Subscribe to our RSS Feed

ပင်လယ်ထဲမှ ရေကူးလာသည့် ဘင်္ဂလီ ၂ ဦးကို မာန်အောင် ရဲကျွန်းတွင် ဖမ်းဆီးမိ

From :nariajia

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ရဲကျွန်းတွင် ပင်လယ်ထဲမှ ရေကူးလာသော ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၂ ဦးကို ယမန်နေ့ ဖမ်းဆီးမိသည်ဟု သတင်း ရရှိသည်။


“ သူတို့ကို ပင်လယ်ထဲက ရေကူးလာပြီး လယ်တဲ တစ်ခုမှာ နားနေစဉ် ရွာသားတွေက ဖမ်းဆီးမိတာ ဖြစ်ပါတယ်။ သူတို့က ရခိုင်စကားလည်း မပြောတတ်ဘူး။ ကုလားစကား တတ်တဲ့ သူတစ်ယောက်က မေးကြည့်တော့ ဘင်္ဂလာနိုင်ငံ တက်ကနက်လို့ ပြောပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

သူတို့အား ဖမ်းဆီးမိပြီးနောက် အထက်သို့ တိုင်ကြားရာ နေ့လည် ၂ နာရီခန့်တွင် မာန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူး ရောက်ရှိလာပြီး မာန်အောင်မြို့သို့ ခေါ်ယူသွားသည်ဟု သိရသည်။

“ ကျွန်တော်တို့က ဘာမှ မလုပ်ပါဘူး။ သူတို့က ဒုက္ခရောက်နေတော့ ကယ်ဆယ်ထားပြီး သက်ဆိုင်ရာကို အပ်လိုက်ပါတယ်။ သူတို့ကို တရား ဥပဒေနဲ့ အညီ ဆောင်ရွက်ရင်ပြီးပါပြီ” ဟု ဒေသခံက ပြောသည်။

သူတို့သည် ပင်လယ်ထဲရှိ စက်လှေပေါ်မှ ကူးပြီးလာသူများဟု ပြောကြောင်း၊ တစ်ခြား လူများ ရှိသေးသလား၊ စက်လှေက ဘယ်နားမှာရှိနေသလဲ၊ ဘာကြောင်းလာသလဲဟု မေးမြန်းရာ နားမလည်ဟု ဆိုကာ  တစ်ခွန်းမှ ပြန်မပြောကြောင်း ဒေသခံများက ပြောသည်။

မာန်အောင်မြို့နယ် ရဲကျွန်းတွင် တောင်ပိုင်းရွာနှင့် မြောက်ပိုင်းရွာဟု အိမ်ခြေ ၅၀၀ ခန့်ရှိ ရွာ (၂) ရွာရှိပြီး အဆိုပါ ဘင်္ဂလီ (၂) ဦးကို ဖမ်းဆီရမိပြီးနောက် ရွာ (၂) ရွာ၏ လုံခြုံရေးကို တိုးမြှင့်လိုက်သည်ဟု ရွာသူ တစ်ဦးက ပြောသည်။

“ အခုက ရွာမှာလူတွေ ကင်းလှည့်နေကြတယ်။ ညဆိုရင်လည်း ကင်းချပြီး ရွာတွေကို စောင့်ကြပါတယ်။ အခု သတင်းကြားတာက ရေလယ်မှာ စက်လှေနဲ့ နောက်ထပ် လူတွေ ရှိတယ်လို့ ကြားရတယ်။ ဟုတ် မဟုတ်ကိုလည်း မသိတော့ ရွာက လူတွေလည်း သွားမကြည့်ရဲဘူး။ ဒါပေမယ့် အဖေတို့က အခု ကမ်းနားကို ထွက်သွားကြတယ်” ဟုသူမက ဆိုသည်။

ယခုကဲ့သို့ ဘင်္ဂလီ ၂ ဦး ရေကူးပြီး ကျွန်းပေါ်တက်လာသဖြင့် ကျေးရွာသားများ အနေဖြင့် လုံခြုံရေး စိုးရိမ်နေကြသည်ဟု သူမက ဆိုသည်။

လွန်ခဲ့သော နိုဝင်္ဘာလ ၂၅ ရက်နေ့ကလည်း စက်လှေပျက်၍ ကမ်းကပ်လာသူ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၄၇ ကို ကျောက်ဖြူတွင် ဖမ်းဆီးရမိခဲ့ပြီး နောက်ပိုင်းတွင် စက်ကို ပြန်လည် ပြုပြင်ပေးပြီး အစားရေစာများ ကူညီကာ ပင်လယ်ထဲကို ပြန်လွှတ်လိုက်သည်ဟု သိရသည်။

 Myanmar Express 

5 comments:

ရွာသားတွေကပဲဖမ်းမိနေကြတာတွေ့ရတယ်..လုံခြုံရေး
တာဝန်ယူထားတဲ့လူတွေကဘာလုပ်နေကြလို့လဲ..ဘာလို့
ဝင်လာတိုင်းမသိရတာလဲ

ကျုပ်တို့ဆီကလုံခြုံရေးတွေကကိုယ့်ပြည်သူပြည်သားတွေ
ကိုပဲအနိုင်ကျင့်တတ်ကြတာလေ..ကျန်တာတွေတော့သုံး
စားလို့ကိုမရပါဘူး

ပြန်လွှတ်မနေနဲ့ တခါထဲ မြေမြုပ်သတ်လိုက်..
......

......

ကုလားတွေကို သနားလို့ ပြန်လွှတ်လိုက်တာလား

ကုလားတွေကို သနားလို့ ပြန်လွှတ်လိုက်တာလား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်