Subscribe to our RSS Feed

လာမယ့် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဗီဇာကတ် စတင် အသုံးပြုနိုင်မည်

From : mrtv4

ကမ္ဘောဇ ဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ လာမယ့် ၂၀၁၃ ဇန်န၀ါရီလပိုင်း လောက်မှာ ကမ္ဘောဇဘဏ်မှာ ဗီဇာကတ် များကို စတင် အသုံးပြု
နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို အသုံးပြုရာမှာ ပြည်တွင်းကို လာရောက် လည်ပတ်တဲ့ နိုင်ငံခြားသားများ စတင် အသုံးပြုနိုင်မှာ ဖြစ်ပြီး ၎င်းတို့ရဲ့ ဗီဇာကတ် တွေကို ကမ္ဘောဇဘဏ်ရဲ့ ATM စက်တွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြည်တွင်းရှိ လူတွေ အနေနဲ့ အဆိုပါ ဗီဇာကတ်များ ပြည်ပသို့ သယ်ဆောင်ပြီး အသုံးပြုမှု ကိုတော့ အစပိုင်းမှာ သုံးစွဲလို့ရမှာ မဟုတ်သေးဘူးလို့ သိရပါတယ်။

အခုလက်ရှိ ကမ္ဘောဇဘဏ်ရဲ့ ATM စက်တွေမှာ ဗီဇာကတ်များ အသုံးပြုနိုင်ဖို့ အတွက် ပြုလုပ် ဆောင်ရွက်နေမှု ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဗီဇာကတ်ကို ပြည်တွင်းမှာ အသုံးပြုခွင့် ရရှိဖို့ အတွက် အမေရိကန် အခြေစိုက် ဗီဇာကတ် ကုမ္ပဏီနဲ့ ပြည်တွင်းရှိ ကမ္ဘောဇ ဘဏ်၊ သမ၀ါယမ ဘဏ်နဲ့ မြန်မာ အရှေ့တိုင်း ဘဏ်တို့ဟာ မြန်မာနိုင်ငံမှာ ဗီဇာကတ်များ အတွက် ပထမဆုံး လိုင်စင် သဘော တူညီချက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က လက်မှတ် ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို ကမ္ဘောဇဘဏ်မှာ Visa Card များ အသုံးပြုဖို့ အတွက် ၀န်ဆောင်ခ ကိုတော့ ယခုလက်ရှိမှာ မသတ်မှတ် ရသေးဘူးလို့ သိရပါတယ်။


 
 Myanmar Express 

1 comments:

Visa credit card is better than Master card and American Express because all merchants accept Visa credit card but all merchant don't accept Master and American Express credit card.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်