Subscribe to our RSS Feed

၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်း ဒေသကြီး၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းဆွေးနွေး

From :မြဝတီ

ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂ဝ၁၂) ပထမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် တိုင်းဒေသကြီးလွှတ် တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေ သကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းနှင့် လွှတ်တော်ကိုယ်စား လှယ် ၁၁၁ ဦးတို့ တက်ရောက်ကြသည်။

အစီအစဉ်အရ ကတိသစ္စာမပြုရသေးသော

တပ်မတော်သား တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် လေးဦး ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြု လွှာတွင် လက်မှတ်ရေးထိုးခြင်းတို့ကို ဆောင်ရွက်ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးများက ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်း ဒေသကြီး၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွင် ပါဝင်သော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အသုံး စရိတ်များ၊ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် ပတ်သက်သော အသုံးစရိတ် နှင့် ရန်ကုန် တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့၏ အသုံးစရိတ်များကို ရှင်းလင်း တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးက ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်း ဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို တင်သွင်းရာ တိုက်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးမြင့်အောင်က ထောက်ခံဆွေး နွေးပြီး ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။ ယင်းနောက် အဆင့်အတန်း ပြည့်မီသော ခရီးသည်တင် ကားများ အမြန်အစားထိုး ပြေးဆွဲသင့်ကြောင်း အဆိုကို ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင် ကြောင်း ကြေညာသည်။

ဆက်လက်၍ အသက် ၇ဝ ကျော် ဘိုးဘွားများအား အခမဲ့ဆေးကုသခွင့် နှင့် ကျန်းမာရေး စစ်ဆေးခွင့်ပေးရန် တိုက်တွန်းကြောင်းအဆိုကို မေးခွန်းအဖြစ် ပြောင်းလဲသတ်မှတ်သည်။

ယင်းနောက် မြန်မာ့ အားကစား ပြန်လည်ဦးမော့ရေးအတွက် အားကစားနှင့် အားကစားပြိုင်ပွဲများ ဖော်ထုတ် ကျင်းပပေးရန် တိုက်တွန်းကြောင်း အဆိုကို ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်းတင် သွင်းနိုင်ကြောင်း ကြေညာပြီး တိုင်းဒေသကြီး လွှတ်တော် အရေးပေါ် အစည်းအဝေး (၁/၂ဝ၁၂) ပထမနေ့ကို မွန်းလွဲပိုင်းတွင် ရပ်နားကြောင်း သတင်း ရရှိသည်။
 
  Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်