Subscribe to our RSS Feed

အသားအရေကို စစ်ဆေးနိုင်သော မိုဘိုင်းဖုန်း အသစ်အား စတင်မိတ်ဆက်

From : MRTV4

ဂျပန်နိုင်ငံ အခြေစိုက် IT Company တစ်ခုဖြစ်သည့် Fujitsu မှ cloud computer technology ကို အသုံးပြု၍
မိတ်ကပ် ထုတ်လုပ်သူများ ၊ အလှဖန်တီးသူများနှင့် အလှအပဆိုင်ရာ ကျန်းမာရေး ၀န်ဆောင်မှု ဌာနများ အတွက် ရည်ရွယ်၍ မိမိ အသားအရေ အခြေအနေကို စမတ်ဖုန်းပေါ်တွင်ပင် မြင်နိုင်သည့် မိုဘိုင်းဖုန်း အသစ်ကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်သည်။

မိမိမျက်နှာပြင်၏ အသားအရေ အနေအထား ၊ အမဲစက်များနှင့် အသားအရေ အရောင်ကို စစ်ဆေးပေးနိုင်သော အဆိုပါ မိုဘိုင်းဖုန်းတွင် ထည့်ထားသည့် Hada Memori (skin memory) ပရိုဂရမ်သည် အသားအရေ စစ်ဆေးချက် မှတ်တမ်းများကို မှတ်သားထားနိုင်ပြီး အဆိုပါ အချက်အလက်များကို လူမှုကွန်ယက် ၀ဘ်ဆိုဒ်များ အတွင်းတွင်ပင် ချိတ်ဆက် မျှဝေ သုံးစွဲနိုင်ကြောင်း IT giant Fujitsu မှ ပြောကြားခဲ့သည်။ အဆိုပါ မိုဘိုင်းဖုန်းတွင်ပါသော ၁၅ မီလီမီတာ( ၀၆. လက်မ) အပေါက်လေးများပါသော ကဒ်ဖြင့် မိမိပါးတွင် ဖိလိုက်ပါက စမတ်ဖုန်းတွင် ပါဝင်သည့် ကင်မရာမှ မိမိအသားအရေ ကို ဓာတ်ပုံရိုက်ပေးမည် ဖြစ်သည်။ ထို့နောက် မိမိ အသားအရေ အနေအထားကို ဖုန်းမျက်နှာပြင်တွင် ရလာဒ် ဖော်ပြပေးမည် ဖြစ်သည်။ လာမည့်နှစ်တွင် Hada Memori မျိုးဆက် အသစ်အဖြစ် ဖုန်းအသုံးပြုသူ၏ စိတ်ဖိစီးမှု အဆင့်ကိုလည်း တိုင်းတာနိုင်ရန် တီထွင် လုပ်ဆောင်သွားဦးမည်ဟု Fujitsu's strategic planning division ၏ အကြီးတန်း မန်နေဂျာ Hayuru Ito မှ ပြောကြားခဲ့သည်။ Fujitsu အနေဖြင့် ၄င်းတို့ တီထွင် ထုတ်လုပ်ထားသည့် အဆိုပါ Hada Memori စနစ်ပါ မိုဘိုင်းဖုန်းကို ၂နှစ်အတွင်း သုံးစွဲသူ တစ်သန်း ရှိလာမည်ဟု ခန့်မှန်းထားသည်။

source: AFP


  Myanmar Express 

7 comments:

ပါးပြင်ကိုကပ်တာများရင် ဘေးထွက်ဆိုးကျိုးရှိနိုင်သလား?ကြိုပြီးသိချင်လိုပါ။သိရင်ဖြေပေးပါဦး။

နင်ကဘယ်နှစ်ခါတောင်ကပ်ချင်နေလို့တုန်း
စောက်ရုပ်ဆိုးရဲ့

အခြောက်လား?ခွေးလား?

စောက်ရုပ်ဆိုးလေး...နင်ကအခြောက်မို့လို့ အလှအ
ပစိတ်ဝင်စားနေတာလေ...A ပိုးတော့ကိုက်တော့မှာ
ပဲ

လက်သီးချင်ယှဉ်မယ်ကွာ မင်းလိပ်စားရေးထားခဲ့။

မင်းဖုန်းနံပါတ်ပေးလေငါဆက်ပြီးချိန်းလိုက်မယ်
အချိန်ရှိတုန်းတောင်းပန်ရင်တော့ခွင့်လွှတ်ပေးပါမယ်
ပြောင်းပြန်ကိုတောင်းပန်
မတောင်းပန်ရင်နှာခေါင်းလန်သွားမယ်

A 1(M)29 November 2012 22:07ကျနော်ဟာဗုဒ္ဓဘာသာဝင်စစ်စစ်ပါ။သာသနာ့ဘောင်ထဲကို ရှင်သာမဏေ(၁)ကြိမ်,ဒုလ္လပါတ်ရဟန်း(၂)ကြိမ်,ဝင်ရောက်၍သာသနာ့တာဝန်ထမ်းခဲ့ပါတယ်။ရဟန်းဘဝမှာသိက္ခာတော်ပုဒ်(၂၂၇)သွယ်ကိုစောင့်ထိန်းရပါတယ်။ယ္ခုဓါတ်ပုံတွေကသံဃာတော်တွေဟာအတုအစစ်ဆိုတာကျနော်မပြောနိုင်သော်လည်း ဝီနည်းတော်နှင့်မညီတာကတော့သေချာတယ်ဆိုတာပြောရဲပါတယ်။ဆံကေသာကတုံး တုံးပြီးသင်္ကန်းရုံလိုက်တာနဲ့သံဃာတော်မဖြစ်ပါ။(သံဃာတော်မဟုတ်ပါ)စာအများကြီးမရေးလိုပါ။ကျနော်ဘာကိုဆိုလိုတယ်ဆိုတာစာဖတ်သူများသဘော ပေါက်လိမ်မည်။



"ရှင်သာမဏေ ၁ ကြိမ် ဒုလ္လဘ ၂ ကြိမ် ဝတ်ဖူးတာကိုများ
သာသနာဝန်ထမ်းတယ်တဲ့ တော်တော်လည်းပေါကြောင်
ကြောင်နိုင်တဲ့ကောင်"



Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်