Subscribe to our RSS Feed

မြန်မာနိုင်ငံ၏ အင်တာနက် ဆက်ကြောင်းသစ် ဒီဇင်ဘာလတွင် စတင်ချိတ်ဆက်မည်

From :ခေတ်လူငယ်

မကြာခဏ ချို့ယွင်းပြတ်တောက်လေ့ရှိသော SE-ME-WE-3 အင်တာနက် ဆက်ကြောင်းနေရာတွင် အစားထိုးနိုင်ရန် ရည်ရွယ်ထားသော SE-ME-WE-5 အင်တာနက် ဆက်ကြောင်းသစ် ချိတ်ဆက်မှုကို ဒီဇင်ဘာလတွင် စတင်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုလ်ဘိုင်းအင်ဂျင်နီယာဌာနမှ အင်ဂျင်နီယာချုပ် ဦးဋ္ဌေးဝင်းက ပြောကြားသည်။ “ဒီဇင်ဘာလအတွင်းမှာ စပြီးတော့ လုပ်မယ်၊ မူဆယ်ကနေ ပုသိမ်အထိ သွယ်တန်းမှာပါ။ ငါးလလောက် ကြာမယ်လို့တော့ ခန့်မှန်းထားတယ်။ SE-ME-WE-3 ရော SE-ME-WE-5 ရော နှစ်ခုဆိုရင် အင်တာနက် အမြန်နှုန်းတွေ ပိုပြီးတော့ ကောင်းလာမှာပါ” ဟု ဦးဌေးဝင်းက ပြောကြားသည်။ အဆိုပါ မူဆယ်-မန္တလေး-ရန်ကုန်-ပုသိမ်-ချောင်းသာ ဖိုက်ဘာဆက်ကြောင်း စီမံကိန်းကို China Unicom က တာဝန်ယူ တည်ဆောက်မည်ဖြစ်ပြီး စက်ပစ္စည်းပိုင်းနှင့် ကေဘယ်လ်ပိုင်းကို ၎င်းတို့ဘက်က အပြည့်အဝ ပိုင်ဆိုင်မည်ဖြစ်ကာ မြန်မာနိုင်ငံဘက်က မြေနေရာ၊ စက်စခန်းများကို အသုံးပြုရမည် ဖြစ်သောကြောင့် ပိုင်ဆိုင်မှုအနေအထားမှာ တစ်ဝက်စီသာဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါ ဖိုက်ဘာဆက်ကြောင်း စီမံကိန်းတွင် ပါဝင်ရန် တရုတ်နိုင်ငံဘက်မှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှ စတင်ကမ်းလှမ်းခဲ့ပြီး လွန်ခဲ့သော နှစ်လခန့်က စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး၊ စီမံကိန်း တည်ဆောက်မှုအတွက် အမေရိကန် ဒေါ်လာသန်း ၄၀ ခန့် ကုန်ကျနိုင်ကြောင်း အဆိုပါ အရာရှိက ဆက်လက်ပြောကြားသည်။ “လက်ရှိ အင်တာနက် အမြန်နှုန်းက နှေးနေတာ မဟုတ်ဘူး။ 14Gb အထိ ရှိနေတာပဲ။ ပြဿနာက အင်တာနက် အမြန်နှုန်းကို လိုသလို စောင့်ကြည့် ထိန်းချုပ်ဖို့ လိုနေတာ။ လက်ရှိအချိန်မှာ အင်တာနက် ဈေးနှုန်းကို လျှော့ချဖို့ လုပ်သင့်တာ။ အခု အသစ်ပြင်မယ့် အင်တာနက် ဈေးနှုန်းနဲ့ဆိုရင် ဖိုက်ဘာအသစ်တွေ ချိတ်လည်း သုံးစွဲသူတွေ အဆင်မပြေနိုင်ဘူး” ဟု အော်တိုတယ်လီဖုန်းဌာနမှ အငယ်တန်း အင်ဂျင်နီယာတစ်ဦးက သုံးသပ်သည်။ သက်တမ်း နှစ် ၃၀ သတ်မှတ်ထားပြီး လက်ရှိမြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၃၄ နိုင်ငံမှ ချိတ်ဆက် အသုံးပြုနေသော SE-ME-WE-3 အင်တာနက် ဆက်ကြောင်းသည် လက်ရှိအချိန်တွင် အနှစ် ၂၀ ခန့် သက်တမ်းရှိလာပြီ ဖြစ်သောကြောင့် စင်ကာပူနှင့် တရုတ်နိုင်ငံတို့မှ ဦးဆောင် ကမကထပြု၍ ပိုမိုသစ်လွင် ကောင်းမွန်သော နည်းပညာများ ပါဝင်သည့် အဆိုပါ SE-ME-WE-5 အင်တာနက် ဆက်ကြောင်းသစ်ကို စတင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။ လက်ရှိ မြန်မာ့ဆက်သွယ်ရေး ကဏ္ဍတွင် အင်တာနက်နှင့် တယ်လီဖုန်း ဆက်သွယ်မှုများအတွက် ဖိုက်ဘာ အင်တာနက်ဆက်ကြောင်း အနေဖြင့် SE-ME-WE-3 နှင့် ဂြိုဟ်တုဆက်သွယ်ရေး စနစ်အနေဖြင့် INTELSAT 9, MEASAT 3, THAICOM5 ဂြိုဟ်တုတို့နှင့် ချိတ်ဆက် အသုံးပြုလျက်ရှိကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

   Myanmar Express 

2 comments:

Good for high speed internet in Pathein and all cities , towns ,villages in Ayeyarwaaddy Division and all cities in Myanmar. Thank you China Internet Unicom.

Thank you Chinese government , China unicom and Myanmar government and Myanmar Telecommunication.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်