Subscribe to our RSS Feed

နိုင်ငံသုံးခုက မြန်မာ့လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှပ်နှံမည်

From : hot news



တရုတ်၊ကိုရီးယား၊ထိုင်းနိုင်ငံ   သုံးခက မြန်မာ့လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သတင်းရရှိသည်။
““တရုတ်နဲ့ကိုရီးယားက လေ့ လာမှုတွေလုပ်နေပြီး ဆွေးနွေးတဲ့   အဆင့်ရောက်ပြီပေါ့၊ထိုင်းကတော့   လောလောဆယ်မစနိုင်သေးပါ ဘူး””ဟု လျှပ်စစ်ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးခင်မောင်ဇော် က ဒီဇင်ဘာလ (၁၆)ရက်က တွေ့ဆုံစဉ် Hot News Weekly ဂျာနယ်သို့ပြောကြားသွားခဲ့သည်။
အထက်ပါ နိုင်ငံသုံးခုသည်   သဘာဝဓာတ်ငွေ့ဖြင့်လျှပ်စစ် ဓာတ်အားထုတ်လုပ်မည့်ကဏ္ဍ တွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး လျှပ်  စစ်ဝန်ကြီးဌာနနှင့်အကျိုးတူ JV  လုပ်ဆောင်မည်ဖြစ်ကြောင်း သိရ သည်။
ကိုရီးယားနိုင်ငံတွင် MOU (အကြိုသဘောတူလက်မှတ်)ထိုး ပြီးသည့် အခြေနေတွင်ရှိကြောင်း   အထက်ပါညွှန်ကြားရေးမှူးချုပ်က ပြောသည်။
သဘာဝဓာတ်ငွေ့ဖြင့် လျှပ်  စစ်ဓာတ်အားထုတ်လုပ်မှု့ ကဏ္ဍ တွင် နိုင်ငံခြားကုမ္ပဏီများသာ ရင်းနှီးမြှုပ်ဖို့ရှိပြီး တိုင်းရင်းသား  ပိုင် ပြည်တွင်းကုမ္ပဏီတစ်ခုက လည်း ရင်းနှီးမြှုပ်နှံရန် ဆွေးနွေး  မှုများရှိကြောင်း သိရသည်။
““လျှပ်စစ်ဓာတ်အားထုတ်နိုင်  အောင် နိုင်ငံခြားကုမ္ပဏီတွေကို ထုတ်လုပ်မှုအပိုင်းမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်နေတယ်။   ရောက်လာတဲ့အပေါ်မှာ တိုးထုတ်   သွားမှာပေါ့””ဟု အထက်ပါပုဂ်္ဂိုလ်    က ထပ်လောင်းပြောကြားသည်။
မြန်မာနိုင်ငံ၌ လျှပ်စစ်မီး အပြည့်အ၀ပေးနိုင်ရေးသည် လျှပ်စစ်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များပေါ်တွင် မူတည် နေပြီး ၀န်ကြီးဌာနအနေဖြင့် ဘတ်ဂျက်မလုံလောက်မှုကြောင့်   ယင်းကို လုပ်ကိုင်နိုင်သည့် အခြေ  နေတွင်မရှိကြောင်း ၎င်းင်းကပြော  သည်။
ပြည်တွင်း၌ သုံးစွဲနေသည့်   လျှပ်စစ်ဓာတ်အားပမာဏကို လုံ လောက်အောင်ထုတ်လုပ်ပေးနိုင် ခြင်းမရှိသည့်အတါက် နှစ်စဉ်လျှပ်  စစ်မီးဖြတ်တောက်မှုများရှိနေခြင်း၊  စက်မှုဇုန်များနှင့်ကျေးလက်ဒေသ များတွင် အဆိုးဆုံးဖြတ်ခဲ့သည်။  မြန်မာနိုင်ငံအတွက် လျှပ်စစ်ဓာတ်  အားအများစုကို ရေအားလျှပ်စစ်    စက်ရုံများမှ ထုတ်ပေးနေခြင်းဖြစ်       ဖြစ်ကာ တစ်နိုင်ငံလုံးလျှပ်စစ် ပမာဏ၏ ၇၂ရာခိုင်နှုန်းထိရှိ ကြောင်းသိရသည်။ ထိုရေအား လျှပ်စစ်စက်ရုံများသည် ရာသီ ဥတုနှင့်ရေရရှိမှုပေါ်တွင် မီခိုနေ  ရခြင်းကြောင့် ယခုလို ဓာတ်အား  လိုအပ်ချက်များဖြစ်မပေါ်နေခြင်း ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာန၊ ရေအားလျှပ်စစ်ဌာနမှဦးဆောင်  ညွှန်ကြားရေးမှူး ဦးခင်မောင်အေး  ကလည်းပြောသည်။
၂၀၁၂ခုနှစ်တွင် သဘာဝ ဓာတ်ငွေ့ဖြင့်လျှပ်စစ်မီးပေးနိုင်ရန်     စီစဉ်ထားပြီး လတ်တလောတွင်   ကျောက်မီးသွေးနှင့်သဘာဝဓာတ် ငွေ့မှလျှပ်စစ်ပမာဏ ၂၈ရာခိုင် နှုန်းသာထုတ်ပေးနိုင်ကြောင်းသိရ သည်။
ယခင်အစိုးရလက်ထက်က   တရုတ်နိုင်ငံနှင့်နှစ်(၃၀)အကျိုးတူ  လုပ်ကိုင်ထားသည့် ရေအားလျှပ်  စစ်စက်ရုံတစ်ခုရှိကာ တရုတ်နိုင်ငံ   က ၁၀၀ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံ  မှုဖြင့် တည်ဆောက်ထားခြင်းဖြစ် ပြီး ထွက်ရှိသည့်လျှပ်စစ်ဓာတ် အားပမာဏကို ၅၀ရာခိုင်နှုန်းစီ  —–ကျသုံးစွဲနေကြောင်းသိရ သည်။


  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်