Subscribe to our RSS Feed

အကျင့် စာရိတ္တ ကောင်း၍ ပညာ ထူးချွန် သူများကို တက္ကသိုလ် ဘော်ဒါဆောင် နေခွင့်ပြုမည်

From : မြဝတီ


မြစ်ကြီးနား တက္ကသိုလ်တွင် ဒီဇင်ဘာ ၃ ရက်မှ စတင်ကာ အကျင့်စာရိတ္တ ကောင်းမွန်ပြီး ပညာ ထူးချွန်သော တက္ကသိုလ် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူ များကို တက္ကသိုလ် ဘော်ဒ
ါဆောင်တွင် နေခွင့် ပြုမည် ဖြစ်သည်။

မြစ်ကြီးနား တက္ကသိုလ် ခါကာဘို အမျိုးသား ဘော်ဒါဆောင် နှစ်ဆောင်တွင် ကျောင်းသား ၁၂ဝ ဦး ထားရှိ သွားမည် ဖြစ်ပြီး ဆွမ်ပရာဘွမ် အမျိုးသမီး ဘော်ဒါဆောင် နှစ်ဆောင်တွင် ကျောင်းသူ ၁၇၆ ဦး လက်ခံ ထားရှိမည် ဖြစ်သည်။ သို့ဖြစ်ပါ၍ ကျောင်းဝင်ခွင့် လျှောက်လွှာနှင့် အတူ ဘော်ဒါဆောင် ထားရှိရေး ကျောင်းဆောင် ကော်မတီသို့ လျှောက်ထားနိုင်ပြီး ပြည်နယ် အတွင်း ဝေးလံ ဒေသများမှ ကျောင်းသား၊ ကျောင်းသူ များကို ဦးစားပေး စီစဉ် ဆောင် ရွက် ပေးမည် ဖြစ်သည်။

ဘော်ဒါဆောင် နေထိုင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူ များသည် အကျင့် စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံချက်ကို မြို့နယ် အဆင့် များမှ ရယူ၍ သက်ဆိုင်ရာသို့ တင်ပြရမည် ဖြစ်ပြီး နေထိုင် ခွင့်ပြုချက်ကို ကျောင်းဆောင် ကော်မတီမှ စိစစ်၍ လက်ခံ သွားမည် ဖြစ်ကြောင်း တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာ အေးကို ထံမှ သိရသည်။


 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်