Subscribe to our RSS Feed

လေဖိအားနည်းရပ်ဝန်း အားကောင်းလာနိုင်ဖွယ် ရှိခြင်းကြောင့် မိုးဆက်တိုက် ရွာသွန်းမည်

From : ခေတ်လူငယ်

ကပ္ပလီပင်လယ်ပြင်နှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင် ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် နိုဝင်ဘာ ၃၀ ရက်နေ့မှစ၍ နောက် ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။ အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် နောက် ၂၄ နာရီမှ ၄၈ နာရီအတွင်း အားကောင်းလာနိုင်ဖွယ်ရှိခြင်းကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်း၊ တောင်ပိုင်းနှင့် အောက်ပိုင်းဒေသ များတွင် ဒီဇင်ဘာလ ၄ ရက်နေ့အထိ မိုးဆက်တိုက် ရွာသွန်းမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “အားကောင်းလာနိုင်တဲ့ အခြေအနေရှိလို့ မိုးလေဝသဌာနက စောင့်ကြည့်နေပါတယ်” ဟု ၎င်းက ရှင်းပြသည်။ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်မှု အရှိန်ကြောင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဖျာပုံ၊ ဒေးဒရဲနှင့် ကျုံမငေး အစရှိသော မြို့နယ်များတွင် လွန်ခဲ့သော တစ်ပတ်ခန့်က စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် စိုက်ပျိုးပြီး စပါးစိုက်ခင်းများ ရေနစ်မြုပ်ပျက်စီးမှုများ ဖြစ်ပေါ်နေလျက်ရှိကြောင်း ဖျာပုံမြို့နယ်ရှိ စိုက်ခင်းဧက ၁၂၀ ကျော် ရေနစ်မြုပ် ပျက်စီးဆုံးရှုံးခဲ့ရသည့် တောင်သူတစ်ဦးဖြစ်သူ ဦးလွန်းက ပြောကြားသည်။ စိုက်ပျိုးပြီး၍ ရိပ်သိမ်းရန် ကျန်ရှိနေသော စပါးစိုက်ခင်းများတွင် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က စတင်၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လယ်ကွက်များ ရေနစ်မြုပ်မှုများ ဖြစ်ပေါ်နေကြောင်း၊ မိုးရွာသွန်းမှုကြောင့် စပါးရိတ်လုပ်သား ရှာဖွေမှုမရရှိခြင်းကြောင့်လည်း စပါးစိုက်ခင်းများမှာ အချိန်မီ မရိတ်သိမ်းနိုင်ဘဲ ရေနစ်မြုပ် ပျက်စီးမှုများ တွေ့ကြုံနေရကြောင်း ဧရာဝတီတိုင်း ဒေသကြီးရှိ အချို့ဒေသများတွင် မြစ်ရေ များမြင့်တက်ကာ ရေနစ်မြုပ်လျက်ရှိကြောင်း ၎င်းကဆိုသည်။ “လယ်သမားတွေလည်း ရေကို ပက်ထုတ်ပေမယ့် မိုးကအဆက်မပြတ် ရွာနေတော့ အကုန်ရေမြုပ်ကုန်တယ်” ဟု ၎င်းက မိုးကြီးရေနစ်မြုပ်မှုကြောင့် စပါးခင်းများ ပျက်စီးရပုံကို ပြောကြားသည်။ ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းမှာ လက်ရှိတွင် ဆက်လက်တည်ရှိနေပြီး အနောက်ဘက်ကိုသာ ရွေ့လျားဖွယ်ရာရှိမည် ဖြစ်ခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် မိုးအဆက်မပြတ် ရွာသွန်းနိုင်ကြောင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောကြားသည်။ “မုန်တိုင်းဖြစ်ဖို့တော့ အလားအလာ မရှိပါဘူး။ ဒီလေဖိအားနည်းရပ်ဝန်းက ပင်လယ်ထဲမှာပဲ ပျက်ပြယ်သွားမှာပါ” ဟု ၎င်းကဆိုသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၇ နာရီအချိန် တိုင်းတာချက်များအရ ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ဆက်လက် တည်ရှိနေသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနသာင်္ရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးရွာမည်ဖြစ်ပြီး မြစ်ဝကျွန်းပေါ် မုတ္တမကွေ့နှင့် မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။  

 Myanmar Express 

6 comments:

သတင်းထက်ဓာတ်ပုံကပိုပြီးစိတ်ဝင်စားဖို့ကောင်းတယ်

ရုပ်ဆိုး လေး ဆိုပြီမင်းကို နေက်နေတဲ့ သူက မင်းယောက် ဖလား?

မင်းကအတုပါ။အစစ်ကအပေါစားအလုပ်တွေမလုပ်ဖူးကွ။

ဓါတ်ပုလေးကိုပဲ ကြည့်ဖြစ်တယ်။

မင်းပဲစဉ်းစားကြည့် မင်းတိုနဲ့  အဆင်မပြေတဲ့သူက တစ်ယောက်မှမကောင်းဘူး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်