Subscribe to our RSS Feed

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတနှင့်ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ထွက်ခွာ

From : မြဝတီ


ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းတို့၏ ဖိတ်ကြားချက်အရ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၌ ချစ်
ကြည်ရေးခရီး အလည်အပတ် ရောက်ရှိနေသော ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာကျုံးသန်စန်း နှင့်ဇနီး မဒမ်မိုင်သီဟိုက် ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၁ ရက်နေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ဆိုင်ရာ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတ နိုင်ငံ သံရုံးသို့သွားရောက်ပြီး သံရုံး ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ဗီယက်နမ် စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

ယင်းနောက် ချစ်ကြည်ရေးကိုယ်စား လှယ်အဖွဲ့သည် နံနက် ၉ နာရီ မိနစ် ၄ဝ တွင် ကမာရွတ်မြို့နယ် သံလွင် လမ်း အမှတ်(၁၃၅ / D2 )ရှိ PVEP OVERSEAS BRANCH OFFICE သို့ရောက်ရှိရာ Petrovietnam Exploration Production အမှုဆောင် အရာရှိချုပ် Mr. Do Van Khanh က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ PVEP OVERSEASမန်နေးဂျင်း ဒါရိုက်တာ Mr. Cu Minh Hoang က မြန်မာနိုင်ငံမုတ္တမကမ်းလွန် M2 လုပ်ကွက်၌ ဒုတိယသက်တမ်း ကာလ အတွင်း ရေနံ တူးဖော်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာကျုံး သန်စန်းနှင့် ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် နံနက် ၁ဝ နာရီ မိနစ် ၅ဝ တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာရာ ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်ကြူနှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Chu Cong Phung နှင့် ဇနီး၊ ဗီယက်နမ်သံရုံးမှ တာဝန်ရှိသူများနှင့် နိုင်ငံခြားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတို့က ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ် ဆက်ကြသည်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်