Subscribe to our RSS Feed

မင်းကိုနိုင်၊ ကိုကိုကြီးနှင့် ၈၈ မျိုးဆက်ကျောင်းသားများသို့....

From : Nay Min

၈၈ မျိုးဆက်ဆိုတာ..မဆလ ခေတ်မှာ ဖိနှိပ်ခံကျောင်းသားတွေရဲ့ ရုန်းထွက်တဲ့သမိုင်းခြေရာတွေဖြစ်ခဲ့တာအမှန်ပါ..သူတို့တွေကြော င့်လည်း..မဆလ တစ်ပါတီစနစ် ပျက်သုန်းခဲ့ရတာကို ဘယ်သူမှမငြင်းနိုင်ပါဘူး။ ပြောရရင်တော့ ၈၈ ကျောင်းသားများဆိုတာ ခံယူချက်၊ ယုံကြည်ချက်ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ပညာဆုံးခန်းတိုင်မသင်ခဲ့ရဘူး။ ဘ၀ရဲ့အချိန်အများစု ထောင်ထဲမှာဖြတ်သန်းခဲ့

ရတယ်။ ဒါကြောင့် တွေးခေါ်မျှော်မြင်မှု အားနည်းတယ်။ မိမိကျွမ်းကျင်ခဲ့တဲ့ လုပ်ငန်းတွေဖြစ်တဲ့ အစိုးရရဲ့အားနည်းချက်ကို ရှာဖွေဖော်ထုတ်တွန်းလှန်တဲ့လုပ်ငန်းနဲ့ အဲဒီလုပ်ငန်းအတွက် အထောက်အကူပြုတဲ့ အမြင်နဲ့ပဲ မြင်တတ်တွေးတတ်တယ်။

ဒါကြောင့် စစ်အစိုးရခေတ်ကနေ ဒီမိုကရေစီခေတ်ပြောင်းသွားတာကိုမသိဘဲနဲ့ ဘယ်နားမှာဆူဆူပူပူဖြစ်နေပြီလဲ။ ၈၈ တို့ရောက်နေပြီ။ ဟိုနားမှာစုရုံးစုရုံးဖြစ်နေပြီ။ ၈၈ တို့ဦးဆောင်ပြီ။ ဒ်ီနားမှာလှုပ်ရွလှုပ်ရွဖြစ်နေပြီ။ ၈၈တို့ ဆွနေပြီ။ အမှန်တော့ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ သတ္တိနဲ့ စွန့်လွှတ်မှု တွေက တိုင်းပြည်အတွက် အားဖြစ်နိုင်ရင် အရမ်းတန်ဘိုးရှိပါတယ်။ ဒါပေမဲ့ ပညာနဲ့ အတွေ့အကြုံနည်းပါးပြီး မိမိလုပ်ရပ်အပေါ် အရမ်းအထင်ကြီး လွန်းရင် ဖျက်မြင်းဖြစ်သွားမှာကို သတိပြုပါ။ လောကမှာ အပြုလုပ်ငန်းက ခက်ခဲပြီး အဖျက်လုပ်ငန်းက လွယ်ပါတယ်။ ခိုင်မာတဲ့အဆောက်အအုံကြီးတစ်ခု၊ ကြီးမားတဲ့တံတားကြီးတစ်စင်းဖြစ်ဖို့ဆိုတာ အချိန်တွေ၊ အင်အားတွေ ရင်းနှီးမြှုပ်နှံမှုတွေအများကြီးပေးဆပ်ပြီးမှ ရနိုင်ပေမဲ့ ဖျက်ချင်ရင် ယမ်းထုပ် ပေါင်ဂဏန်းလောက်နဲ့ဖျက်လိုက်လို့ရပါတယ်။

ဒါကို မင်းတို့ဒီလောက်လုပ်ထားတာ ငါတစ်ချက်ပဲဖျက်နိုင်တယ်ဆိုရင်တော့ အောက်တန်းကျတဲ့အတွေးအခေါ်၊ အဆင့်နိမ့်ပါးတဲ့ လူရိုင်းအသိဥာဏ်ရှိတဲ့လူလို့ပဲ ပြောရမှာပါ။ နောက်ပြီး တိုင်းပြည်တိုးတက်ဖို့ဆိုတာ မူလရှေးရိုးလက်ဟောင်းတွေထဲက အချို့ကို တွန်းလှန်ရမယ်။ ပြုပြင်ပြောင်းလဲ ရမယ်ဖြစ်ပါတယ်။ အနော်ရထာမင်းလက်ထက်မှာ အရည်းကြီးသာသနာကို တွန်းလှန်ဖြိုခွဲခဲ့လို့ ဒီကနေ့ ဗုဒ္ဓဘုရားကိုမြင်တွေ့နေရတာပါ။ အဲဒီခေတ်က သေတဲ့လူမှန်သမျှနတ်ဖြစ်ကုန်ပြီး နတ်တွေများလွန်းလို့ နတ်လှောင် ကျောင်းထဲမှာ သံကြိုးတုတ်ပြီးချုပ်နှောင်ခဲ့လို့ အခု အတွင်း ၃၇ မင်းနဲ့ အပြင် ၃၇ မင်းလောက်ပဲကျန်ခဲ့တာပါ။ ဒါတွေဟာတော်လှန်လို့ အတွေးသစ်အမြင်သစ်နဲ့ ဆန့်ကျင်ခဲ့လို့ ဒီလိုဖြစ်လာတာပါ။

အခု မြန်မာနိုင်ငံဟာ နိုင်ငံတကာအသိအမှတ်ပြုရတဲ့အထိ လျင်မြန်သောနှုန်းထားနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေကို ပြောင်းလဲနေပါတယ်။ ဒီနေရာမှာ မဲပြာပုဆိုးဇာတ်လမ်းနဲ့ အစိုးရရဲ့အားနည်းချက်တွေပဲထောက်ပြပြီး ခေါင်းဆောင် နေရာနေချင်ရင်တော့ ၈၈ မျိုးဆက်တွေရဲ့ မူလရည်မှန်းချက်ခံယူချက်တွေနဲ့ သွေဖီကုန်မှာပါ။ တိုးတက်ဖို့ဆိုတဲ့နေရာမှာ တဲကုတ်မှာပဲနေ၊ ထင်းနဲ့မီးမွှေး၊ သစ်ခေါက်တွေနဲ့ချည်ထည်လုပ်ပြီး ရှိတဲ့အရင်းအမြစ်တွေကို ထိုင်ကြည့်နေမလား၊ ခုတ်သင့်တာခုတ်၊ တူးသင့်တာတူးပြီး ဘ၀တန်ဖိုးမြှင့်တင်မလား။ ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားတတ်ဖို့လိုပါမယ်။ ဒီမှာပြောစရာရှိပါတယ်။

ဒီလိုအတွက်ထိခိုက်နစ်နာမှုတွေကိုဒီအတိုင်းခံနေရမှာလား ဆိုပြီး ပြည်သူအကျိုးကြည့်သလိုလိုနဲ့ အမှတ်ဝင်ယူတဲ့မေးခွန်းတွေရှိပါတယ်။ သားသမီးတွေကို တိုးတက်စေချင်ရင် နေရာတကာအလိုလိုက်လို့မရပါဘူး၊ တစ်ခါတစ်ရံမှာ ရိုက်နှက်ဆုံးမရမှာပါပဲ။ ဒါဟာ ကောင်းစေချင်လို့ပါ။ ခုနကပြောခဲ့သလိုပဲ ၈၈ တွေရဲ့အားဟာ တိုင်းပြည်ရဲ့အားပါဘဲ။ ဒီအားကိုဆန့်ကျင်ဖက်မှာပဲ အသုံးချနေမှာလား၊ အသုံးချတတ်သလား။ ပြောချင်တဲ့အဓိကအကြောင်းရင်းကတော့ လက်ပန်းတောင်းတောင် စီမံကိန်းပြသနာမှာ ဦးဆောင်တယ်။ ကော်မရှင်ဖွဲ့ပေးဖို့တောင်းဆိုတယ်။ ဒါအစိုးရကိုအတိုက်အခံလုပ်တဲ့ အဖျက်သဘောပေါ့။ ကဲ ..အခု နိုင်ငံတော်က ၈၈ တွေကို ကော်မရှင်အဖွဲ့ထဲမှာတာဝန်ပေးတယ်။ ဒီအရာက ပြည်သူတွေအတွက်ပဲလေ။

ရှင်းရှင်းလင်းလင်းသိရရင် ပြည်သူတွေအတွက် ရှင်းရှင်းလင်းလင်း ကောင်းရင်ကောင်းတယ်၊ ဆိုးရင်ဆိုးတယ်ပြောလို့ရတာပေါ့။ ဒါက အပြုသဘောပေါ့။ ၈၈ မျိုးဆက်များ နဖူးပေါ် လက်တင်ပြီးစဉ်းစားပါ။ မြန်မာပြည်ဟာ တစ်ပါတီစနစ်မဟုတ်တော့ဘူး။ အာဏာနဲ့အုပ်ချုပ်တဲ့စစ်အစိုးရမဟုတ်တော့ဘူး။ သမ္မတလက်မှတ်မထိုးလဲ ဥပဒေက အတည်ဖြစ်နိုင်တဲ့ခေတ်ကိုရောက်နေပြီ။ ဘာဖြစ်လို့ ဂဏန်းလိုကန့်လန့်ပဲသွားချင်ရတာလဲ။ ကိုယ့်ဘ၀ရဲ့အတွေ့အကြုံအရ၊ ကျွမ်းကျင်မှုအရ ဘေးတိုက်ပဲသွားနေတတ်ရင်တောင်မှ အခုလိုအခြေအနေမှာ မိမိကိုယ်ကို ဘေးစောင်းနေပြီး သူများနဲ့ဘာလို့မလိုက်ချင်ရတာလဲ။

ဒီလိုကန့်လန့်တွေက တိုင်းပြည်အတွက် ဆူးညှောင့်ခလုတ်၊ တိုးတက်မှုအတွက် အနှောင့်အယှက်ဆိုတာ သိရဲ့လား၊ မြန်မာပြည်မှာ လူပေါင်း သန်း၆၀ ရှိတယ်။ သန်း ၅၀ တိုးတက်ဖို့ ၁၀သန်းရဲ့ကန့်ကွက်မှုကို တားဆီးမှုကို ရှင်းလင်းကျော်ဖြတ်မသင့်ဘူးလား။ ဒီလို အကျိုးရှိမရှိ ကော်မရှင်ထဲဝင်ပါပြီး အညင်သာဆုံးနည်းလမ်းနဲ့ မဖြေရှင်းသင့်ဘူးလား။ မြန်မာပြည်သူတွေ ဒီမိုကရေစီ အတွေ့အကြုံမရှိသေးဘူး။ ဆန္ဒပြလို့ရမှန်းသိလာတော့ အလကားနေရင်း ဆန္ဒြပချင်တယ်။ လူနည်းနည်းများလာရင် ထင်ပေါ်ချင်လာတယ်။ ဒါတွေဟာ နောင်ကျရင် ရှက်စရာဆိုတာ အလိုလိုသိလာပါလိမ့်မယ်။ ဒီလို အုတ်ရောရောကျောက်ရောရောမှာ ဆရာကြီးလုပ်ချင်တဲ့စိတ်ကို ဖျောက်ပြီး တိုင်းပြည်တိုးတက်ဖို့ဝိုင်းဝန်းဆောင်ရွက်ပါ၊ မသိနားမလည်လို့ ထကြွနေတာကို ထပ်ဖွမနေပါနဲ့။

အမှန်ကိုမြင်အောင်ကြည့်ပြီး ခံစားနေရတဲ့ပြည်သူတွေကျေလည်လာအောင်၊ ယုံကြည်လာအောင် အခြေအနေမှန်ကိုလေ့လာပြီး ရှင်းပြသင့်ပါတယ်။ လေ့လာလို့မှ တိုင်းပြည်နဲ့ပြည်သူတွေအတွက် အကျိုးအမြတ်မရှိရင်လဲ ပြတ်ပြတ်သားသားဖော်ထုတ်ပြီး ဆန့်ကျင်ကြရမှာပေါ့။ ခုတော့ ကော်မရှင်ဖွဲ့ပေးပါ တောင်းဆိုပြီး ကော်မရှင်ထဲထဲ့တော့ မ၀င်နိုင်ဘူးလုပ်တယ်။ ဖွတဲ့၊ ဆွတဲ့ ခေတ်ကုန်နေပြီ။ စေ့စေ့စပ်စပ်လေ့လာပြီးမှ တိတိကျကျထောက်ပြဝေဖန်တဲ့ခေတ်ရောက်နေတာ ၈၈ ကျောင်းသားများ သတိထားကြပါ။ အနေမမှန်ရင် ၈၈ ဆိုတာ သမိုင်းမှာနာမည်ပျက်ဖြစ်သွားနိုင်ပါတယ်လို့ပြောလိုက်ချင်ပါတယ်။

http://www.myanmarexpress.net/

8 comments:

မ သိ လို့ မေး ပါ ရ စေ အဲ့ ဒိ ကော င် တွေ ဘာ နဲ့ စား နေ လဲ ငါ တို့ မှာ ထ မ င်း နှ စ် န ပ် စား ဖို့ မ နည်း ရုံး နေ ရ တာ

၈၈ ဆိုတာ အတိတ်မှာကျန်ခဲ့ပြီ ၂၀၁၃တေင်ကုန်တော့မယ် ၈၈ချေးခြောက်ကိုရေနှင့်လာမနှု့းနဲ့ ၈၈ ကကုန်ပြီလေ လူထုကို လူ ထူလူထိုင်းလိုလာမလုပ်နဲ့စောက်ရူးတွေ

စောက်လုပ့်မရှိ့ စောက်ကိုင်မရှိ့ အားနေ ယားနေ
ငြေးငြာချက် ထုတ်ဖို့လောက်ပဲ စဉ်းစားနေတာ
ကျောင်းသားသာပြေားတာ ဘာမှ့လဲ အတွေးအခေါ်
မရှိ့လောက်ပါဘူး ဘယ်ရှိ့မလဲ ထောင်ထဲမှာနေနေရတာကို
နားလည်ပါတယ် စောက်ရူး ၈၈ တွေ ရှက်တတ်ရင်သေလို့ရတယ်
စောက်ရူးတွေ

I had said 10% Brain with them.

လူတစ်စုအတွက်ပဲအကျိုးရှိပြီး လူအများစုရောနောင်လာနောက်သားတွေရော နှမြောတသရမယ့် ဘိုးဘွားအမွေကို ဈေးပေါပေါနဲ့ရောငိးစားရက်တဲ့လူတွေ ကိုယ်ချမ်းသာပြီးရောဘယ်သူသေသေငတေမာရင်ပြီးရောစိတ်ဓာတ်တွေထားခဲ့ဖို့အချိန်တန်ပြီ။

၂၀၁၃ ကဘာလို့ကုန်တော့မှာလဲ၂၀၁၂ပဲရှိသေး
တာမဟုတ်ဘူးလား ဆေးမသောက်ရသေးဘူးနဲ့
တူတယ်

8-8-88 တုန်းကျွန်တော်က ခုနှစ် တန်း ၊ မင်္ဂလာဒုံဈေးနားမှာနေရတယ်။ လူတွေစည်းကမ်းပျက်တာများမပြောပြတက်အောင်ဘဲ၊
ငါးဈေးတန်းထဲမှာ ဆန္ဒပြသူတွေချီတက်လာပြီ ဆိုပြီး ဈေးလှန့် ပြီးတော့ ငါးတွေနဲ့ ပိုက်ဆံပုံးတွေဝင် ဆွဲကြတယ်။ နောက် ပေါက်ကုံးတို့ ၊စမ်းကြီးဝတို့ကဘက်က လူတွေအုပ်လိုက်တက်လာပြီး
မရှက်မကြောက်ဗျာ ပြည်သူ့ဘဏ္ဍာ အရန်စပါးတွေ ထားတဲ့မင်္ဂလာဒုံဈေးထဲကဂိုထာင်တွေကို ဖေါက်ကြတော့တာဘဲ။ တချို့ဆို လောဘကြီးလိုက်တာဗျာ တစ်ယောက်ထဲသုံးအိပ် ဆင့်ထမ်းတာတောင်မြင်ခဲ့ရသေးတယ်။ ဆန်တွေလဲကုန်သွားရော ဂိုထောင်က သွပ်တွေကို ခွာကြတော့ တာဘဲဗျို့ ၊ နောက်ဆုံးတပ်ကလာပြီဆိုရော မီးရှို့ပြစ်ကြတယ် ၊ တော်တော် ပရန်းပဒါနိုင်လိုက်ကြတာဗျာ ။ အရှိန်ရလာတော့ လောဘကမသက်နိုင်ကြတော့ဘူး ဈေးဆိုင်ခန်းတွေပါဖေါက်ပြီး လုကြတော့တာပါဘဲ။ ယောင်ကြီးဗွေ နဲ့ လူတစ်စုကလည်း ဓါးတစ်ကားကားနဲ့ မင်္ဂလာဒုံဈေးတစ်ဝိုက်ဗိုလ်ကြနေကြတယ်ဗျ။ နောက်အဲဒီလူစု မင်္ဂလာဒုံဈေး ဒေါင့်မှာ လူတွေဖမ်းပြီးခေါင်းတွေ ဖြတ်ကြတယ်ဗျာ။ ညဆိုရင် ကျွန်တော်တို့နေတဲ့ ၀င်းကိုမီးကွင်းလာပြစ်မယ်ဆိုလို့ အမေရယ် ၊ ညီမလေးရယ် အထုတ်ထုတ်ပြီး အိပ်မပျော်ခဲ့ကြပါဘူး ၊ အဖေကတာဝန်အရ အအိမ်မှာမရှိဘူးဗျ။ ကြောက်လိုက်ရတာဗျာ ဘယ်သူ့အဖေခေါ်ရမှန်းမသိဘူး၊ကျွန်တော်ကလေးဘ၀တုံးက တို့အရေး၊ တို့အရေးဆိုတဲ့ လူအုပ်ကြီးအော်တဲ့အသံကို တအားကြောက်ခဲ့ရတယ်။လူအုပ်ကြီးတွေတက်လာတိုင်း မီးရှို့ခံရမှာကြောက်တယ်၊ အဖမ်းခံရပြီးခေါင်းဖြတ်ခံရမှာကြောက်တယ်၊ ကြောက်ရတာတွေကိုဆုံနေတာဘဲဗျာ။ နောက်အရေးခင်ပြီးသွားလို့ သုံးလေးနှစ်အထိ ကြောက်စိတ်မပြေခဲ့ပါဘူး အမေအုန်းသီးခြစ်လို့ ဂျွီး ဂျွီး နဲ့ မည်တာကို တို့အရေး တို့အရေး ဆိုတဲ့လူအုပ်ကြီး အသံကြားပြီး လန့်နိုးခဲ့ရဖူးတယ်ဗျာ ။အရေးအခင်းကြောင့် အလယ်တန်းနဲ့ အထက်တန်းမှာနှစ်နှစ် ၊ ဆယ်တန်းအောင်တော့လည်းတက္ကသိုလ်တက်ဖို့က နှစ်နှစ်စောင့်ရ ၊ ပထမနှစ်တက်နေတုန်းမှာဘဲ ကျောင်းကတစ်နှစ်ပိတ်ပြန် ဘွဲ့ရအောင် လေးနှစ်တက်ရ မှာ ကို ရှစ်နှစ်ကြာအောင်တက်ပြီးမှ ဘွဲ့ ရခဲ့ ရတယ် ။ခင်ဗျားတို့ ရှစ်လေးလုံး ဆိုတာကျုပ် ဘ၀အတွက်တော့ ပညာရေးမှာ ဘ၀တစ်ဝက်သေခဲ့ရတယ်။ အဲဒီလို နိုင်ငံအတွက်နမိတ်မကောင်း တဲ့နေ့ ပြည်သူတွေ နင့်နာခဲ့ရတဲနေ့တွေ ကိုပြန်တွေးလို့ စိတ်နာလို့ မဆုံးခဲ့ဘူး ။ဒါနဲ့များ အရှက်မရှိ ရှစ်လေးလုံးမျိုးဆက်ဆိုပြီး နာမည်တက်လှုပ်ရှာနေတဲ့ မင်းတို့ကို အားပေးဖို့ကနေနေသာသာဆဲဖို့တောင်မတန်ဘူးလို့ ပြောလိုက်ချင်ပါတယ်။ အရှက်မရှိ ၊ စည်းကမ်းမရှိ ၊ဖြစ်ခဲ့ရတာတွေကို ဂုဏ်ယူနေတဲ့ မင်းတိုရှစ်လေးလုံ့း ကို အံ့သြလို့ မဆုံးတော့ ပါဘူးဗျာ--------------

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်