Subscribe to our RSS Feed

သံဃာတွေနိုင်ငံရေးလုပ်မယ်ကြံရင် (ပေးစာ - ၁၃၄)

From : သူကြီးဘစီ


ကြားရတာ စိတ်မကောင်းစရာပါပဲဗျာ။
အရင်တလောက ရွှေဝါရောင်ဦးဆောင်ဆရာတော် ဦးဂမ္ဘီရတပါး လူဝတ်လဲသွားကြောင်း ကြားသိလိုက်ရပါတယ်။
၂၀၀၇ ရွှေဝါရောင်အရေးအခင်းကြောင့် တိုင်းပြည်ရဲ့ အနာဂတ်အရေးတချို့ ပြောင်းလဲသွားသလိုပဲ နယ်စပ်မှာလိမ်ညာစားသောက်နေတဲ့ ဒီမို အုပ်စုတွေလဲ ချမ်းသာ သူတွေချမ်းသားသွားကြလေရဲ့ ဗျာ။
၂၀၀၇ ရွှေဝါရောင်အရေးအခင်းလဲပြီးရော အဖမ်းခံရတဲ့သံဃာတွေရော ပျောက်သွားတဲ့ သံဃာတွေရော၊ နယ်စပ်ရောက်ပြီး ၀ရမ်းပြေးဖြစ်သွားတဲ့ သံဃာတွေရော မနည်းပါဘူး။
သံဃာတချို့ နယ်စပ်ကိုပြေးလာပြီဆိုတာနဲ့  မဲဆောက်အခြေဆိုက် လုပ်စားဒီမိုအဖွဲ့ တွေက သံဃာတွေကို ကြိုတင်ပြစား အသုံးချဖို့ အဆောက်အဦတွေတောင်ငှားထားကြပါတယ်။
ပြီးတော့မှ နိုင်ငံတကာရောက်နေတဲ့ အဖွဲ့ အစည်းတွေဆီကရော ပြည်ပနိုင်ငံအသီးသီးက မြန်မာပြည်သားတွေဆီကရော အလှူခံပြီး ရသမျှပိုက်ဆံတွေကို အိတ်ထဲထည့်ပြီး ညတိုင်း ဘီယာအကောင်းစား အရက်အကောင်းစားနဲ့ ပွဲတော်တည်ကြတော့တာပါပဲ။ သံဃာတွေကတော့ ငတ်တလှည့် ပြတ်တလှည့်နဲ့ နယ်စပ်မှာ ဒုက္ခရောက်လိုက်ကြတာ မပြောပါနဲ့ တော့။ အမေရိကန်စတဲ့တတိယနိုင်ငံတွေရောက်ပြန်တော့လဲ နေစရာကျောင်းမရှိပြန်။ ဒီကြားတဲ့ ဒီမို ဒကာတွေနဲ့ အစေးမကပ်တဲ့သံဃာတွေဆို ထောက်လှမ်းရေးသံဃာပါဆိုပြီး အပုတ်ချခံရပါသေးတယ်။ တချို့ လှူသူတွေကလဲ လူလိမ်အဖွဲ့ တွေကို မလှူကြရဲပါဘူး။ အချင်းချင်းတွေဆိုတော့ အကြောင်းသိတယ်လေ။ ဒီကို သိတဲ့ ပြည်ပရောက်ဝရမ်းပြေးထိပ်ခေါင်ကြီင်္းများဖြစ်ကြတဲ့ ပီနန်ဆရာတော်၊ အင်္ဂလန်ကဦးဥတ္တရ၊ ထိုင်းနယ်စပ်ကနေဒုက္ခသည်အဖြစ်နဲ့  အမေရိကန်ရောက်နေတဲ့ ဦးခေမာစာရ၊ဦးပညာနန္ဒတို့ က သံဃာ့ဥသျှောင်အဖွဲ့ ဆို ပြီး ရသမျှအလှူခံတော့တာပါပဲ။ အဲဒီပိုက်ဆံတွေကို ခုထိဘယ်မှာသုံးတယ်ဆိုတာလဲ စာရင်းအပြနိုင်ပါဘူး။ ၀ိနည်းအရကြည့်ရင် အဲဒီဆရာတော်တွေ ကိုယ့်သီလကိုမှကိုယ်ပြန်ဆင်ဖြင်မိရဲ့ လားဆိုတာ စဉ်းစားစရာပါပဲ။
အဲဒီအချိန်မှာ နယ်စပ်ရောက်လာပြီး သီတင်းသုံးခဲ့ဖူးတဲ့ သံဃာအချို့ ကိုမေးကြည့်တော့ သူတို့ ရတာ တပါး ဒေါ်လာတစ်ရတော့ အကူအညီရဖူးပါသတဲ့။ နောက်ပိုင်းဘာမှမလာတော့ပါဘူးတဲ့။ သေချာစုံစမ်းကြည့်တော့ ထွက်ပြေးလာတဲ့သံဃာတွေက ဒုက္ခမရောက်တော့ပါဘူးတဲ့။ ပြည်တွင်းမှာထောင်ကျနေတ့ သံဃာတွေနဲ့  ဒုက္ခရောက်နေတဲ့ သံဃာတွေကပိုအရေးကြီးတယ်ဆိုပြီး မိုးသီးဇွန်နဲ့ ပီနန်ဆရာတော်ပေါင်းပြီး ပိုက်ဆံတွေဘုန်းပစ်တယ်လို့ သတင်းထွက်လာတော့တာပါပဲ။ 






မယုံရင်ဒီကိစ္စကို နယ်စပ်ဖြတ်လာခဲ့တဲ့ ရွှေဝါရောင်နဲ့ ပက်သက်ခဲ့သူတွေအားလုံးသိကြပါတယ်။ ခုထိလဲ အဲဒီအလှူငွေတွေကို ဘယ်မှသုံးပစ်ကြတယ်ဆိုတာလဲ စာရင်းမပြနိုင်ပါဘူး။
အဓိကအမြတ်ထွက်သွားတာက ပီနန်ဆရာတော်ပါပဲ။ ကျောင်းကြီးတလုံး ကို မလေးမှာအဲပြီးသက်ဆောက်နိုင်လိုက်တယ်။ မီုးသီးကလဲ ထိုင်းနဲ့ အမေရိကန်ကို အခေါက်၂၀လောက်စားရိတ်ငြိမ်း သွားလာပြီး ထိုင်းမှာ ဖာလိုက်နိုင်တယ်။ ဂျပန်ကိုတောင် ထိုင်းဖာကမကောင်းလို့  ဂျပန်မလေးတွေဆီရောက်လာပါသေးတယ်ဆိုပဲ။ ခုလဲအမေရိကန်မှာ ဘာအလုပ်မှမလုပ်ပဲ စားနိုင်သောက်နိုင်တာပဲ စဉ်းစားကြည့်တော့ပေါ့။ အင်္ဂလန်ဦးဥတ္တရလဲ ဘဲငယ်ငယ်လေးတွေကို မွေးစားနိုင်ခဲ့ပါတယ်။ (ဒါက သူ့ ဝါသနာနဲ့ သူပေါ့။)
ရှိစေတော့ ဒါကသူ့ တို့ လည်တို့ သူတို့ မကြောက်လို့  သံဃာကိုလှူထားတဲ့ သံဃိကပစ္စည်းကို အလွသုံးစားလုပ်ရဲတာ။
သူတို့ အပြော ပြည်တွင်းကိုထောက်ပံ့ရတယ်ဆိုလို ဦးဂမ္ဘီရကို ထောက်ကထွက်ခါစမှာ အဆက်အသွယ်ရလို့ လှမ်းမေးတော့ ဘာမှထောက်ပံ့မှုမရပါဘူးတဲ့.။ ဘယ်အဖွဲ့ အစည်းဆီကမှလဲ ခုထိ အကူအညီမရဖူးပါဘူးတဲ့။ ကောင်းကြရောဗျာ။ တကယ်တော့ သံဃာတွေဟာ နိုင်ငံရေးသမားတွေရဲ့ အသုံးချမှုကို ကောင်းကောင်းခံလိုက်ရတာပါ။ အရမ်းဝမ်းနည်းစရာကောင်းတဲ့အဖြစ်ပါ။ မြန်မာပြည်ကောင်းစားရင်တောင် (လူလိမ်တွေအပြော ဒီမိုကရေစီရရင်တောင်)သံဃာဆိုတာ ရပ်ကွက်လူကြီးတောင် ဖြစ်ခွင့်ရကြမှာမဟုတ်ပါဘူး။
တကယ့် ကိုယ်ကျိုးစွန့် ပြီး ဘာမှမျှော်လင့်ချက်မရှိပဲ သတ္တိရှိရှိ စစ်အစိုးရကို တော်လှန်ခဲ့ကြတာ အင်မတန်ချီးကျူးစရာကောင်းပါတယ်။
ခုတော့လဲ ဦးဆောင်ဆရာတော်ပါ လူဝတ်လဲရတော့တဲ့အနေအထားရောက်သွားရပါ့ပေါ့။
နောက်နိုင်ငံအရေးစိတ်ဝင်စားတဲ့သံဃာတွေအတွက်ဗဟုသုတ သင်္ခန်းစာယူစရာပေါ့။
လုပ်မယ်ကြံရင် ဒီလို စားပါးကြီးတွေ ပြည်ပမှာ ဘုန်းကြီးရော လူတွေပါ အများကြီးရှိနေပါလား။ ဒို့ ကို အသုံးချဖို့  အသင့်စောင့်နေပါလားဆိုတာ အခုလိုခေတ်မီတိုးတက်နေတဲ့ အင်တာနက်ခေတ်ကြီးမှာ နဲနဲပါးပါးလက်လှမ်းမီသလောက် တီးခေါက်ကြည့်နိုင်ကြောင်း အသိပေးလိုက်ရပါတယ်ခင်ဗျာ။


Myanmar Express 


19 comments:

သူကြီး ဘစီ ကိုတော့ လေးစားသွားပြီဗျာ။ အမှန်တွေကို ထောက်ပြရဲ လို့ ပေါ့ဗျာ။
ဘုန်းကြီးတွေ အတွေးအခေါ် ပြောင်မြောက် တောက်ပ လာဘို့  ဆိုရင်၊ ဗုဒ္ဓတရားတော်တွေကို စာတွေ့ ၊ လက်တွေ့  ခေတ်အမြင်နဲ့  ပေါင်းစပ်ပြီး၊ လေ့ကျင့် သင်ကြားပေးမှကို ရလိမ့်မယ်။ သူတို့ ကိုယ်တိုင်က နိုင်ငံရေး သက္ကာယဒိဋ္ဌိ တွေများပြီး ဒေါ်စုကိုစွဲ၊ အစိုးရကို ဆဲ ဆိုတဲ့  ဥပါဒါန်တွေနဲ့  သံသရာ ရှည် နေတာကို တွေ့ နေ မြင်နေ ကြားနေရတယ်ဗျာ။

http://www.facebook.com/photo.php?v=249501115179279 အဲမှာကြည့်ကြအုန်း။

ဘုန်းကြီးတုတွေကို သင်္ကန်းတွေချွတ်ပြီး
အကုန် စစ်ထဲသွင်းပစ်လိုက်ကွာ
နိုင်ငံရေးဒီလောက်လုပ်ချင်နေရင်
သင်္ကန်းချွတ်ပြီး ယောင်္ကျားပီပီသသပေါ့
လုပ်ကြစမ်း

ကျုပ်တို့ဆီမယ်တော့
ဘုန်းကြီးတုတွေ သင်္ကန်းတကားကားနဲ့
အမိုးပွင့်ကားတွေစီးတဲ့ဒကာမတွေနဲ့
မျက်စိကိုနောက်နေတာပဲဟေ့
မသိတဲ့လူကြီးတွေကတော့
ဦးတွေချလို့

အဲဒါပေါ့ ပါးစပ်က ဘုရား ဘုရား လက်က ကားယားကားယား ဆိုတာ။

ဝါဝါမြင်တိုင်း္ဘ္ဘ္ဘအစစ်လို့မထင်လိုက်နဲ့။အခြေအနေမဲ့တွေအများကြီး စားစရာမရှိလို့လုပ်စားနေတဲ့ အတုတွေပါ။အစစ်ကရှိတော့ရှိတယ် ရှားတယ်။

You make it answer and question

"သာမဏေ ၁ ခါ ဒုလ္လဘ ၂ ခါဝတ်ဘူးတာနဲ့ သာသနာ့ဝန်ထမ်းတယ်လို့ ကိုယ့်ကိုကိုယ်ပေါ
တောတောနဲ့လျှောက်ပြောပြီး တကယ့်သံဃာ
တွေကိုတော့စော်ကားမော်ကားပြောပြီးအဝီစိ
သွားမယ့် A 1(M)စောက်ရုပ်ဆိုးလေးရဲ့စကား
တွေကိုအောက်မှာ copy ပေးလိုက်ပါတယ်"


A 1(M)29 November 2012 22:07ကျနော်ဟာဗုဒ္ဓဘာသာဝင်စစ်စစ်ပါ။သာသနာ့ဘောင်ထဲကို ရှင်သာမဏေ(၁)ကြိမ်,ဒုလ္လပါတ်ရဟန်း(၂)ကြိမ်,ဝင်ရောက်၍သာသနာ့တာဝန်ထမ်းခဲ့ပါတယ်။ရဟန်းဘဝမှာသိက္ခာတော်ပုဒ်(၂၂၇)သွယ်ကိုစောင့်ထိန်းရပါတယ်။ယ္ခုဓါတ်ပုံတွေကသံဃာတော်တွေဟာအတုအစစ်ဆိုတာကျနော်မပြောနိုင်သော်လည်း ဝီနည်းတော်နှင့်မညီတာကတော့သေချာတယ်ဆိုတာပြောရဲပါတယ်။ဆံကေသာကတုံး တုံးပြီးသင်္ကန်းရုံလိုက်တာနဲ့သံဃာတော်မဖြစ်ပါ။(သံဃာတော်မဟုတ်ပါ)စာအများကြီးမရေးလိုပါ။ကျနော်ဘာကိုဆိုလိုတယ်ဆိုတာစာဖတ်သူများသဘော ပေါက်လိမ်မည်။

ဒီမိုကရေစီ အစ စည်းကမ်းပျက်ခြင်းက
သာသနာ ဟာ မှေးမှိန်ဖို့ နီလာပါပြီး
တာဝန်ရှိ့တဲ့ ဆရာတော်များ ဘုရား အကြည်အညိုမပျက်အောင်
လုပ့်သင့်တာလုပ့် မလုပ့်သင့်တာ မလုပ့်ဖို့ သွန်သင် ဆုံးမတော်မူပါဘုရား အတု့တွေလား အစစ်တွေလား
နေရာတကာဝင်ပါနေတော့ မကောင်းတော့ဘူး
ကြာလာရင် သာသနာမှေးမှိန်သွားမှာ စိုးရိမ်ရပါတယ် ဘုရား

ဘုန်ကြီးအတုကိုပြောတာပါ။

ဒီလောက်စည်းကမ်းမဲ့ဗယုတ်သုတ်ခတိုင်းပြည်
စစ်အုပ်ချုပ်ရေးနဲ့ပဲတန်တယ်
စစ်အုပ်ချုပ်ရေးပြန်လိုချင်တယ်

သားကြီးကိုလိမ္မာယဉ်ကျေးအောင်ဆုံးမရအုံး
မယ်


မိုးသီး ဇွန် နှင့် အ ပေါင် အပါ တွေ ကို ပြည် ဝင် ခွင့် ပေး


ခဲ့ တာ အ စီုး ရရဲ့ အ မှား ပါ

ငါးပါးသီလ ရှစ်ပါးသီလ လောက်တာစောင့်ထိန်တဲ့ပုထုစဉ်တွေတောင်သီလပျက်မှာစိုးလို့ဥပုတ်စောင့်တဲနေ့ဆိုရင်တော်ရုံတန်ရုံဆိုရင်ဘယ်မှသိပ်မသွားဘူး။သိက္ခာတော်ပုဒ်(၂၂၇)သွယ်ကိုစောင့်ထိန်းနေတဲ့သံဃာတော်များကသပိတ်စခန်းဖွင့်တယ်။ဆန္ဒပြတယ်။ကောင်းကြသေးလား?ကတုံး တုံးပြီးသင်္ကန်းရုံ ပိုက်ဆံလိုက်ပြီးအလှူခံတယ်။လူသူဝေးတဲ့နေရာရောက်တော့သင်္ကန်းချွတ်ပြီးပုဆိုးဝတ်တယ်။မသိသေးတဲ့သူတွေကသင်္ကန်းရုံထားတော့သံဃာမှတ်နေတာ။တစ်ကယ်ကျတော့သံဃာမဟုတ်ဖူး။

ကျနော်သိနေ မြင်နေတာတွေကိုစာအများကြီးရေးမိရင်ဗုဒ္ဓဘာသာဝင်တွေ ဘာသာပြောင်းသွားမှာစိုးလို့စာများမရေးတော့ပါ။တစ်ခုတော့ပြောပြဦးမယ် သင်္ကန်းဝတ်ထားတဲ့ကိုယ်တော်တွေ ကမာခေါ်အိပ်တယ်။ပိုက်ဆံပေးတော့အစစ်တစ်ရွှက်ကိုအပေါ်ဆုံကထားပြီးအောက်ကစက္ကူတွေဖြစ်နေတော့ ပြဿနာဖြစ်ရော။ဟိုကမာမကလည်းဘုန်းကြီးကျောင်းအမြဲဝင်/ထွက်နေတဲ့သူဆိုမကြောက်ဖူးလေ။အဲဒါမန္တလေးမြို့ပေါ်ကကျောင်းတိုက်တစ်ခုမှာ။ရေးရင်းရေးရင်းနဲ့ပြောမဆုံးပေါင်တောသုံးတောင် တော်ပြီ။
ထို့ကြောင့်သာသနာသန့်ရှင်းရေးကိုအမြန်ဆုံးဆောင်ရွှက်ပေးကြပါ။

သာသနာ ဖျက်နေတာက မင်းတို့ တွေပါ

ကောင်းကောင်းသိအောင်ပြောပြကြ ပေါ့သူကြီး ဘစီရေ....

Whenever I feel bored, I visit to this website because it very funny and make me happy. Thank you Myanmar Express. Please continue your funny joke. One thing is that nobody believe your site.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်