Subscribe to our RSS Feed

မြန်မာပြည် မြောက်ပိုင်း ထာဝရ တည်ငြိမ်အေး ချမ်းစေရန်မှာ ကေအိုင်အေ မရှိမှ ဖြစ်လိမ့်မည်

From :http://www.oppositeyes.info/2012/12/blog-post_9454.html


လက်ရှိ ကချင်ပြည်နယ်မှာ မတည်ငြိမ်မှုတွေ ဖြစ်နေစေတဲ့ ကေအိုင်အေဟာ သာမန်တိုင်းရင်းသား လက် နက် ကိုင် အဖွဲ့ဟုတ်မဟုတ်ကို ကျွန်တော် တို့ စဉ်းစားကြည့်ရအောင်။ တစ်ဖက်နှင့် တစ်ဖက် တင်းမာ မှုတွေ စတင်ဖြစ် ပွားခဲ့တဲ့ အချိန်ကစပြီး ပူတာအိုမှာ ဈေးနှုန်းတွေ ခေါင်ခိုက်၊ ဒုက္ခသည် စခန်းမှာ စားနပ်ရိ က္ခာ အကူ အညီတွေ လိုအပ်မှု များပြားနေချိန်မှာ အိနြေ္ဒမပျက် တိုက်စစ်ဆင်နိုင်တဲ့ ကေအိုင်အေဟာ ကျောထောက် နောက်ခံ တစ်ခု မရှိဘဲ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။ အဖက်ဖက်က ၀ိုင်းထားတဲ့ တပ်မေ တာ် စစ်ကြောင်းတွေကို ဖြတ်ပြီး ပြည် တွင်း ကနေ ရိက္ခာသယ်ဖို့ ဆိုတာ ကေအိုင်အေ အတွက် ဘယ်လိုမှ မဖြစ်နိုင် သလို တစ်နှစ်ကျော် ကာလ အတွင်း ရှမ်းပြည် နယ်နဲ့ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေမှာ အသုံးပြုရတဲ့ ခဲယမ်းတွေ မကုန်ဆုံးနိုင်တာ ဟာလဲ အံ့သြစရာပါပဲ။
လိုင်ဇာအနီးတွင် ရောက်ရှိနေသော တပ်မတော် စစ်ကြောင်းများနှင့် လိုင်ဇာ တစ်နေရာသာ ကျန်သည့် ကေအိုင်အေအတွက် ထိုးစစ်ရပ်ဆိုသည့် အမိန့်သည် ဘယ်လောက် အကျိုးရှိနေလဲ ဆိုတာ သိနိုင်ပါတယ်။ မြေအနေအထားအရ ဘေးက တောင်ကုန်းတွေကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေယုံဖြင့် ကေအိုင်အေနှင့် လိုင်ဇာ အလိုလိုကျပြီး ဖြစ်ပါလိမ့်မယ်။ ဒီလို အနေအထားမျိုးမှာ အသေခံနေရတဲ့ တပ်မတော်သားများ အတွက် ဘယ်လောက် ခံပြင်းစရာ ကောင်းလိမ့်မလဲ ဆိုတာ စဉ်းစားကြည့်ပါ။

ကေအိုင်အေတို့ ခံစစ်ယူထားတဲ့ အနေအထားကို ကြည့်ရင် စခန်းမှန်သမျှ နယ်စပ်မျဉ်းပေါ်မှာ ဆောက် ထားတာ ကိုတွေ့နေရမှာပါ။ သီရိလင်္ကာမှာ တမီးလ်ကျားတွေကို တိုက်ခိုက်စဉ်က ဒုက္ခသည်တွေ ဘယ် လို ပိတ် မိနေပါ တယ်ဆိုပြီး ကမ္ဘာကသိအောင် အော်ပြခဲ့ရပေမယ့် ကေအိုင်အေအတွက်ကတော့ တိုက်ပွဲတွေ ဆင်နွှဲ ဖို့ ထိပ် တိုက် ရင်ဆိုင်မှုတွေ လုပ်ဆောင်နေခဲ့တာဟာလည်း ထူးဆန်းတဲ့ အချက်တစ်ချက်ပါပဲ။ သမ္မ တကြီးရဲ့ ထိုးစစ် ရပ်ဆိုတဲ့ အမိန့် မတိုင်ခင်က ကေအိုင်အေတွေက တပ်မတော်က ဓာတုလက်နက်တွေ အသုံးပြု သယောင်၊ ဒုက္ခ သည်တွေ ဘယ်လောက်များနေလို့ ဆိုပြီး အကြောက်အလန့် တောင်းဆိုခဲ့ ဖူးပါ တယ်။ အဲဒီကနေပြီး နိုင်ငံရေးအ ရ ဆွေးနွေးဖို့ကို ခေါင်းမာစွာနဲ့ နေနိုင်လောက်တဲ့ အနေအထား၊ ငြိမ်းချမ်းရေး အဖွဲ့ကို မထီလေးစားတဲ့ အနေအထားနဲ့ ဆွေးနွေးပွဲကို ကေအိုင်အေ ခေါင်းဆောင် မတက်ေ ရာက်ခဲ့တဲ့ အခြေအနေတွေက ကေအိုင်အေ ရဲ့ ကျောထောက်နောက်ခံ ဘယ်လောက်တောင့်တင်းလဲ ဆိုတာ ကို ပြသနေပါတယ်။

လူသစ် ၁၀၀ စုရင် လက်နက် ၁၀၀ လိုပါတယ်။ ဒီလက်နက်တွေကို ကေအိုင်အေ ဘယ်က ရနေသလဲ။ လက် နက် တွေ ရယုံမက မိုင်းထောင်ဗုံးခွဲ မြို့ထဲက ရဲတပ်ရင်းကို ၀င်စီးတဲ့အထိ ဖြစ်လာပြီးနောက် ထပ်ဖြစ် လာ မယ့် ကေအိုင်အေရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့က တားဆီးနိုင် ပါ့မလား။သာမန် တိုင်းရင်းသား လက်နက်ကိုင် အဆင့်ကနေ တစ်ဖက်နိုင်ငံရဲ့ နည်းဗျူ ဟာမြောက် ခြိမ်းခြောက်မှု တစ်ခုထိ ဖြစ်လာနိုင်တဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းကို ထာဝရ တည်ငြိမ်အေး ချမ်းစေ မယ့် နည်းလမ်း တစ်ခုကတော့ အပြီးသတ် တိုက်စစ်ဆင်ခြင်းပဲ ဖြစ်ပါလိမ့်မယ်။

မြန်မာပြည် မြောက်ပိုင်း ထာဝရ တည်ငြိမ်အေး ချမ်းစေရန်မှာ ကေအိုင်အေ မရှိမှ ဖြစ်လိမ့်မည်
========================================
လက်ရှိကချင်ပြည်နယ်မှာ မတည်ငြိမ်မှုတွေ ဖြစ်နေစေတဲ့ ကေအိုင်အေဟာ သာမန်တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ဟုတ်မဟုတ်ကို ကျွန်တော်တို့ စဉ်းစားကြည့်ရအောင်။ တစ်ဖက်နှင့် တစ်ဖက် တင်းမာမှုတွေ စတင်ဖြစ် ပွားခဲ့တဲ့ အချိန်ကစပြီး ပူတာအိုမှာ ဈေးနှုန်းတွေ ခေါင်ခိုက်၊ ဒုက္ခသည် စခန်းမှာ စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်မှု များပြားနေချိန်မှာ အိနြေ္ဒမပျက် တိုက်စစ်ဆင်နိုင်တဲ့ ကေအိုင်အေဟာ ကျောထောက် နောက်ခံ တစ်ခု မရှိဘဲ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။ အဖက်ဖက်က ၀ိုင်းထားတဲ့ တပ်မတော် စစ်ကြောင်းတွေကို ဖြတ်ပြီး ပြည် တွင်း ကနေ ရိက္ခာသယ်ဖို့ ဆိုတာ ကေအိုင်အေအတွက် ဘယ်လိုမှ မဖြစ်နိုင်သလို တစ်နှစ်ကျော် ကာလ အတွင်း ရှမ်းပြည် နယ်နဲ့ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေမှာ အသုံးပြုရတဲ့ ခဲယမ်းတွေ မကုန်ဆုံးနိုင်တာ ဟာလဲ အံ့သြစရာပါပဲ။

ကေအိုင်အေတို့ ခံစစ်ယူထားတဲ့ အနေအထားကို ကြည့်ရင် စခန်းမှန်သမျှ နယ်စပ်မျဉ်းပေါ်မှာ ဆောက်ထားတာ ကိုတွေ့နေရမှာပါ။ သီရိလင်္ကာမှာ တမီးလ်ကျားတွေကို တိုက်ခိုက်စဉ်က ဒုက္ခသည်တွေ ဘယ်လို ပိတ်မိနေပါ တယ်ဆိုပြီး ကမ္ဘာကသိအောင် အော်ပြခဲ့ရပေမယ့် ကေအိုင်အေအတွက်ကတော့ တိုက်ပွဲတွေ ဆင်နွှဲဖို့ ထိပ် တိုက် ရင်ဆိုင်မှုတွေ လုပ်ဆောင်နေခဲ့တာဟာလည်း ထူးဆန်းတဲ့ အချက်တစ်ချက်ပါပဲ။
 
သမ္မတကြီးရဲ့ ထိုးစစ် ရပ်ဆိုတဲ့ အမိန့် မတိုင်ခင်က ကေအိုင်အေတွေက တပ်မတော်က ဓာတုလက်နက်တွေ အသုံးပြုသယောင်၊ ဒုက္ခ သည်တွေ ဘယ်လောက်များနေလို့ ဆိုပြီး အကြောက်အလန့် တောင်းဆိုခဲ့ဖူးပါတယ်။ အဲဒီကနေပြီး နိုင်ငံရေးအ ရ ဆွေးနွေးဖို့ကို ခေါင်းမာစွာနဲ့ နေနိုင်လောက်တဲ့ အနေအထား၊ ငြိမ်းချမ်းရေးအဖွဲ့ကို မထီလေးစားတဲ့ အနေအထားနဲ့ ဆွေးနွေးပွဲကို ကေအိုင်အေ ခေါင်းဆောင် မတက်ရောက်ခဲ့တဲ့ အခြေအနေတွေက ကေအိုင်အေ ရဲ့ ကျောထောက်နောက်ခံ ဘယ်လောက်တောင့်တင်းလဲ ဆိုတာကို ပြသနေပါတယ်။

လူသစ် ၁၀၀ စုရင် လက်နက် ၁၀၀ လိုပါတယ်။ ဒီလက်နက်တွေကို ကေအိုင်အေ ဘယ်က ရနေသလဲ။ လက်နက် တွေ ရယုံမက မိုင်းထောင်ဗုံးခွဲ မြို့ထဲက ရဲတပ်ရင်းကို ၀င်စီးတဲ့အထိ ဖြစ်လာပြီးနောက် ထပ်ဖြစ်လာ မယ့် ကေအိုင်အေရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့က တားဆီးနိုင်ပါ့မလား။သာမန် တိုင်းရင်းသား လက်နက်ကိုင် အဆင့်ကနေ တစ်ဖက်နိုင်ငံရဲ့ နည်းဗျူဟာမြောက် ခြိမ်းခြောက်မှု တစ်ခုထိ ဖြစ်လာနိုင်တဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းကို ထာဝရ တည်ငြိမ်အေးချမ်းစေမယ့် နည်းလမ်း တစ်ခုကတော့ အပြီးသတ် တိုက်စစ်ဆင်ခြင်းပဲ ဖြစ်ပါလိမ့်မယ်။
  www.MyanmarExpress.net
 

23 comments:

စေ့စေ့တွေးလျှင် အလွန် ရင်နာစရာ ကောင်းလှသည်။ လွတ်လပ်ရေးရပြီး အနှစ်ခြောက်ဆယ် ကျော် ကြာပြီးနောက် ကမ္ဘာကြီးနှင့် ယှဉ်တွဲ ရှုမြင်လိုက်သောအခါ မြန်မာနိုင်ငံသည် တိုးတက် ဖွံ့ဖြိုးမှု အနိမ့်ဆုံး အဆင့်အတန်းမှာ ထိပ်ဆုံးနား ရောက်နေသည်ကို မြင်ရလေသည်။ သယံဇာတ အမွေအနှစ်များ ပေါကြွယ်လှသည်ဟု နာမည်ကြီးသော မြန်မာနိုင်ငံ။ ငါတို့ဆီမှာ သယံဇာတတွေ အများအပြား၊ သုံးလို့ မကုန်နိုင်ဟူ၍ ၀င့်ကြွား လေ့ရှိသော မြန်မာပြည်သူ ပြည်သားများ။

ယခုတော့ ခြောက်ခန်းလာနေသော ဧရာဝတီမြစ်ကြီး၊ ကောစ ပြုနေသော အင်းလေး ကန်ကြီး၊ ပြောင်သလင်းခါနေသော သစ်တောကွက်များ၊ တူးဖော် ဖြိုချထား၍ မွစာကြဲနေသော ကျောက်မျက်ရတနာ သဘာဝဓာတ်ငွေ့၊ ရေနံ၊ ရွှေ၊ သတ္တုသိုက်များ တည်ရာဒေသများ။ ဘယ်တော့မှ မကုန်နိုင်ဟု ထင်ခဲ့ကြသော ဘိုးဘွားအမွေအနှစ်များက ယခုအထိ အများကြီး ကျန်နေသေးသည်ဟု ဆိုနေသည့်ကြားကပင် အတော်ခြောက်ခန်းနေခဲ့ပြီ၊ အတော် ပြုန်းတီး နေခဲ့ပြီဖြစ်သည်။ လွန်ခဲ့သော အနှစ်ငါးဆယ်ခန့် အတွင်း မြန်မာနိုင်ငံ၏ တန်ဖိုးကြီး ဘိုးဘွား အမွေအနှစ် များပေါ် တည်မှီ၍ မည်သည့် အစိတ်အပိုင်းမှ ကြီးပွားတိုးတက် လာသည်ဟု မရှိဘဲ၊ ဆုတ်ယုတ် ပြုန်းတီးသွားတာကိုသာ မြင်တွေ့ခဲ့ရသည်။ ကန့်လန့်ကာများကို ဆွဲဖွင့် ကြည့်လိုက်သောအခါ၊ မိဘထားခဲ့သော အမွေအနှစ်များသာ ကုန်ဆုံးပြုန်းတီး သွားခဲ့တာကို တွေ့ရသည်။ တိုင်းပြည်၏ မည်သို့သော ကဏ္ဍများမှာမှ ဖွံ့ဖြိုးတိုးတက်မှုကို မမြင်ရ။
Details >>>

http://www.facebook.com/notes/%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%9E%E1%80%B0%E1%82%94%E1%80%B1%E1%80%81%E1%80%90%E1%80%B9/%E1%80%98%E1%80%AD%E1%80%AF%E1%80%B8%E1%80%98%E1%80%BC%E1%80%AC%E1%80%B8-%E1%80%A1%E1%80%B1%E1%80%99%E1%80%BC%E1%80%A1%E1%82%8F%E1%80%BD%E1%80%85%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%80%E1%80%AD%E1%80%AF-%E1%80%B1%E1%80%9B%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%85%E1%80%AC%E1%80%B8%E1%80%90%E1%80%90%E1%80%B9%E1%80%9B%E1%80%B6%E1%80%AF%E1%80%99%E1%80%BD%E1%80%BA%E1%80%BB%E1%80%96%E1%80%84%E1%80%B9%E1%80%B7-/523355207689574

အပိုင်း(၁)
စေ့စေ့တွေးလျှင် အလွန် ရင်နာစရာ ကောင်းလှသည်။ လွတ်လပ်ရေးရပြီး အနှစ်ခြောက်ဆယ် ကျော် ကြာပြီးနောက် ကမ္ဘာကြီးနှင့် ယှဉ်တွဲ ရှုမြင်လိုက်သောအခါ မြန်မာနိုင်ငံသည် တိုးတက် ဖွံ့ဖြိုးမှု အနိမ့်ဆုံး အဆင့်အတန်းမှာ ထိပ်ဆုံးနား ရောက်နေသည်ကို မြင်ရလေသည်။ သယံဇာတ အမွေအနှစ်များ ပေါကြွယ်လှသည်ဟု နာမည်ကြီးသော မြန်မာနိုင်ငံ။ ငါတို့ဆီမှာ သယံဇာတတွေ အများအပြား၊ သုံးလို့ မကုန်နိုင်ဟူ၍ ၀င့်ကြွား လေ့ရှိသော မြန်မာပြည်သူ ပြည်သားများ။

ယခုတော့ ခြောက်ခန်းလာနေသော ဧရာဝတီမြစ်ကြီး၊ ကောစ ပြုနေသော အင်းလေး ကန်ကြီး၊ ပြောင်သလင်းခါနေသော သစ်တောကွက်များ၊ တူးဖော် ဖြိုချထား၍ မွစာကြဲနေသော ကျောက်မျက်ရတနာ သဘာဝဓာတ်ငွေ့၊ ရေနံ၊ ရွှေ၊ သတ္တုသိုက်များ တည်ရာဒေသများ။ ဘယ်တော့မှ မကုန်နိုင်ဟု ထင်ခဲ့ကြသော ဘိုးဘွားအမွေအနှစ်များက ယခုအထိ အများကြီး ကျန်နေသေးသည်ဟု ဆိုနေသည့်ကြားကပင် အတော်ခြောက်ခန်းနေခဲ့ပြီ၊ အတော် ပြုန်းတီး နေခဲ့ပြီဖြစ်သည်။ လွန်ခဲ့သော အနှစ်ငါးဆယ်ခန့် အတွင်း မြန်မာနိုင်ငံ၏ တန်ဖိုးကြီး ဘိုးဘွား အမွေအနှစ် များပေါ် တည်မှီ၍ မည်သည့် အစိတ်အပိုင်းမှ ကြီးပွားတိုးတက် လာသည်ဟု မရှိဘဲ၊ ဆုတ်ယုတ် ပြုန်းတီးသွားတာကိုသာ မြင်တွေ့ခဲ့ရသည်။ ကန့်လန့်ကာများကို ဆွဲဖွင့် ကြည့်လိုက်သောအခါ၊ မိဘထားခဲ့သော အမွေအနှစ်များသာ ကုန်ဆုံးပြုန်းတီး သွားခဲ့တာကို တွေ့ရသည်။ တိုင်းပြည်၏ မည်သို့သော ကဏ္ဍများမှာမှ ဖွံ့ဖြိုးတိုးတက်မှုကို မမြင်ရ။ တောတောင်ရေမြေတို့ ခြောက်ခန်းသွားကြသလို၊ ပြည်သူအများစု၏ ဘ၀တွေက ခြောက်ခြောက် ခန်းခန်း။

သည်တော သည်တောင်၊ သည်မြေသည်ရေ၊ သည်သယံ ဇာတများဆိုသည်က နိုင်ငံတော်သီချင်းလာ တို့ဘိုးဘွား အမွေအနှစ်များဟု ဆိုရပါမည်။ တို့ဘိုးဘွား အမွေအနှစ်မို့ ချစ်မြတ်နိုး ခဲ့ကြပါသလား။ မိဘအမွေကို အရင်းအနှီးပြု၍ ပိုမို တိုးပွားလာအောင် ကြိုးစား အားထုတ်ခဲ့ကြပါသလား။

အပိုင်း(၂)
တိုင်းပြည်ခေါင်းဆောင်များ မည်သို့မည်မျှ ကြိုးစားခဲ့ သည်တော့ မသိ။ ပြည်သူတို့၏ ဆင်းရဲမွဲတေမှုက မဖုံးနိုင် မဖိနိုင် ဖြစ်လာခဲ့ရသည်။ ပြီးတော့၊ အဆိုပါ ဘိုးဘွား အမွေအနှစ် များ မောင်ပိုင်စီးသူများ လက်တွင်းတွင် မည်သို့မည်ပုံ ပျောက်ဆုံးကွယ်ပျောက် သွားခဲ့သည်လဲ ဆိုသည်က ပုံပြင် တစ်ပုဒ်လို။ သို့သော်လည်း ပုံပြင်မဟုတ်သည့် တကယ့် ဇာတ်လမ်း။ မြန်မာ နိုင်ငံ၏ခေတ်သစ် သမိုင်းဟု ဆိုရပါမည်။

ယင်း ပြည်ထောင်စု သမိုင်းပုံပြင်သစ်က ကြက်သီးထစရာ ဇာတ်လမ်းဖြစ်ပါသည်။ ဟိုးရှေးရှေး မိဘဘိုးဘွား အဆက်ဆက် ထံမှ လက်လွှဲရရှိလာခဲ့သော လယ်တွေယာတွေ လည်း မရှိတော့ပြီ။ အဘွား သိုဝှက်ထားသော ရတနာသေတ္တာလည်း ကုန်ပြီ။ အဘိုး၏ စိပ်ပုတီးလေးကိုပင် ရောင်းချလိုက်ပြီးပြီ။ အိမ်ကြီးသည်လည်း အိုမင်းဟောင်းနွမ်းနေပြီ။ အိမ်ကြီးက ယိုင်နဲ့နဲ့ ဆေးပင်ကောင်းကောင်း မသုတ်နိုင်တော့၊ မညီမညာနှင့် ဖြစ်သလို လိမ်းကျံထားသော ထုံးများက ဟိုတစ်ကွက် သည်တစ်ကွက်၊ မိသားစု သောက်ရေကန်လည်း ကောနေပြီ။ အမှိုက်များ၊ အိမ်သာ အညစ်အကြေးများကလည်း စနစ်တကျ သိမ်းဆည်းမှု မရှိသည့်အတွက် အိမ်သူအိမ်သားများ နေထိုင်မကောင်း ဖြစ်နေကြသည်။ လုပ်ရဲ၊ ကိုင်ရဲ၊ လုပ်ရက်ကိုင်ရက်၊ သုံးရဲ စွဲရဲ၊ သုံးရက် စွဲရက် အနိုင်ကျင့် ဗိုလ်ကျနေသူနှင့် အပေါင်းအပါများ ကတော့ အရှိန်မပျက် ရောင်းချသုံးစွဲ စီးပွားရှာလို့ ကောင်းနေဆဲ ဖြစ်သည်။ သူတို့ စီးပွားရှာသည့်နည်းက တော်တော် ဟုတ်သည်ဟု ဆိုရမည်။ ရှိသမျှ ထုတ်နုတ် ရောင်းချသည်။ ယခုအခါ အိမ်တိုင်များကိုပါ ချွတ်ရောင်းဖို့ လုပ်နေပြီလားမသိ။ အမိုးတွေလည်း ခွာရောင်း ဦးမည့်ပုံ။ တုတ်မိုး ဓားမိုးထားတာကြောင့် မိသားစုဝင်များက မတားရဲတာ ကြာလာသည်နှင့် အမျှ ဗိုလ်ကျ နေသူများမှအပ၊ အားလုံး ချွတ်ခြုံကျနေသည်မှာ ထင်သာမြင်သာ။ တဖြည်း ဖြည်းချင်း ဖန်တီးဖော်ဆောင်လာခဲ့သည့် စနစ်ကြောင့် ဗိုလ်ကျစိုး မိုးနိုင်သည့်သူများမှာ လုပ်ပိုင်ခွင့်ရှိသည့် သဘောဖြစ်လာသည်။ ဘာလုပ်လုပ် လုပ်လို့ရသည်ဟု ထင်ယောင်ထင်မှား ဖြစ်လာကြသည်။ မွေးရာပါ အခွင့်အရေး တစ်ခုလို ရောင်းချစားသောက်ခဲ့သည့် သည်ပုံပြင်ကို မည်သို့မည်ပုံ အဆုံးသတ် ရမည်မှန်း မသိ။

မကြာမတင် ကာလမှာ ရန်ကုန်မြို့ရှိ အများဆိုင်မြေ ကွက်လပ်များအားလုံး ပုဂ်္ဂလိက လုပ်ငန်းရှင်များ၏ ပရိုဂျက်များ ဖြစ်ကုန်တော့လေမည်လားဟု ပြည်သူလူထု စိတ်ပူပန်နေကြ ရသည်။

နောက်ဆုံးပိုင်း(၃)
မည်သူကမည်သို့ ပြောင်းလဲပစ်ခဲ့သည်တော့ မသိ၊ လွန်ခဲ့သောနှစ် အတန်ကြာ တုန်းကအထိ ဆူးလေဘုရား အနီး၊ ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်မှာ ပန်းခြံငယ်လေး တစ်ခုရှိသည်။ ဆူးလေ ဘုရားလမ်းပေါ်မှာပဲ ကုန်သည်လမ်းနှင့် မဟာဗန္ဓုလ လမ်းကြားမှာလည်း ပန်းခြံလေး ရှိဖူးသည်။ သည်လို အများဆိုင် မြေကွက်လပ်များက အများ ပြည်သူ သေသေချာချာ မသိလိုက်ဘဲ မှိန်ဖျော့ ပျောက်ကွယ် သွားသည်ဟုထင်သည်။ စည်ပင်သာယာပိုင်မြေပဲ ဖြစ်ဖြစ်၊ အဆောက်အအုံပဲ ဖြစ်ဖြစ်၊ တပ်မတော်ပိုင်မြေပဲ ဖြစ်ဖြစ်၊ အဆောက်အအုံပဲဖြစ်ဖြစ်၊ ရဲပိုင်မြေပဲဖြစ်ဖြစ်၊ အဆောက်အအုံပဲ ဖြစ်ဖြစ်၊ စက်မှုဝန်ကြီးဌာနပိုင် မြေပဲ ဖြစ်ဖြစ်၊ အဆောက်အအုံပဲ ဖြစ်ဖြစ်၊ အခြား အခြားသော ဌာနတစ်ခုခုပိုင်မြေပဲ ဖြစ်ဖြစ်၊ အဆောက်အအုံပဲ ဖြစ်ဖြစ်၊ ပြည်သူပိုင်မြေ၊ ပြည်သူ ဆိုင်မြေ ပြည်သူပိုင် အဆောက်အအုံ အဖြစ် သဘောထားဖို့ လိုမည်ထင်ပါသည်။ ပြည်သူအားလုံးနှင့်ဆိုင်သော အမွေအနှစ်မြေ အမွေအနှစ်ရေ။ ပြည်သူအားလုံးနှင့် ဆိုင်သော ကျောက်မျက်ရတနာ သတ္တုသိုက်များ။ ပြည်သူ့ ဘဏ္ဍာနှင့် တည်ဆောက်ခဲ့သော ပြည်သူပိုင် အဆောက်အအုံများ။

ယခုတလောတွင် ရန်ကုန်မြို့တော်တွင်းက ကျန်ရှိနေသေးသည့် ပန်းခြံများ၊ အများပြည်သူဆိုင် မြေကွက်လပ်များတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ပရိုဂျက်များ ဖော်ဆောင်နေသည်များကို ကြားသိတွေ့မြင်နေရသည်။ အမွေအနှစ် အဆောက်အအုံ အချို့ သည်လည်း ပုဂ္ဂလိက လက်ထဲ ရောက်ကုန်သည်ဟု ကြားသိနေရသည်။ အများဆိုင်၊ အများပိုင် မြေကွက်လပ်များ၊ အဆောက်အအုံများက အများ မသိလိုက်ပါဘဲ၊ တဖြည်းဖြည်း ချင်း ပြုန်းတီးသွားလို့ မဖြစ်။ အများဆိုင်နေရာများတွင် တည်ဆောက်မည့်၊ သို့မဟုတ် တူးဖော် ထုတ်လုပ်မည့် ပရိုဂျက်များ၊ စီမံကိန်းများဆိုလျှင် အများပြည်သူကို တင်ပြသည့် အများပြည်သူ ကြားနာရေး (public hearing) စနစ်ရှိမှ ဖြစ်ပါလိမ့်မည်။ ထင်သာမြင်သာ ပွင့်လင်းပါ ဆိုသည့် မူက လက်တွေ့ဘ၀ထဲ ရောက်ဖို့လိုနေပါပြီ။

အားလုံးပိုင် အားလုံးဆိုင်သော ဘိုးဘွား အမွေအနှစ်များကို တစ်ဦးတည်း တစ်ဖွဲ့တည်း ပိုင်ဆိုင်ထားသလို အမြင်ဖြင့် ရောင်းချစားသောက်သည့် တစ်ခေတ်တစ်ခါက အားကောင်း ကောင်းဖြင့် ထူထောင်ထားသော ငါတကောကော စနစ်တစ်ခုရှိသည်။ သည်လို စနစ်မျိုးဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်လို့ မရနိုင်။ ပြီးတော့၊ အမွေအနှစ် များကို ရောင်းချစားသောက်သည့် စီးပွားရေးမျိုးနှင့်တော့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လမ်းစမပေါ်နိုင်။

၁၇ ဒီဇင်ဘာ ၂၀၁၂

ပြည်သူ့ခေတ် အယ်ဒီတာ

သမ္မ္မတကြီးစဉ်းစားပေးပါ
သမ္မ္မတကြီးအနေဖြင့် တပ်မတော်အား ကချင်ပြည်နယ်အတွင်းမှထိုးစစ်များ မပြုလုပ်ရန် အမိန့်ပေးထားရာ တပ်မတော်အနေဖြင့် ရိက္ခာပေးပို့ခြင်း အပါအ၀င် မိမိတပ်စခန်းများလုံခြုံရေးအတွက်သာ ဆောင်ရွက်လျက် ရှိပါသည်။ သို့သော်လည်း KIA တပ်ဖွဲ့အနေဖြင့် ရိက္ခာယာဉ်တန်းများအား တိုက်ခိုက်ခြင်း၊ တပ်မတော်စစ်ကြောင်းများအားခြုံခိုတိုက်ခိုက်ခြင်း၊ တပ်စခန်းများအားတိုက်ခိုက်ခြင်းများ ဆောင်ရွက်နေကြောင်း ကြားသိရပါတယ်။ KIA အနေဖြင့် အဆိုပါတိုက်ခိုက်မှုများမှ ရရှိလာသော လက်နက်များ၊ အလောင်းများကိုလည်း အင်တာနက်စာမျက်နှာများပေါ်မှာ ထော်ပြနေတာတွေကို ဖတ်ရပါတယ်။ တပ်မတော်အနေဖြင့် KIA ရဲ့ တိုက်ခိုက်မှုတွေကို ခုခံရင်း ထိခိုက်ကျဆုံးမှုများ များလာပြီး သမ္မ္မတကြီး၏ အမိန့်ကိုနာခံရင်းဖြင့် ထိခိုက်၊သေဆုံး၊ကျဆုံးမှုများ များလာကြောင်းတွေ့ ရှိရပါတယ်။ ကျွန်တော်စဉ်းစားမိသည်မှာ တပ်မတော်သည် အသေခံပြီး အမိန့်ကိုနာခံနေကြာင်း သိမြင်ကြားသိနေရပါတယ်။ KIA သည်ယခု ထို့ထက်ပိုဆိုးလာပြီး တပ်မတော်စစ်ကြောင်းများသာမက ရဲစခန်းများကိုပါ တိုက်ခိုက်လာကြောင်းတွေ့ရှိရပါတယ်။ နောင်တွင်လည်း တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်တွေ ဘယ်လောက်တောင်သေကြရဦး မလည်းဆိုတာမသိနိုင်သေးပါဘူး။ KIA အယုတ်တမာများအနေဖြင့်လည်း နိုင်ငံတော် အတွင်းပိုင်းအထိပါ ၀င်ရောက်မိုင်းထောင်၊မိုင်းဆွဲ လုပ်ငန်းများလုပ်ဆောင် လာနိုင်ပါတယ်။ ပြည်သူ့ရဲတပ်ဖွဲ့ဝင်စခန်းများသည် စစ်ရေဒပစ်မှတ်များမဟုတ်ဘဲ တရားဥပဒေ စိုးမိုးရေးအဖွဲ့များသာ ဖြစ်ပါတယ်။ မှီခိုသူများ၊ကလေးသူငယ်များ နေထိုင်ကြသည့် ၀န်ထမ်းအဖွဲ့ အစည်းသာဖြင်ပါတယ်။ KIA ရဲ့တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ မှီခိုသူများ သေဆုံနေရကြောင်း ကြားသိရပါတယ်။ ဒီအကြောင်းတွေကို မီဒီယာတွေကလည်း တစ်ခွန်းတစ်ဘာသမျှ ကန့်ကွက်တာမျိုးမတွေ့ရဘဲ၊ KIA ရဲ့ ဆိုးဝါးယုတ်မာမှုများအား ထောက်ပြခြင်းမျိုးလည်းမတွေ့ရပါ၊ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေ ဘာလုပ်နေသလည်းလို့ မေးချင်ပါတယ်။ တိုင်းပြည်အတွက်အသက်ပေးလှူသွားတဲ့ အရာရှိစစ်သည်များအားလည်း အသိမှတ်ပြုခြင်းမျိုး မတွေ့ရပါ။ တပ်မတော်အနေဖြင့် ကချင်ပြည်နယ် အတွင်းရှိ KIA တပ်ဖွဲ့နှင့်စခန်းများအားတိုက်ခိုက်မည် ဆိုပါကအချိန်တို အတွင်း တိုက်ခိုက်နိုင်လိမ့်မည်ဟု ထင်ပါသည်။ သို့သော်လည်း သမ္မ္မတကြီး၏ အမိန့်အရသာ လမ်းတံတားများကိုဖောက်ခွဲဖျက်ဆီး နေသော၊ ကချင်ပြည်နယ်အတွင်းနေထိုင်ကြသော တိုင်းရင်းသားပေါင်းစုံတို့အား စော်ကားမော်ကားပြုလုပ်၊ အဓမ္မပြုကျင့်၊အဓမ္မစစ်သားစုဆောင်းနေသော၊ ပြည်ထောင်စုကြီးမှ ခွဲထွက်ပြီး ကချင်နိုင်ငံထူထောင်ချင်သော အဆိုပါ KIA လက်တဆုပ်စာ တို့အားတိုက်ခိုက်ချေမှုန်းရခြင်း မပြုပဲ ခုခံစစ်ဖြင့်သာ တုန့်ပြန်နေရတာကို ခံပြင်းမိပါတယ်။ KIA ဆိုတဲ့ကောင်တွေက ကျွဲပါးစောင်းတီး ဖြစ်ပြီး ယခင်ငြိမ်းချမ်းရေးကာလ တစ်လျောက်လုံး ကျွန်းမှောင်ခို၊ သယံဇာတမှောင်ခို၊ တရုတ်ပစ္စည်းမှောင်ခို တို့ဖြင့်ချမ်းသာနေ ကြတယ်။ ဘယ်တော့မှငြိမ်းချမ်းရေးလုပ်မယ့် အဖွဲ့အစည်းမဟုတ်ပါ၊ သို့သော်လည်း သမ္မ္မတကြီး အနေဖြင့် တိုင်ရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကိုမူတည်ပြီး ထိုးစစ်မပြုလုပ်ရန် အမိန့်ပေးထားမှုမှာ သည်းခံနိုင် သောအတိုင်းအတာထက်ကျော်လါန်လာပြီဟု ယူဆမိပါတယ်။ သို့ဖြစ်ပါ ၍ ပြည်ထောင်စုပြိုကွဲရေးအား မူတည်ပြီး ကချင်ပြည်နယ် ပြည်သူလူထု ဆန္ဒမပါဘဲ ကချင်နိုင်ငံထူထောင်ချင်သော KIA အယုတ်တမာများအား တိုက်ခိုက်ချေမှုန်းခွင့်ပြုရန် စဉ်းစားသင့်ပြီဖြစ်ပါကြောင်း သမ္မ္မတကြီးအား တင်ပြအပ်ပါသည်။

ကေအိုင်အေကို အပြီးတိုက်ဖို့ အချိန်တန်နေပြီ

KIA အမည်ခံ...အကြမ်းဖက်သောင်းကျန်းသူ တဲ့....ရှိတဲ့ Kachin လူမျိုး
တွေတောင်သိက္ခာကျတယ်.....ဒီလို့ကောင်မျိုးတွေကိုကျူပင်ခုတ်ကျူငုတ်မ
ကျန်အောင်အမြစ်ပြတ်ချေမှုန်းသင့်နေပြီ။KIA အကြမ်းဖက်သောင်းကျန်းသူ
တွေကြောင့်အပြစ်မဲ့ပြည်သူတွေသေကြေ..ဒုက္ခရောက်ခဲ့ရတာမနဲတော့ဘူး။တိုင်းပြည်ရဲ့အမှိုက်နဲ့တူတဲ့KIA အကြမ်းဖက်သောင်းကျန်းသူ
တွေကိုအမြန်ဆုံးရျင်းလင်းသင့်ပါပြီ။

အဓိကကျောက်စိမ်းကြောင့်

ဖြစ်နေတဲ့တိုက်ပွဲကြီးပါနိုင်တဲ့

သူစားမှာဘဲအချစ်နဲ့စစ်မှာတရား

တယ်မတရားဘူးဆိုတာမရှိဘူး

ကျောက် စိမ်း ကြောင့်
ဖြစ် နေ တာ???
မင်းက လည်း င ကြောင် ဘဲ ကွ
....သေချာ တာ က ဘိန်း စိုက် ဖို့
နေ ရာ လု တာ နေ မှာ ပါ..

ပြည်သူ့ခေတ်အယ်ဒီတာရေ အမွေရှိမှ ချမ်းသာအောင် လုပ်တတ်တဲ့ စောက်ကျင့်ကို နည်းပေးလမ်းပြ မတမ်းတ ပါနဲ့ လူတိုင်းရှိတာလေးနဲ့ရအောင်လုပ် အမွေမရှိ ငွေရှိ အောင်ရှာတတ်တဲ့မြန်မာတွေ အများကြီး ဘာမှမရှိလို့ ဘေး ထိုင် ဘိုင်ကျဘုပြောနေပုံမျိုး မလိုလားပါ

ဒီကောင်တွေလက်နက်နဲ့ငြိမ်းချမ်းရေးလုပ်ထားတုန်းက လူအင်အား။လက်နက်အင်အားတွေစုပြီးသားဖြစ်နေပြီ လျောမတွက်သင့်ပါ တပ်မတော်ကလဲကွန်မန်ဒိုအသေခံတပ်ဖွဲ့ကိုစံနစ်တကျ စေလွတ်ချေမူန်းပြစ်စေချင်တယ်လိုအပ်ပါကနိုင်ငံတော် အရန်အင်အားတပ်ဖွဲဝင်တွေပါဝင်ပူပေါင်းချင်တယ့်

အင်အား၅၀၀၀လောက်ဘဲ ရှိတဲ့ကေအိုင်အေကိုမှ မတိုက်နိုင်၇င် နောင်တစ်ချိန် အကျိုးဆက်အဖြစ် တ၇ုပ်တွေ၇ဲ့  နောက်ကွယ်က ကေအိုင်အေတွေကို ထေက်ပံ့ကူညီ မြန်မာနိုင်ငံ ရှုတ်ထွေးအောင်လုပ်သမျှ ခံ၇မဲ့ဘ၀ေ၇ာက်ကြ၇တော့မှာ။ ပြည်ပကဖိအားပေး ငြိမ်းချမ်းေ၇းအတင်းလုပ်ခိုင်းနေတာကို စဉ်းစားနေ၇င် ကချင်ပြည်နယ်က နယ်နိမိတ်အ၇တ၇ုတ် ဘာသာေ၇းအ၇အနောက်နိုင်ငံ တွေဘက်ပါပြီး မြန်မာနိုင်ငံ တစ်ခုလုံး၇ဲ့  စည်းလုံးမှုကို ပြိုကွဲအောင်လုပ်တာခံ၇မဲ့ ဘ၀ေ၇ာက်သွားမှာသေချာပါတယ်။

သြော် စာဖတ်တော့လည်းနားမလည်ပါလား။ ပြောချင်ဇောက တယ်များသကိုး။စာတွေကိုသေသေချာချာဖတ်စေချင်တယ်။ထင်ရာမြင်ရာအော် မနေ နဲ့။

Waaaaae lae lae ....hkan hae Burma yae

DO it if you dear it.. but just look at how much you can hahaha mother f**** hhahah...sauk yu

Don't talk much bitch just do it... and take your Burmese( dog) dead bodies...

Let's see KIA or your busrmese shit.....defeat.... after the solution we will cut your mouth and break your face...:0)

ပြည်ထောင်စုရဲ့ရန်သူဖြစ်တဲ့KIA/KI/KICကိုအမြန်ဆုံးအရေးယူတိုက်ခိုက်
ချေမှုန်းသင့်နေပြီ။သူပုန်ကိုသူပုန်လို့မြင်ထားတာအကောင်းဆုံးပါပဲ။အချိန်သိပ်မဆွဲနဲ့တော့....သူပုန်ကိုဒီနေ့လှစ်လှူရှူလျှင် နောက်နေ့ဒုက္ခပေးပြီတာမှတ်ပါ။KIAဆိုတာမြွေပွေးခါးပိုက်ပိုက်တွေပါ။အဲ့တာကြောင့်နိုင်ငံတော်နှင့်ပြည်သူတွေရဲ့လုံခြုံရေးအတွက် အကြမ်းဖက်သောင်းကျန်းသူ KIAကိုအမြန်ဆုံး
တိုက်ခိုက်ချေမှုန်းပါတော့။

တိုက်ပွဲဖြစ်လာတဲ့အရင်းခံက လောဘ၊အတ္တ၊တပ်မက်မှုတွေကြောင့်ပါပဲ.. အသက်ရှင်တဲ့ဘုရားကို ကိုးကွယ်တဲ့သူတွေကတော့ အလိုတော်အတိုင်း အောင်မြင်ခြင်းအခွင့်ကိုခံစားရမယ်.. ဘုရားက အားလုံးကိုချစ်ပါတယ်.. သူ့ကိုလက်မခံပဲ စိတ်ကြိုက်ပြစ်မှားနေရင်တော့ .....ဖျက်ဆီးခြင်းခံရတာပေါ့...

fight our myanmar army to KIA until finish from our kachin state,we dont want KIA N ABSDF.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်