ် ရှေ့တန်းမှာတိုက်ပွဲကျရင် ရှေ့တန်းမှာပဲ လူမသိသူမသိမြှုပ်ရတာပါ

တိုင်း ပြည် အ တွက် ပြည် သူ့ အတွက် စစ် သား လေး တွေ အ သက် ပေး ခဲ့ ရ တာ
ငါ စိတ် မ ကောင်း ပါဘူး သား သ မီး ချင်း ကိုယ် ချင်း စာ ပါ တယ်

စစ်တိုက်တာ ပန်းနဲ့  ပေါက် တာမဟုတ် လို့  သေ ခြင်း ပြတ် ခြင်း ကန်းခြင်း ရင် ဆိုင် ရမှာ သိပြီး သား ပါ။ မည် မျှ စွမ်း ဆောာင်နိုင်အောင်လေ. ကျင့် ထား ပါစေ ၊ တိုက် ပွဲ ဖြစ် ရင် ထိခိုက် ကျ ဆုံး တာ ပဲ ၊ အမေရိကန်စစ် သည် တွေ လဲ မ ဖြစ် လို့  လား၊သူရဲ ကောင်း တို့  ရဲ့ အသက် သွေး ချွေး တွေပေး ဆပ် ဖို .
ုအ သင်. ပါ အိမ် က ဇ နီး သား သ မီး ရဲ .အ ပူ မီး နဲ့ လူမှု အ ခက် အ ခဲ တွေ သိ ပေ မဲ့  ရ ဟန်း ရှင် လူ အေး ချမ်း စွာ နေ ထိုင် နိုင် ဖို့  မိ သား စု အရေး ထက် တာဝန် ကျေ ပွန် ဖို့  ဦး စားပေး၊ အသက် စွန့် ဆောင် ရွက်တဲ့  ကျွန် တော် တို့ တပ် မ တော် သား တွေ ကို အ သိ အ မှတ်မ ပြု ရင် လဲ နေပါ ၊ရ ပါ တယ်။ ကိုယ့်  အ လုပ် ကိုယ် လုပ် ကြ တယ် လို့ သဘော ထား ရင်လဲ ဖြစ် ပါ တယ်။ စွယ်တော် မြတ် ကို ဗုံး ခွဲ တာ၊ ဒဂုံ စင် တာ ၊ကုန်
သွယ် မှု ဗ ဟိုဠာ န ၊ ဂျန်း ရှင်း- ၈၊ကချင်ပြည် နယ် အ ပါ အ ၀င် တစ်နိုင်ငံ လုံး ဗုံး ကွဲ မှု တွေ မှာ ကျွန် တော် တို့ ကို စွပ်စွဲ ပုတ် ခတ်တာ ၊ သေ ခြင်း ကြုံ ရမှာ ထက် အ ခံ ရ ခက်ပါ တ
ယ်။ အ နှစ် (၂၀)ကျော် ပါ ပြီ စစ် မှု့  ထမ်း တာ ။စစ်တပ် အကြီး အကဲ
တွေ ပြည် သူ ကို စောင့် ရှောက် ဖို့  ပဲ ပြော ပါ တယ်၊ စော်ကား ရိုင်းပျ ဖို့  မ ပြောမ ခိုင်း ပါဖူး။ နေရာ တိုင်း အ ကောင်း အ ဆိုး ရှိ သ လို မ လိုက် နာတဲ့  သူ ကို လဲ စစ်စည်း ကမ်း အရ ပြင်း ပြင်း ထန် ထန် အ ရေး ယူ ပါတယ်။
ကျွန်တော် တို့  ကို ကျေး ဇူး မ တင် ရင် နေ ပါ၊ရှက် ရ မဲ့ နေ ရာ ကို တော့ လှန် မ ပြ ပါ နဲ့ လို့  ပမာ ပြု တောင်း ပန် ပါရစေ။ မုသားမပါ ကိုယ် တွေ့  ၊ ကိုယ် ပိုင် ခံ ယူ ချက် တင် ပြ ခြင်း ဖြစ် ပါ တယ်။























ပေးဆ ပ် ရ တာ မ တ န် လို က် တာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်