Subscribe to our RSS Feed

မြန်မာအမျိုးသမီး ယူ-၁၉ အသင်း AFC U-19 ခြေစစ်ပွဲဝင်ရန် ဟိုချီမင်းမြို့ သို့ရောက်ရှိ

From : မြဝတီ


မြန်မာ့လက်ရွေးစင်အမျိုးသမီး ယူ- ၁၉ အသင်းသည် AFC U-19 Wo-men Championship 2013 ဒုတိယ အဆင့်ခြေစစ်ပွဲများ ယှဉ်ပြိုင်ကစားရန် အတွက် ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်
မြို့မှ ဗီယက်နမ်နိုင်ငံ ဟိုချီမင်း မြို့သို့ ထွက်ခွာသွားခဲ့ရာ ညနေ ၂ နာရီ ခွဲတွင် ဗန်ကောက်မှ တစ်ဆင့် ဟိုချီမင်း မြို့သို့ ရောက်ရှိခဲ့ကြသည်။

မြန်မာအမျိုးသမီး ယူ-၁၉ အသင်းတွင် အသင်းအုပ်ချုပ်သူ ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ် ကုမာဒါ၊ လက်ထောက် နည်းပြ သက်သက်ဝင်း၊ နုနုခိုင်ဝင်း၊ ဂိုးနည်းပြ ကိုကိုအောင်၊ Physiother-apist စန်းသီတာလှိုင်၊ ဂျပန်စကားပြန် ဦးဝင်းထွန်း၊ မီဒီယာအရာရှိ ဦးဇော်မင်းထိုက်နှင့် ကစားသမား ၂၃ ဦးပါဝင်ပြီး ဟိုချီမင်းမြို့ The Firat ဟိုတယ်တွင် တည်းခိုလျက်ရှိကာ နိုဝင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းတွင် အပေါ့စား လေ့ကျင့်မှုများ စတင်ပြု လုပ်ခဲ့ကြသည်။

ခြေစစ်ပွဲအုပ်စု (က)တွင် ထိုင်း၊ ဥဇဘက်ကစ္စတန်၊ ဂျော်ဒန်နှင့် အီရန်တို့ ပါဝင်ပြီး မြန်မာအသင်းသည် အုပ်စု(ခ) တွင်အိမ်ရှင်ဗီယက်နမ်၊ တရုတ်(တိုင်ပေ)၊ အိန္ဒိယအသင်းများနှင့် အတူကျရောက် လျက်ရှိပြီး လာမည့် ဒီဇင် ဘာ ၁ ရက်တွင် အိမ်ရှင်ဗီယက်နမ်နှင့် စတင်ယှဥ ပြိုင်ရမည်ဖြစ်သည်။ အုပ်စု(က) ပထမနှင့် အုပ်စု(ခ) ပထမ နှစ်သင်း ဗိုလ်လုပွဲထပ်မံကစားကာ အနိုင်ရ သော အသင်းတစ်သင်းတည်းသာလျှင် ခြေစစ် ပွဲအောင်မြင်မည်ဖြစ် သည်။

မြန်မာ အသင်းသည် ခြေစစ်ပွဲအောင်မြင်သည် နှင့် ၂ဝ၁၃ အာရှ အမျိုးသမီး ယူ-၁၉ ဖိုင်နယ်ပွဲစဉ်များအဖြစ် လက်ရှိချန်ပီယံ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ သြစတြေးလျ၊ မြောက်ကိုရီးယားစသည့် အသင်းများနှင့် ဆက်လက်ယှဉ် ပြိုင် ကစားရမည်ဖြစ်သည်။

မြန်မာအသင်းသည် ပြီးခဲ့သည့် အောက်တိုဘာလ အတွင်း ဖိလစ်ပိုင်တွင် ပြုလုပ်ခဲ့သည့် ပထမအဆင့် ခြေစစ်ပွဲ အုပ်စု(ဂ)ကို ပထမနေရာမှ အောင်မြင်ခဲ့ သဖြင့် ယခုကဲ့သို့ ဒုတိယအဆင့် ခြေစစ်ပွဲများအား ဆက်လက် ယှဉ်ပြိုင်က စား ရခြင်းဖြစ်ကြောင်း သိရသည်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်