Subscribe to our RSS Feed

အမေရိကန် အထက် လွှတ်တော်၏ ကာကွယ်ရေး မူဝါဒဆိုင်ရာ ဥပဒေကြမ်းကို တင်သွင်း ဆွေးနွေးမည်

From : မြဝတီ



အမေရိကန် အထက် လွှတ်တော်၏ နှစ်စဉ် ကာကွယ်ရေး မူဝါဒ ဆိုင်ရာ ဥပဒေ ကြမ်းကို မကြာမီ တင်သွင်း ဆွေးနွေး မှုများ ပြုလုပ် ကြမည် ဖြစ်ကြောင်း အထက် လွှတ်တော် အမတ် များနှင့် လ
က်ထောက် များက နိုဝင်ဘာလ ၂၇ ရက် နေ့တွင် ပြောကြား ခဲ့ကြ ပါသည်။ အဆိုပါ ဥပဒေ ကြမ်း၏ အစိတ်အပိုင်း တစ်ခုအဖြစ် အီရန် နိုင်ငံ အပေါ် ပိတ်ဆို့မှု အသစ်များ ပြုလုပ်မည့် အစီ အစဉ်လည်း ပါဝင်ကြောင်း သိရှိ ရပါသည်။

အဆိုပါ ပိတ်ဆို့မှုများ အရ ကမ္ဘာ့ နိုင်ငံများ အနေဖြင့် စွမ်းအင် ကဏ္ဍ၊ သင်္ဘော တည်ဆောက်ခြင်းနှင့် သတ္တု ကဏ္ဍများတွင် အီရန် နိုင်ငံနှင့် ကုန်သွယ်မှု များကို လျှော့ချ သွားရမည် ဖြစ်ပါသည်။ ယခု ပြုလုပ်မည့် အဆိုပြုချက် အသစ်သည် လွန်ခဲ့သည့် တစ်နှစ်ခန့်က အမေရိကန် နိုင်ငံ၏ အီရန် အပေါ် ပိတ်ဆို့မှုများ အပေါ်တွင် ထပ်မံ ဖြည့်စွက် သွားမည် ဖြစ်ပါသည်။

ယခင် ပိတ်ဆို့မှုများ အရ အီရန် နိုင်ငံမှ ရေနံ တင်သွင်းမှု များကို ပိတ်ဆို့ လျှော့ချမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အီရန်နိုင်ငံ အနေဖြင့် နျူကလီးယား လက်နက် များတွင် အသုံးပြု နိုင်သည့် ယူရေနီယမ် များ အဆင့် မြှင့်တင်ခြင်းကို ရပ်တန့်စေရန် ဖိအားပေးခြင်း ဖြစ်ကြောင်း သိရှိ ရပါသည်။ အီရန် နိုင်ငံကမူ ၎င်း၏ နျူကလီးယား လုပ်ငန်း စဉ်များသည် အရပ်ဘက် ဆိုင်ရာ လုပ်ငန်းများ အတွက်သာ ဖြစ်ကြောင်း အမြဲတစေ ပြောကြား ခဲ့ပါသည်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်