Subscribe to our RSS Feed

မြောက်ကိုရီးယားနှင့် ဆွေးနွေးမှု ဂျပန် ရွှေ့ဆိုင်း

From : မြဝတီ

မြောက်ကိုရီးယား နိုင်ငံသည် ယခုလ အတွင်း ဒုံးပျံ တစ်စင်းအား လွှတ်တင်မည်ဟု ကြေညာခဲ့ ပြီးနောက် ဂျပန်နိုင်ငံ အနေဖြင့် ၎င်းနိုင်ငံနှင့် ဆွေးနွေးပွဲ ပြုလုပ်မည့် အစီအစဉ်အား ရွှေ့ဆိုင်း သွားမည် ဖြစ်ကြောင်
း နှစ်နိုင်ငံမှ သံတမန်များ တွေ့ဆုံပွဲ မတိုင်မီ ကျိုဒိုသတင်း အေဂျင်စီက ဒီဇင်ဘာ ၁ ရက်က ပြောကြား ခဲ့ သည်။

မြောက်ကိုရီးယား နိုင်ငံသည် ဒီဇင်ဘာ ၁ဝ ရက်နှင့် ၂၂ ရက်ကြား၌ ဒုံးပျံ တစ်စင်းကို လွှတ်တင်ရန် စီစဉ်လျက် ရှိကြောင်း၊ ၎င်းဒုံးပျံသည် မြောက်ကိုရီးယား အစိုးရက ဧပြီလ အတွင်း လွှတ်တင် ရာတွင် မအောင်မြင် ခဲ့သည့် ဒုံးပျံ လွှတ်တင်မှု ပြီးနောက် ဒုတိယ အကြိမ် ထပ်မံ ပြုလုပ်မည့် တာဝေးပစ် ဒုံးပျံ လွှတ်တင် စမ်းသပ်မှု ဖြစ်ကြောင်း ကိုရီးယား Central သတင်း အေဂျင်စီက ဒီဇင်ဘာ ၁ ရက် အစောပိုင်းက ကြေညာ ခဲ့သည်။

ဂျပန်နှင့် မြောက်ကိုရီးယား နိုင်ငံမှ သံတမန် ခေါင်းဆောင် များသည် ဒီဇင်ဘာ ၅ ရက်နှင့် ၆ ရက်တွင် ပေကျင်း မြို့၌ ဆွေးနွေးမည် ဖြစ်သော်လည်း မြောက်ကိုရီးယား နိုင်ငံက ၎င်းတို့၏ ကမ္ဘာမြေ စောင့်ကြည့် လေ့လာရေး ဂြိုဟ်တုကို လွှတ်တင်ရန် ကြေညာ ခဲ့ခြင်းကြောင့် ဂျပန် ဝန်ကြီးချုပ် ယိုရှီဟီ ကိုနိုဒမှ နှစ်နိုင်ငံ ကြား ဆွေးနွေးပွဲအား ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဂျပန် ကာကွယ်ရေး ဝန်ကြီး စံတိုရှီမို ရီမိုတိုကလည်း လိုအပ်ပါက မြောက် ကိုရီးယားက လွှတ်တင်မည့် ဒုံးပျံကို ပစ်ချ ဖျက်ဆီးရန် ကာကွယ်ရေး တပ်ဖွဲ့ဝင်များကို အမိန့်ပေး ထားကြောင်း သိရသည်။

Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်