Subscribe to our RSS Feed

စပိန် နိုင်ငံ၏ ဆိုးရွားသည့် စီးပွားရေး အခြေ အနေ များကြောင့် အလုပ် လက်မဲ့နှုန်း မြှင့်တက်မည်

From :မြဝတီ



စပိန် နိုင်ငံ၏ အလုပ်လက်မဲ့ နှုန်းသည် လာမည့် ၂ဝ၁၃ ခု နှစ်တွင် ၂၆ ဒသမ ၉ ရာခိုင်နှုန်း အထိ မြင့်တက် လာနိုင်ကြောင်း နိုဝင်ဘာလ ၂၇ ရက် နေ့တွင် ထုတ်ပြန် ခဲ့သ
ည့် ''စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့'' (OECD) ၏ အစီရင် ခံစာအရ သိရှိရ ပါသည်။

အဆိုပါ ခန့်မှန်းချက် အရ စပိန် နိုင်ငံ၏ ဆိုးရွားသည့် စီးပွားရေး အခြေအနေ များကြောင့် လူဦးရေ ၆ သန်း ကျော်သည် လုပ်ငန်းခွင် များမှ ထွက်ခွာ ရမည် ဖြစ်ပါသည်။ စပိန် နိုင်ငံ၏ အသားတင် ထုတ်လုပ်မှု တန်ဖိုး (ဂျီဒီပီ) သည် ၂ဝ၁၂ ခု နှစ်တွင် ၁ ဒသမ ၃ ရာခိုင်နှုန်း လျော့ကျ နိုင်ဖွယ် ရှိပြီး လာမည့် ၂ဝ၁၃ ခု နှစ်တွင်မူ ၁ ဒသမ ၄ ရာခိုင်နှုန်း အထိ လျော့ကျ သွားဖွယ် ရှိနေ ပါသည်။ ယခု ၂ဝ၁၂ ခု နှစ်အတွက် အလုပ်လက်မဲ့ နှုန်းမှာ ၂၅ ရာခိုင်နှုန်း ရှိနေလိမ့် မည်ဟု အစီရင် ခံစာတွင် ဖော်ပြ ထားပါသည်။

မေလအတွင်း ထုတ်ပြန် ခဲ့သည့် ၂ဝ၁၂ ခု နှစ်အတွက် ခန့်မှန်းချက် များမှာ အကောင်းဘက်မှ ရှိနေ ခဲ့သော်လည်း ၂ဝ၁၃ ခု နှစ်အတွက် ခန့်မှန်းချက် များမှာမူ လွန်စွာပင် ဆိုးရွားလျက် ရှိကြောင်း သိရှိ ရပါသည်။



Myanmar Express 

4 comments:

သို့

myanmarexpressခင်ဗျာ
ကျွန်တော့်ရဲ့commentကိုcommentတစ်ခုအနေနဲ့မဖော်
ဘဲသတင်းတစ်ခုအနေနဲ့ဖော်ပြပေးစေလိုပါတယ်။ကျွန်တော်မခံစားနိုင်တော့လို့ရေးလိုက်ရတာပါ။မြန်မာပြည်မှာအစိုးရပိုင်ကလေးဆေးရုံတွေရှိပါတယ်။မန္တလေးခုတင်ငါးရာဆံ့ကလေးဆေးရုံအကြောင်းကိုပြောပြချင်ပါတယ်။လူတိုင်းဆေးရုံကိုပျော်လွန်းလို့လာတတ်ကြတာမဟုတ်ပါဘူး။ကျန်းမာရေးကြောင့်သာတတ်ကြတာပါ။ချမ်းသာတဲ့မိဘတွေကသားသမီးတွေကိုအထူးကုဆေးခန်းမှာပြနိုင်ပါတယ်။ဆင်းရဲတဲ့မိဘတွေကတော့မရှိရှိတာလေးတွေကိုပေါင်နှံ
ရောင်းချချေးငှားပြီးအစိုးရဆေးရုံကိုအားကိုကြတာပါ။ဒါပေမဲ့ဗျာဆေးရုံရောက်ပြီဆိုတာနဲ့nurseတွေကတာဝန်ဝတ္တရားအရလုပ်နေတာပါ။ဒီကြားထဲ့nurseတွေရဲ့အဆူအဟောက်တွေကိုအမြဲခံနေရတာပါ။ပြည်သူတွေကတော့ကိုယ့်သားသမီးလေးကောင်းဖို့အ
တွက်အောက်ကျနောက်ကျခံပြီးခခယယနေနေရတာပါ။အထူးကုဆရာဝန်ကြီးတွေကလည်းတစ်ပတ်မှာတစ်ခါနှစ်ခါသာဆေးရုံမှာroundတာပါ။သူတို့ကအစိုးရဆေးရုံမှာထိုင်ချင်ကြတာမဟုတ်အထူးကု
ဆေးခန်းတွေမှာသာ၂၄နာရီထိုင်တာပါ။ဆေးရုံမှာရှိတဲ့ကလေးတွေရဲ့ကျန်းမာရေးကိုလက်သင်ဆ
ရာဝန်တွေကိုလွှဲထားတာပါ။ဒီဆရာဝန်လက်သင်တွေကကလေးတွေကိုစမ်းသပ်ပြီးတချို့ကျတော့ကြက်ကန်းဆန်အိုးတိုးပြီးကောင်းသွားတာပါ။အများစုကတော့အနားတခြားဆေးတခြားဖြစ်ပြီးဆုံးပါးသူတွေဆေးရုံမှာရှိနေတာအမှန်ပါဘဲ။ကလေးတွေဟာလက်သင်ဆရာဝန်တွေရဲ့အစမ်းသပ်ခံဖြစ်နေတာပါ။နိုင်ငံတော်ရဲ့အနာဂတ်ရင်သွေးလေးတွေဆုံးရှုံးနေရတာပါ။ထို့ကြောင်းနိုင်ငံတော်သမ္မတကြီးဒေါက်တာဦးသိန်းစိန်။ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီးဒေါက်တာဖေသက်ခင်တို့မန္တလေး၅၀၀ဆံ့ဆေးရုံကြီးရဲ့စည်းမျဉ်းစဉ်းကမ်းများကိုတည့်
မတ်ပေးဖို့။လာရောက်ကွင်းဆင်းကြည့်ရှုပေးဖို့မေတ္တာရပ်ခံ
ပါတယ်ခင်ဗျာ။
လေးစားစွာဖြင့်

တာဝန်သိပြည်သူတစ်ဦး

မင်းကတော်တော်တာဝန်သိတယ်ပေါ့ငါတို့လိုဟောက်ဆာဂျင်တွေကမင်းတို့လိုငတုံးတွေထက်ပို
တတ်တယ်ကွ။

မင်းတို့လိုဟောက်ဆာဂျင်တွေထက် ငါတို့လိုကွမ်း
ယာရောင်းတဲ့လူတွေကပိုတတ်တယ်ကွ။

မြန်မာနိုင်ငံမှာတော့အလုပ်လက်မဲ့နှုန်းက(၃)ယောက်စာ
ကျဆင်းသွားပြီ ဒေါ်စု မင်းကိုနိုင် နဲ့ ကိုကိုကြီး တို့ပါ။
လက်ပံတောင်းတောင်အရေးနဲ့ ပါတ်သက်ပြီးခွင်တဲ့သွား
ကြပြီ...ဟီးဟီး တရုတ်ကြီးတော့ကုန်တော့မယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်