From :the voice
ဈေးနှုန်းများ လျှော့ချတော့မည်ဟု သတင်းများ ထွက်ပေါ်နေသော လက်ရှိ ၂ သိန်းတန် မိုဘိုင်းဖုန်းလိုင်းကဒ်များအား မုံရွာမြို့ပေါ်မှ ဖုန်းဆိုင်များတွင် ၁သိန်း ၅သောင်းကျပ် အထိ ဈေးချ၍ ရောင်းချ လျက်ရှိကြကြောင်း မုံရွာမြို့ခံများက ပြောကြားသည်။
"ဒီဇင်ဘာလ ၁ ရက်နေ့လောက်ကထဲ ကစပြီး ဈေးချ ရောင်းနေတာပါ ပထမတော့ သုံးသောင်း
www.MyanmarExpress.net
ဈေးနှုန်းများ လျှော့ချတော့မည်ဟု သတင်းများ ထွက်ပေါ်နေသော လက်ရှိ ၂ သိန်းတန် မိုဘိုင်းဖုန်းလိုင်းကဒ်များအား
"ဒီဇင်ဘာလ ၁ ရက်နေ့လောက်ကထဲ ကစပြီး ဈေးချ ရောင်းနေတာပါ ပထမတော့ သုံးသောင်း
လျှော့ပြီး ၁သိန်း ၇သောင်း နဲ့ရောင်းတယ် ဒီရက်ပိုင်းမှာ
တခြားဆိုင်တွေကလဲဈေးလျှော့ ရောင်းတော့ ၁သိန်း ၅သောင်းအထိ ဈေးလျှော့
ရောင်းနေ ကြတယ်" ဟု မုံရွာမြို့ ပေါ်ရှိ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်မှ
ဝန်ထမ်းတစ်ဦးက ဆိုသည်။
ဖုန်းဆိုင်များက အရစ်ကျ စနစ်ဖြင့် ရောင်းချထားမှုများမှာ စာချုပ်တွင် ပါရှိသည့် အတိုင်း အရစ်ကျ ငွေချေရမည် ဖြစ်ပြီး
ယခုကဲ့သို့ ဈေးလျှော့ ရောင်းချခြင်းနှင့်မူ သက်ဆိုင်ခြင်း မရှိကြောင်း ၄င်းက ဆက်လက် ပြောကြား သည်။
တန်ဖိုးနည်းဖုန်းများမှာ ဇန်နဝါရီလတွင် ထွက်ပေါ်လာမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ကျပ်နှစ်သိန်းတန်နှင့် နှစ်သိန်းငါးသောင်းတန် လက်ကျန်ဖုန်းများကို ဈေးကွက်အတွင်းမှ ပြန်လည် သိမ်းဆည်းနေပြီ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
မုံရွာမြို့တွင် နှစ်သိန်းတန် လိုင်းကဒ်များအား မတ်လ၂၃ ရက်နေ့မှ စတင်ရောင်းချ ခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်တွင်
တိုးဝှေ့ ဝယ်ယူမှုများ ရှိခဲ့သော်လည်းလက်ရှိ တစ်သိန်း ငါးသောင်းကျပ် အထိ ဈေးလျှော့ ရောင်းချနေသော်လည်း တိုးဝှေ့ ဝယ်ယူမှုများအား မတွေ့ရကြောင်း မုံရွာမြို့ခံ တစ်ဦးက သုံးသပ်ပြောကြားသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်