Subscribe to our RSS Feed

ရဟန်းတော်များ လမ်းပေါ်ထွက် ဆန္ဒပြခြင်းသည်မည်သည်.သိက္ခာပုဒ်ဖြင်.ငြိစွန်းနေပါသနည်း?

From : ဦးကိုကို



 မေး ။……….။ တပည့်တော် ရိုသေစွာမေးလျှောက်အပ်ပါသည်ဘုရား၊ ရဟန်းတော်များ လမ်းပေါ်ထွက် ၍ ဆန္ဒပြခြင်းသည် မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း။ 

 ဖြေ။…………။ ဒီမိုကရေစီ မေးခွန်းဖြစ်တယ်။(ရယ်သံများ) ပက္ကာသနိယကံလုပ်တာ အခုရှင်းပြမယ်။ မြို့ထဲမှာ ဆန္ဒပြတယ်ဆိုတဲ့အခါမှာ သင်္ကန်းရုံပြီး ဝိနည်း သိက္ခာပုဒ် မဖောက်ဖျက်ရင်တော့ ဆန္ဒပြတယ်ဆိုတာနဲ့ သိ က္ခာပုဒ်ငြိစွန်းစရာ အကြောင်းမရှိဘူး။ ဆန္ဒ ကိုထုတ်ေ ... ဖ်ာတာ အများကို သိအောင် လုပ်တယ်ဆိုတဲ့နေရာမှာ တစ်ခုတော့မှတ်ရမယ်…Strike နဲ့ Riot ကိုကွဲအောင် ကြည့်ရမယ်။ Strike လုပ်တာလား Riot လား Riot ဆိုတာ အကြမ်းဖက်တဲ့ အ ဓိကရုဏ်းလုပ်တာ ဖျက်စီးတာ ဟိုဟာ ဒီဟာတွေ ဖျက်စီးတယ် အဲဒါဆိုရင်Riot လို့ခေါ်တယ်၊ Riot မဟုတ်ဘဲ Strike ဆိုတာ ကိုယ့်ဆန္ဒကို ထုတ်ဖော်ပြ တာပဲ။ ဥပမာ Hungier Strike ဆိုရင် သူ့ဟာသူ အိပ်နေတာပဲလေ အဲဒီတော့ Strike ဆိုရင် အပြစ်ဖြစ်စရာ အကြောင်းမရှိပါဘူး။ 

 ဥပမာတစ်ခု ပြောပြ ရမယ် ဆိုရင် ဆန္ဒပြတယ်လို့ ခုခေတ်လို ခေါ်ရင်ခေါ်ရမှာပေါ့ ဆန္ဒထုတ်ဖော် တယ်လို့ ထုတ်ဖော်တာနဲ့ ပြတာ ဘယ်ကွဲတယ် ထင်သလဲ… (ရယ်သံများ) စကားကလည်း ယဉ်ယဉ် ကျေးကျေးလေး သုံးတဲ့အခါ မှာ တစ်မျိုး ပေါ့နော်…အဲဒီတော့… ဒေဝဒတ်ပြဿနာ ပေါ်လာခါနီးမှာ ရှင်သာရိပုတ္တရာနဲ့ ရဟန်းတွေ ဟာ ရာဇဂြိုဟ် မြို့ထဲမှာ ဆန္ဒပြ တယ်။ (ကြားဖူးကြလား) (မကြားဖူးပါဘုရား) မကြားဖူးဆိုရင် ပြော ပြမယ်။ ဒေဝဒတ်က မြတ်စွာ ဘုရားကိုဆန့်ကျင်ပြီးတော့ သူရာဇဝတ်အမှုမကင်းတဲ့ အလုပ်တွေကို လုပ်တော့မယ်ဆိုတာ ဘုရားက သိတယ်။ သိတဲ့အခါကြတော့ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကို ဦးဆောင်ခိုင်းပြီးတော့ ပကာသနိ ယကံဆိုတာကို ပြုခိုင်းတယ်။ ပကာသနိယရဲ့ အဓိပ္ပာယ်က ဘာလဲ ဆိုတော့ ဒေဝဒတ်ရဲ့ သဘော ထားနဲ့ ဘုရားသာသနာမှာ ကျန်တဲ့ရဟန်းတွေရဲ့ သဘောထားမတူ တာကို ထုတ်ဖော်ပြတာ ဒါလည်း ဆန္ဒပြတာပါပဲ။ ဒီလိုထုတ်ဖော်တာကို ရာဇဂြိုဟ်မြို့ထဲမှာရှင်သာရိ ပုတ္တရာ ခေါင်းဆောင်ပြီးတော့ လိုက်ပြောရတယ်။ ဒေဝဒတ်ရဲ့ သဘောထားဟာ အရင်တုန်းကတစ်မျိုး အခုတစ်မျိုး ဖြစ်နေပြီ။ ဒေဝဒတ်လုပ်သမျှကိစ္စတွေဟာ သာသနာနဲ့မဆိုင်ဘူး။ ကျန်တဲ့ရဟန်းတွေနဲ့ မဆိုင်ဘူး။ ဒေဝဒတ်နဲ့သာဆိုင်တယ်ဆိုတာကို ထုတ်ဖော်ကြေငြာပြီး မြို့ထဲမှာ လှည့်လည် ပြောတာရှိတယ်။


 အဲဒါကို တစ် နည်းအားဖြင့်ပြောရရင် ဒါဆန္ဒပြတာပါပဲ။ အဲဒီလို ပြသင့်တဲ့ အချိန်မှာပြတာ အကောင်းဘက်ကို ဦး တည်ပြီးတော့ ပြတာ၊ အပြစ်ရယ်လို့ပြောစရာအကြောင်းမရှိဘူးပေါ့။ ခုနလို Riot လိုမျိုးဆိုရင်တော့ မီးရှို့မယ်၊ ဖျက်စီးမယ်ဆိုရင် မီးရှို့တယ် ဖျက်စီးတယ်ဆိုတဲ့ အပြစ် တော့ ရှိတယ်ပေါ့။ ဒါကို Riot လို့ ခေါ်တယ်။ Strike ဆိုတာကြတော့ ကိုယ့်ဆန္ဒကို ထုတ်ဖော်တာ အများသိအောင် ကြေငြာတာတော့လုပ်ရတာ အဲလိုလုပ်ခြင်းကြောင့် မည်သည့်သိက္ခပုဒ်နဲ့ ငြိစွန်းပါ သနည်းလို့ဆိုရင် ... မြတ်စွာဘုရားက “ချစ်သား ရဟန်းတို့ ဆန္ဒမပြရဘူး ဆန္ဒပြရင် အာပတ်သင့်စေ”ဆိုတာမရှိဘူး အဲဒီ တော့ ဥပဒေမရှိသည့်အတွက်ကြောင့် ဘယ်သိက္ခပုဒ်နဲ့မှ ငြိစွန်းစရာ မရှိဘူး။ သို့သော် ငြိစွန်းနိုင်စရာ ဆိုလို့ မြို့ထဲရွာထဲသွာရင် သင်္ကန်းရုံသွားရမယ်၊ မျက်လွှာချပြီး သွားရမယ်ဆိုတဲ့ သေက္ခိယ သိက္ခပုဒ် မှာ လိုက်နာရမယ့် ဟာလေးတွေ ရှိတယ်။ အဲဒီအတိုင်း လိုက်နာရင်တော့ ဒါဟာဆန္ဒပြတာနဲ့ မဆိုင် ဘူး သွားတာလာတာနဲ့ ဆိုင်တယ်ပေါ့။ အဲဒီလိုသာရှိတယ် ဒီတော့ ဒီမေးခွန်းက အဲဒီလိုသာ မှတ်ရမယ်။

 Myanmar Express 

29 comments:

ဘယ်ကျမ်းစာပိုဒ်မှာ
ဘုရားသားတော်များနိုင်ငံရေးလုပ်ရမယ်လို့
ဟောခဲ့ပါသလဲ

kyay zu ber ,, ashin fa yar doo.. kyan mar kya ber zar,, di loo myar mayr shin pya pay ber,, pi dot.. luu myo yay .. naing nyan yay atyut myar mayr san da pya pay kya ber,,

htae yay war da. myar

ဘာသာရေးအတွက် ကတော့ဟုတ်ပါပြီ လောကီရေးအတွက်ရော ဆန္ဒပြလို့ရမရ အာပတ်သင့် မသင့် သိချင်ပါသေးတယ် ဗုဒ္ဓဘာသာဝင်ဒါယကာ ဒါယိကာမတွေအနေနဲ့ကတော့ ကိုယ့်ဆရာတော်ကို ဝါတော်လေးငါးဆယ်ပုဂ္ဂိုလ်ကြီးလိုတည်တည်ငြိမ်ငြိမ်အေး အေးချမ်းချမ်းမြင်ချင်တာပေါ့လေ။

ကျောင်းသားသမဂ္ဂဘဝ တက္ကသိုလ်ကျောင်းတော်သားကြီးတဦးက ပါဠိစာပိုက်လေးတပုဒ်ရွတ်ပြပါသတဲ့ အဓိပ္ပါယ်ကတော့ ရဟန်းတွေ နိုင်ငံရေးမလုပ်ရဘူးလို့ဘုရားကမိန့်ကြားပါ သတဲ့ အဲဒီကျောင်းသားဘယ်သူလဲ? သူရွတ်ပြတဲ့ပါဠိ စာသားလေးက ဘယ်လိုလဲ? ဆိုတာ သိတဲ့သူ ဖေါ်ပါ။

ဘာမှမယ်မယ်ရရ အလုပ်မရှိတော့ လမ်းပေါ်ထွက်လမ်းသလားတာ
၁၀၉-၁၁၀ ပေါ့ ..
မြန်မာလို့ မေးတာ..မြန်မာလိုအပြည့်အ၀နဲ့ ပြန်ဖြေပေးပါ
ဗိုလ်တ၀က် - e တ၀က်နဲ့ မပြောပါနဲ့ 
ဘာဘုန်းကြီးလဲ ..

ဘာသာရေးကိုအကြောင်းပြ ကလေကခြေလုပ်နေတာပါ။ရှက်စရာသိပ်ကောင်းတယ်။သူများယောင်လို့ယောင် အမောင်တောင်မှန်းမြောက်မှန်းမသိတွေ။

What kind of u r mother fucker u want monk cant' strike is it...

အမျိုးဘာသာ သာသနာအတွက် မဟုတ်တဲ့ လုပ်ရပ်မျိုးကို ေထာက်ခံသင့် ရဲ့လား

ကျောင်းသားသမဂ္ဂ ဘဝ တက္ကသိုလ်ကျောင်းသား ဆိုရင် သခင်အောင်ဆန်း လို့ထင်ပါတယ် ဟုတ်တယ် ဘုန်းကြီး ရဟန်းတွေ နိုင်ငံရေးမလုပ်ဘူးလို့ ဘုရားဟောပါဌိ ရွတ်ပြတယ် လို့မှတ်သားဘူးတယ် ဆန္ဒပြတယ်ဆိုတာ နိုင်ငံရေးလုပ်တာဘဲ အစိုးရဘဲဖြစ်ဖြစ် ပြည်သူလူထုဘဲဖြစ်ဖြစ် ဗုဒ္ဓဘာသာတွေဘဲဆိုရင် ကိုယ့် ဒကာတွေချည့်ဘဲမဟုတ်လား ရဟန်းသံဃာက ညှိနှိုင်း ပေးရမှာ တရားဟောပေး ဖြန်ဖြေပေးရမှာ တစ်ဖက်တည်း ပါနေတယ် တစ်ဖက်ဖက်ပါနေတယ်ဆိုရင် ဘုရားလမ်းစဉ် နဲ့ ဆန့်ကျင်နေတာမို့ မကောင်းဘူးပေါ့ ကို
်တော်တွေ မှားနေရင် သူတို့ရဲ့ ဆရာတွေဆုံးမပါလိမ့်မယ် အင်း ဆရာတော် ဦးဝိစတ္တ သာရာဘိဝံသကိုလွမ်းလှ ပါတယ်

သူတပါး(ဥပမာ အာဏာပိုင်) ခွင့်မပြုတဲ့ အခွင့်အရေးကို ယူတာ ဒုတိယပါရာဇိကကံ နဲ့ မငြိဘူးလား။

မြတ်ဗုဒ္ဓက ရှင်သာရိပုတ္တရာကိုခိုင်းတာ သာသနာတော်
အတွက်သိပ်ကိုအရေးကြီးလို့ပါ။အခုဖြစ်နေတဲ့ကိစ္စ
တွေကလောကီအရေးပါ။ အိုဘာမားကို ကြိုနေတဲ့
ဘုန်းကြီးတွေကိုကြည့်ပြီး ပြည်သူအများစုကရှက်ကြ
စိတ်ပျက်ကြမှာပါ။တခြားဘာသာရေးခေါင်းဆောင်တွေ
လာကြိုတာရှိလား? လုပ်မယ့်လုပ်ရင်လည်း တိဗက်
ဘုန်းတော်ကြီးတွေလို လုပ်လိုက် ။

Buddhist monks were banned from ten meats. Two of them were horse meat and elephant meat. Those meats were somehow related with the kings' matters, therefore, monks were restricted from them.
Buddha might not want any conflicts/problems/etc between Buddhist procedure and Kings' procedure.
In other words, Buddhist monks should not be obstacle for kings/governments.

ပုံ ထဲ က ကိုယ် တော် တ ချို က ဝတ် ရုံ တောင် သေ ချာ မ ယုံ တတ် ဘူး

you should study English.it's international
language and must study how to speak politely.ok?mother fucker..bastard

ရ တ န သုတ် ပ ရိတ် တော် နိ ဒါန်း ကို နား လည် သ ဘော ပေါက် အောင် ဖတ်။ ဒါ မှ နား မ လည် သေး ရင် ဓမ္မပဒ အဋ္ဌကထာ ဝိဋဋူဘ ဝတ္ထုတော်ကို ဖတ်။ ဒါ မှ နား မ လည် သေး ရင် ကိုယ်ကိုတိုင် ဘုန်းကြီး ဝတ်ပြီး အဲဒါဆို သေချာပေါက် နားလည်လာလိမ့်မယ်။

[ အိမ်နီးချင်းနိုင်ငံတွေအားလုံးနဲ့ အဆင်ပြေဖို့၊ မိတ်ဆွေကောင်းတွေလို ရပ်တည်ဖို့ ကျွန်မတို့ လိုလားတယ်။ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ဖို့ဆိုရင် မတူညီတဲ့သဘောတရားတွေကိုညှိနှိုင်းပြီးတော့ သဘောတူညီမှုတစ်ခု ရအောင် ကျွန်မတို့ ကြိုးစားရမှာဖြစ်ပါတယ် ]

ဒေါ်စု ညာနေသည်။လိမ်နေသည်
အပြောနဲ့အလုပ်နဲ့မညီ
ပြသနာဖြစ်ရင်အမြဲခေါင်းရှောင်နေတတ်သောဒေါ်စု
အတိုက်အခံခေါင်းဆောင်တဦးဖြစ်ပြီး

အိမ်နီးချင်းဖြစ်တဲ့ကွန်မြူနစ်စနစ်ကျင့်သုံးတဲ့
လာအို နဲ့ တရုတ်နိုင်ငံကိုလုံးဝမသွားပါ

သူ့လင်ကြီး၊လင်ငယ်များရှိတဲ့ (သိက္ခာမရှိလူရှေ့မှာဗြောင်နမ်း)
လို့ရတဲ့ အမေရိကန် ၊ ဥရောပ ၊ ကုလားပြည် တို့ဘဲသွားပြီး
ကိုယ့်နာမယ်ကိုယ်ကြီးအောင်လုပ်နေပါသည်

လာအို နဲ့တရုတ် ကိုသွားရင်(သိက္ခာမရှိလူရှေ့မှာဗြောင်နမ်း)
လို့မရပါ ၊ ထိုနိုင်ငံတွေကလည်းဘာဆုတွေမှမပေးလို့
မသွားပါ

ဒါကြောင့်ဒေါ်စုသည် တိုင်းပြည်အတွက် ထက်သူ့ကိုယ်
သူ နာမယ်ကြီးအောင်သာလုပ်နေသောနိုင်ငံရေး အမြတ်ထုတ်သူ
တဦးဖြစ်ကြောင်းထင်ရှားလှပါသည်
.

ဘာသာတရားကိုင်းရှိုင်းတဲ့ မြန်မာတွေရဲ့ပျော့ကွက်ကို
ကိုင်တဲ့ အဖျက်သမားများကို သတိထားသင့်ပြီ
ဝါဝါမြင်ထိုင်ရှိခိုး ကြည်ညိုတတ်တဲ့မိန်းမတွေ
အဘွားကြီးတွေ အတွေးရင့်သန်သင့်ပြီ
ဥာဏ်ကိုလွှာသုံးကြပါ

သံဃာဆိုတာ လောကီရေးရာဆန္ဒကို ရှေ့တန်းမတင်ကောင်းပါဘူး။

ဘယ်ကျမ်းစာပိုဒ်မှာ
ဘုရားသားတော်များနိုင်ငံရေးလုပ်ရမယ်လို့
ဟောခဲ့ပါသလဲ

ယခုကိစ္စမှာတော့လူပုဂ္ဂိုလ်နဲ့(၃)ရက်ထက် ပို
ပြီးတမိုးအောက်မှာအတူတူအိပ်တဲ့အာပတ် သင့်နိုင်ပါတယ်။

သ င်္ကန်း ကို လက် နက် လို မ သုံး သင့်ပါ သံ ဃာ တော် အ ပေါင်း တို့ ဘု ရား
အခုတလော ဖြစ်ပျက်နေတာတွေကိုကြည့်ပြီး စိတ်မချမ်းသာလွန်းလို့ ဒီစာကို ရေးလိုက်ရတာပါ။ လက်ပံတောင်း တောင်ကိစ္စ နဲ့ နောက်ဆက်တွဲ သံဃာတော်တွေဆန္ဒပြမှုတွေကိုပေါ့ ။ ဘယ်ဘက်ကမှန်လဲ ဘယ်ဘက်ကမှားတာလဲဆိုတာကိုတော့မပြောလိုတော့ပါဘူး။ ဒါပေမဲ့ ရဟန်းသံဃာဆိုတဲ့ ကိစ္စကိုတော့ နဲနဲဝေဖန်ကြည့်ချင်တယ်။ ရဟန်းဘာလို့ဝတ်တာလဲ ။ မဆုံးနိုင်တဲ့ သံသရာကြီးမှာ အဖန်တလဲလဲ ဖြစ်ပျက်နေတဲ့ အိုနာသေ ဒုက္ခတွေက လွတ်မြောက်ရာလွတ်မြောက်ကြောင်း ဖြစ်တဲ့ နိဗ္ဗာန် ကို ရောက်အောင် တရားအားထုတ်ဖို့ ကိစ္စများမြောင်လူတို့ဘောင်ကို စွန့်ခွာလိုက်တာလို့ပဲ တပည့်တော်ကတော့မြင်ပါတယ်။ ရဟန်းဘ၀ ရောက်တော့ ဘာဆက်လုပ်မလဲ ။ မြတ်စွာဘုရား ဟောကြားတော်မူ ခဲ့တဲ့ တရားတော်တွေ နဲ့အညီရဟန်းကိစ္စ ပြီးမြောက်အောင် တနည်းပြောရရင် သံသရာကလွတ်မြောက်အောင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်အောင် အရဟတ္တဖိုလ်ဆိုက်အောင် ကြိုးစားအားထုတ်ရမှာ မဟုတ်ဘူးလား ခင်ဗျာ ။ ကိုယ်နဲ့ထိုက်တန်တဲ့ တရားထူးတရားမြတ်တွေ ရပြီဆိုရင်တော့ လူတွေကို တရားပြ တရားဟော နည်းလမ်းတွေနဲ့ ကယ်တင်လို့ရပါပြီ ။ ဒါကြောင့် လူတွေ ရဲ့ဒုက္ခတွေ ကို ကယ်တင် ချင်တယ်ဆိုရင် ကိုယ့်ကိုကိုယ် အရင်ကယ်တင်သင့် ပါတယ်။မြတ်စွာဘုရားတောင် အရင်ဆုံး လောကီချမ်းသာတွေကို စွန့် တရားထူးရှာ ဘုရားဖြစ်အောင် အရင်လုပ်ပြီးမှ လူတွေကို တရားပြ ကယ်တင်ရသေးတာပဲ ။ အခုတော့ ဟိုနေရာလဲပါ ဒီနေရာလဲပါ ဟိုမှာ ဆန္ဒပြ ဒီမှာ ဆန္ဒ ပြ သူတို့တွေ ချည်းပါပဲလား ။လူ့ဘောင်ကို စွန့်ခွာပြီးမှ ဘာလို့ လူတောပြန် တိုး ချင်ရတာလဲ ။ ကိုယ်ထွေးတဲ့ တံတွေးကို ပြန်မျို သလို မဖြစ်နေ ဘူးလား ။ လူတွေ ဒုက္ခ ရောက်နေတာ မကြည့်ရက်လို့ နေရာတကာ ပါချင်တယ်ဆိုလဲ လွယ်ပါတယ် ။ လူဝတ်သာ လဲလိုက်ကြပါတော့ ။ အခုတော့ သင်္ကန်း ကို လက်နက် လို အသုံးချ နေတာ ဘယ်လိုမှ မြင်မကောင်း ပါဘူး ။ လူဝတ်လဲလိုက်ပါ ။ ပါတီထောင်ပါ ။ လူမှူရေး အဖွဲ့ဖွဲ့ပါ ။ နောက်ဆုံး လမ်းပေါ်ဆန္ဒပြရုံ မကလို့ အသေခံ ဗုံးခွဲချင်လဲ ခွဲပါ ။ လူဖြစ်ရင် လူတွေလုပ် နိုင် သလောက် အကုန်လုပ်လို့ရပါပြီ ။ တပည့်တော် တို့လူတွေ ကကော ရဟန်းသံဃာ ကိုဘာကြောင့် ကိုးကွယ်တာလဲ ။ လောကီရေးရာ တွေမှာ အားကိုးချင်လို့လား ။ လောကီရေးရာမှာ အားကိုးဖို့က သူ့နေရာနဲ့သူု အားကိုးစရာတွေ ရှိပါတယ် ။ ဆရာဝန် ၊ အင်ဂျင်နီယာ ၊ ရှေ့နေ ၊ တရားသူကြီး ၊ ဗေဒင်ဆရာ ၊ ကားဆရာ ၊ ဆိုက်ကားဆရာ နောက်ဆုံး ပွဲစား ၊ ဧည့်ကြို ကအစ သူ့နေရာ နဲ့ သူ လောကကြီး ကပြည့်စုံ ပြီးသားပါ ။ဒါကြောင့်လဲ မြတ်စွာဘုရား က ရဟန်းတွေကို ဆေးကု ဗေဒင်ဟော မလုပ်ရ ဘူးလို့ တားမြစ် ခဲ့တာပေါ့ ။ တကယ်တော့ လူတွေက ရဟန်းသံဃာ တွေကို အားကိုးတယ် ကိုးကွယ်တယ် လှူဒါန်းတယ် ဆိုတာ ကိုယ်တွေ မလုပ်နိုင်တဲ့ လောကုတ္တရာ ရေးရာ အတွက်ပါ ။ လောကီစည်းစိမ် တွေကို စွန့်ခွာပြီး သံသရာက လွတ်မြောက် ရာလွတ်မြောက် ကြောင်း အားထုတ်မဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ် မြတ်တွေကို ကြည်ညို သဒ္ဓါပွား ပြီးကိုးကွယ်တာပါ ။ သူတို့တရားထူး ရရင် ငါတို့ကိုလဲ လမ်းညွှန် ပြသပေးနိုင် မယ်ဆိုတဲ့ မျှော်လင့်ချက်ကလေးလဲ ရှိတာပေါ့ ။ တကယ်လို့ ကိုယ်တွေကိုးကွယ် တဲ့ပုဂ္ဂိုလ် တွေဟာ ကိုယ်တွေလိုပဲ ဆိုရင် ဘာလို့ကိုးကွယ်နေရဦးမှာလဲ ။ ဘာလို့ နှိမ့်ချ ရိုကျိုးပြီး ဦးချနေရဦး မှာလဲ ။ ဘာလို့ စားဦးစားဖွယ်တွေ ဆက်ကပ်လှူဒါန်း နေရဦးမှာလဲ ။ လူလူချင်း ပဲ ဖြစ်နေတာကိုး ။ လူတွေဘက်ကလဲ ရဟန်းသံဃာတွေကို ခေါင်းခံ ခိုင်းတဲ့ ကိစ္စတွေ မလုပ်သင့်ပါဘူး ။ နောက်ကွယ်က သွေးထိုးပေး တဲ့ လူတွေက တော့ ကိုယ်ပြုသောကံ ကိုယ့် ထံပြန် မှာပါ လို့ပဲပြောချင်ပါတယ် ။ သံဃာတော်တွေအနေနဲ့လဲ ကိုယ်လုပ်သင့် လုပ်ထိုက် တဲ့ ကိစ္စ ကိုယ့်ဘာသာ ဆုံးဖြတ်ပါ ။ ထေရ၀ါဒ ဗုဒ္ဓ ဘာသာ နိုင်ငံ လို့ နာမည်ကြီးနေတဲ့ တပည့်တော် တို့ မြန်မာ နိုင်ငံ မှာ ထေရ၀ါဒ မစစ်သေးတဲ့ ဗုဒ္ဓ ဘာသာဝင်တွေ အများကြီး ရှိနေပါသေးတယ် ။ တရားစခန်း တွေဖွင့် ပါ ။ တရားဟောပါ ။ မိဘ မဲ့ ကလေးတွေကို စောင့်ရှောက်ရင်း ဗုဒ္ဓ ဘာသာ စစ်စစ် ဖြစ်အောင် သွန်သင်ဆုံးမ ပါ ။ ဗုဒ္ဓ ရဲ့ တရားတော်တွေ ကို တကယ် နားလည်သဘော ပေါက် တဲ့ ဗုဒ္ဓ ဘာသာဝင် တွေ များလာရင် ဘာသာခြားတွေ ရဲ့ ဘယ်လိုသွေးဆောင် မှုမျိုးကို မှ လက်ခံ ကြတော့မှာ မဟုတ်ပါဘူး ။ အမျိုး ၊ ဘာသာ ၊ သာသနာ ကို ဒီလိုနည်းလမ်းတွေ နဲ့ စောင့်ရှောက်ပါ ။ လမ်းပေါ်က ကိစ္စတွေ ကို လူတွေ အတွက် ပဲ ထားလိုက် ပါ ။ ဆန္ဒ ပြ ဖို့ကို လူတွေကို ပဲ လွှဲလိုက်ပါ ။ လူတွေကို ဦးဆောင်မဲ့ လူထုခေါင်းဆောင် တွေရှိပါတယ် ။ အရှင်ဘုရား တို့ က မေတ္တာ နဲ့ ဘာဝနာ ကို ပဲလက်နက် အဖြစ် အသုံး ပြုပါ ။ သင်္ကန်းကို အားနာပါ ။ သင်္ကန်း အားကိုး အမိုက် မတိုးကြပါနဲ့ အရှင်ဘုရားတို့ ဘုရား ။

အပေါ်ကလူပြောတာ မှန်တယ်ဗျို့ ဒီလိုလူတစ်ပိုင်း သင်္ကန်းတစ်ပိုင်းကောင်တွေကိုမြင်ပြီး သိက္ခာရှိပါတယ်ဆိုတဲ့ ဘုန်းကြီးတွေကိုတောင် မကြည်ညို မလေးစားချင်တော့ဘူး

စောက်ရုပ်ဆိုးလေး
ပါလေရာငါးပိချက်

A1(M) စောက်ရုပ်ဆိုးလေး
နိုင်ငံရေးလည်းနားမလည်
ဘာသာရေးလည်းနားမလည်
လူမှုရေးလည်းနားမလည်
ယဉ်ကျေးမှုလည်းမရှိဘဲနဲ့ဘာတွေလျှောက်ရေးနေတာလဲကွ

A1(M) စောက်ရုပ်ဆိုးလေး
နိုင်ငံရေးလည်းနားမလည်
ဘာသာရေးလည်းနားမလည်
လူမှုရေးလည်းနားမလည်
ယဉ်ကျေးမှုလည်းမရှိဘဲနဲ့ဘာတွေလျှောက်ရေးနေတာလဲကွ

ကာလဒေသနဲ့ လုပ်ရပ်က ဆုံးဖြတ်ပါလိမ့်မယ်။

ငပိချက်ကိုမင်းပဲစား ငါကတော့မကြိုက်ဖူး။

A1(M)စောက်ရုပ်ဆိုးလေး
မင်းကငပိချက်ဘယ်စားမလဲ
နှပ်ချေးပဲစားနေတာကိုးကွ

dec1 21 49 နဲ့ ရေးထားတာကောင်းတယပ်ျှာ
အွှမ်းသဘောကျပါတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်