Subscribe to our RSS Feed

မီဒီယာ ကမ္ဘာသစ်သည် စာနယ်ဇင်းသမားများ အတွက် အဆုံးမသတ်နိုင်သော လိုအပ်မှု ဖြစ်ကြောင်း လေ့လာ တွေ့ရှိရ

From : MRTV4

ဘလော့ဂ်ဂါများ ၊ ကွန်ပြူတာနှင့် ဆက်စပ်နေသော ဆောင်းပါးများနှင့် အွန်လိုင်း အသုံးပြု လုပ်ငန်းစဉ်များသည် သတင်း မီဒီယာကို များစွာ အထောက်အကူ ဖြစ်စေသော်လည်း
အရေးပါသော သတင်းများ ဖော်ထုတ် တင်ဆက်မှုတွင် ပရော်ဖက်ရှင်နယ် စာနယ်ဇင်းသမားများကို အစားမထိုးနိုင်ပေ။ သတင်း အချက်အလက် ရရှိနိုင်မှု နည်းပညာ တဟုန်တိုး တိုးတက်လာခြင်းသည် ဂျာနယ်လစ်များ အပေါ်တွင် စီးပွားရေးအရ  ကောင်းကျိုးရော ဆိုးကျိုးပါ ထိရောက်မှု ရှိသည်ကို လေ့လာ တွေ့ရှိရသည်ဟု ယခုအပတ် အတွင်း ထုတ်ဝေသော ကိုလံဘီယာ တက္ကသိုလ်၏ Tow Center စာစောင်ခေါင်းစီးတွင် Post- Industrial Journalism ဟူ၍ ရေးသားထားသည်ကို လေ့လာ တွေ့ရှိရသည်။

သို့ရာတွင် တိကျသော သတင်းများ ထုတ်ပြန်နိုင်ရန် အတွက်မူ ပရော်ဖက်ရှင်နယ် ဂျာနယ်လစ်များကို စက်များ သို့မဟုတ် အွန်လိုင်း အသုံးပြု လုပ်ငန်းစဉ်များဖြင့် အစားထိုးနိုင်မည် မဟုတ်ဟု လေ့လာသူများက ပြောကြားခဲ့သည်။ အဓိက လုပ်ငန်းများကို အပျော်တမ်း သမားများက ကျော်လွှားနိုင်ရန်မှာ မဖြစ်နိုင်ဟု ပြောကြားခဲ့သည်။ အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့မှုများ ရှိသော်လည်း ထိုသတင်းများကို ဆက်လက် လုပ်ဆောင်နိုင်မည့် အချိန်ပြည့် အလုပ်လုပ်နိုင်သော ကေဒါတစ်ယောက် လိုအပ်မည် ဖြစ်သည်။ လွန်ခဲ့သော နှစ်ငါးဆယ်ခန့်က ဂျာနယ်လစ် အလုပ်များကို လက်တွေ့ လေ့လာခြင်း ဖြင့်သာ လုပ်ကိုင်ခဲ့ရကြောင်း စာရေးဆရာ C.W. Andersin၊ Emily Bell နှင့် Clay  Shirky တို့က ပြောကြားခဲ့သည်။ အမေရိကန် ပြည်ထောင်စုတွင် သတင်း အရည်အသွေးမှာ ကျဆင်းလာပြီး ဂျာနယ်လစ်များ၏ အခြေအနေမှာ ပိုမို ဆိုးရွားလာသည်ကို လေ့လာတွေ့ရှိ ရသည်။ ၀ါရှင်တန်ပို့စ်နှင့် နယူးရောက်တိုင်းမ်တို့မှ တိကျသော သတင်းခေါင်းစီးများသည APနှင့် reuter တို့ထက်များစွာ သာလွန်ကြောင်း Huffpo Management မှ သုံးသပ် ပြောကြားခဲ့သည်။  မီဒီယာဖွံဖြိုး တိုးတက်လာခြင်းသည် Huffington Post တို့ကဲ့သို့သော ငွေကြေးအခမဲ့ ၀က်ဘ်ဆိုဒ်များ တိုးတက်များပြားလာသောကြောင့်ပင် ဖြစ်သည်။ စာဖတ်သူများကလည်း အမျိုးမျိုးသော သတင်းရင်းမြစ်များ အဖွဲ့အစည်းများမှ ထုတ်လွှင့် တင်ဆက်ထားသည့် သတင်းများကို ထိရောက်စွာ အသုံးပြုလာကြသည်ဟု လေ့လာ သူ များက ဖော်ပြထားပါသည်။

Source: AFP


  Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်