Subscribe to our RSS Feed

"အန္တရာယ်ရှိ အဆောက်အအုံထဲတွင် ရှစ်ထပ်တိုက်များ ပါဝင်လာ"

From : popular


အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ခံရသောတိုက်များထဲတွင် ရှစ်ထပ်တိုက်များပါဝင်လာသည့်အတွက် ပြန်လည်တည်ဆောက်ရေးပိုင်းတွင် အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း ရန်ကုန်စည်ပင်မှ သတင်းရရှိသည်။


အန္တရာယ်ရှိအဖြစ် သတ်မှတ် ခံရသော အဆောက်အအုံများမှာ ယခင်နှစ်ထပ်တိုက်များသာ အများ ဆုံးပါဝင်ပြီး ယခုလပိုင်း စစ်ဆေး တွေ့ရှိရသည့် အဆောက်အအုံများ တွင် ရှစ်ထပ်တိုက်များ ပါဝင်သည် ဟု ရန်ကုန်စည်ပင် အင်ဂျင်နီယာ ဌာန (အဆောက်အအုံ)မှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။

အန္တရာယ်ရှိ အဆောက်အအုံ (DB) အဖြစ် သတ်မှတ်ခံရသော အဆောက်အအုံမှာ အထပ်နိမ့်ဖြစ် ပါက အထပ်မြင့်ဆောက်လုပ်၍ အကျိုးအမြတ် ခွဲဝေယူမည့် ကန် ထရိုက်တာ ပေါ်ပေါက်နိုင်သော် လည်း နဂို အထပ်မြင့် အဆောက် အအုံဖြစ်နေလျှင် အကျိုးအမြတ် ခွဲဝေရရှိနိုင်ခြင်း မရှိ၍ ဆောက် လုပ်မည့် ကန်ထရိုက်မရှိသည့် ကိစ္စရပ်များ ဖြစ်ပေါ်လာနိုင် သည် ဟု ၄င်းက ပြောသည်။

''အန္တရာယ်ရှိတယ်လို့ သတ် မှတ်ခံရတဲ့ အထပ်မြင့်တိုက်တွေ က တရားဝင် ကန်ထရိုက်နဲ့ ဆောက်ခဲ့တာမျိုးဆိုရင်တော့ ဌာန က ကန်ထရိုက် ကို ပြန်ခေါ်ပြီး တစ်ခုခု စေခိုင်းတာမျိုးတွေ လုပ် ပေးလို့ရတယ်။ တရားဝင် ကန် ထရိုက်မဟုတ်ရင်တော့ နေထိုင်သူ တွေပဲ စီစဉ်ဆောင်ရွက်ရမှာပါ'' ဟု ၄င်းက ပြောသည်။

အန္တရာယ်ရှိသည်ဟု သတ်မှတ် ခံရသော အဆောက်အအုံရှိ နေ ထိုင်သူများတွင် မြေရှင်ပါဝင်ပါက ထပ်မံ၍ အသစ်ဆောက်လုပ် လျှင် မြေရှင်အတွက် အကျိုးခံစားခွင့် ပေးရမည် မဟုတ်သော် လည်း နေထိုင်မှုတွင် မပါဝင်ပါက အသစ် ဆောက်လုပ်မှု၌
မြေရှင်အတွက် အကျိုးခံစားခွင့် ထပ်မံပေးရမည် ဖြစ်သည်။

ရန်ကုန်မြို့တွင် တစ်လလျှင် အဆောက်အအုံ ၄ လုံးမှ ၁ဝ လုံး ကြား အန္တရာယ်ရှိအဆောက်အအုံ အဖြစ် သတ်မှတ်ခံရပြီး ယင်း အဆောက်အအုံများမှာ ၁၉၉၂ ခု နှစ်နှင့် ရှေ့ပိုင်းနှစ်များမှ အဆောက် အအုံများ များစွာပါဝင်ကြောင်း အထက်ပါအရာရှိထံမှ သိရသည်။

အန္တရာယ်ရှိ အဆောက်အအုံ အား နှစ်ကာလဖြင့် သတ်မှတ်ခြင်း မျိုးမဟုတ်ဘဲ ခံနိုင်ရည်ဖြင့်သာ သတ်မှတ်ခြင်းဖြစ်သည်။ငလျင်ပညာရှင် ဦးစိုးသူရထွန်း ကလည်း ၁၉၉ဝ မှ ၂ဝဝဝ ခုနှစ် ကြားရှိ အဆောက်အအုံ အများစု စုသည် ဈေးကွက်လိုအပ်ချက်အရ ဆောက်လုပ်ခဲ့ရာ စစ်ဆေးကြပ်မတ် မှု အားနည်းခဲ့၍ ငလျင်ဒဏ် ခံနိုင် ရည်အတွက် စိုးရိမ်ရသည်ဟု ပြောသည်။

အန္တရာယ်ရှိသည်ဟု ယူဆရ သောအဆောက်အအုံအား မြေရှင်၊ နေထိုင်သူ၊ အထွေထွေ အုပ်ချုပ်ရေး မှူးရုံးမှ တာဝန်ရှိသူများ အပါအဝင် ရပ်ကွက်နေ ပြည်သူများက လာ ရောက်စစ်ဆေးပေးရန် ရန်ကုန် စည်ပင်သို့ အကြောင်းကြားပါက ဌာနမှ သွားရောက်စစ်ဆေး၍ (DB) အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် သတ်မှတ်ပေးကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။

''ဌာနက DB သတ်မှတ်လိုက် တဲ့နေ့ကစပြီး နေထိုင်ရန် မသင့် တော့ပါဘူး။ အကယ်၍နေလို့ တစ်ခုခုဖြစ်ရင်တော့ နေထိုင်သူတွေ နဲ့ပဲသက်ဆိုင်ပါတယ်'' ဟု ရန်ကုန် စည်ပင်အရာရှိက ထပ်လောင်း ပြောသည်။

ဝေမာထွန်း



  Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်