Subscribe to our RSS Feed

ဂမ်ရှောင် အကြောင်း

 
KIA ကစစ်ဦးစီးချုပ်ဂမ်ရှောင်ကို KIO
ဒုဥကဌအဖြစ်တာဝန်ပေးလိုက်ပြီြး
ဖစ်ပါသည်။ KIA/KIO အတွင်း ဂမ်ရှောင် သည်
သဘောထားတင်းမာသူဖြစ်ပြီး လွန်ခဲ့သော ဆယ်စုနှစ်များက မူးယစ် ဆေးဝါး
နှိမ်နင်းမှု အကြောင်းပြကာ ဆဘော့တွင် လူ ၁၀၀၀ ကျော်ကို ရက်စက်စွာသတ်ဖြတ်
ခဲ့သည့် အကြမ်းဖက်တစ်ဥိးသာဖြစ်ပါသည်။ ငြိမ်းချမ်းရေး ရယူပါက
၎င်းလုပ်ရပ်များအတွက် တာဝန်ယူရမည်ဖြစ်သဖြင့် သီးခြားလွတ်လပ်သော
ကချင်(၀မ်ပေါင်)နိုင်ငံတော်ထူထောင်ရေးကိုသာ လက်ကိုင်ထားပြီး၊
ဆီးရီးယားသမတ'' အာဆတ်''ကဲ့သို့ အသက်သာအသေခံမည်
ငြိမ်းချမ်းရေးမယူလိုသူဖြစ်သည်။ လက်နက်ကိုင်ပြီး KIO/KIA
တွင်အကြောက်တရားဖြင့် သြဇာလွှမ်းမိုးထားသူဖြစ်ပြီး မထင်ရင်မထင်သလို
ရက်စက်ပြတတ်သူဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် ၀မ်ပေါင်
နိုင်ငံအဖြစ်လွတ်လပ်ရေးကြေညာရန်ကြိုးစားနေသော်လည်း အများစုကသဘောမတူ
မှုကြောင့် ဗဟိုဌာနချုပ်အတွင်း အကြိမ်ကြိမ်ဆွေးနွေးနေကြရသည်။
သဘောထားကွဲလွဲမှုကြောင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်များ
နှုတ်ထွက်ခွင့်တင်သလို KIO ဗဟိုတွင်လည်း အပြောင်းအလဲ များကို
မျှော်လင့်နေကြသည်။ အများစုကတော့ ဂမ်ရှောင်ရှိနေသမျှ
ငြိမ်းချမ်းရေးမရနိုင်မှန်း သိလာကြပြီဖြစ်သည်။ ဂမ်ရှောင်သည်
ကချင်လူထုကောင်းစားရေးအကြောင်းပြနေသော်လည်း လူထု၏အခက်အခဲများကို
တင်ပြတိုင်း ''တော်လှန်ရေးကာလမှာ ဒီလောက်တော့ ပေးဆပ်ရ မှာပေါ့
"ဟူသောစကားကို  လက်ကိုင်ထားသူဖြစ်သည်။
ထိခိုက်ကျဆုံးမှုများပြားလာမှုကြောင့် KIA တပ်ဖွဲ့အင်အားဖြည့်တင်းနိုင်ရန်
ကချင်ပြည်နယ်အတွင်းနေထိုင်သူမှန်သမျှ ကချင်နိုင်ငံ တော်သစ
်ပေါ်ထွန်းရေးတွင် တာဝန်ရှိသည် ဟုဆိုကာ ရှမ်း၊ ဗမာ၊ ရခိုင်များသာမက ယခုအခါ
မွတ်ဆလင်(ကုလား)များကိုပါ ဖမ်းဆီးလက်နက်တပ်ဆင်ပြီး ကုလားတပ်ရင်းများကို
ဖွဲစည်း လျက်ရှိသော်လည်း တရုတ်သွေးပါသူဖြစ်သဖြင့်လည်းကောင်း၊
တရုတ်နိုင်ငံအတွင်းရှိ ၄င်း၏ ကိုယ်ကျိုးစီးပွားများကို
ထိုခိုက်မည်စိုးသဖြင့်လည်းကောင်း တရုတ်များကိုမူ စုဆောင်းမှု မရှိသည်
ကိုတွေ့နေရပေသည်။ KIA အတွင်း အကြပ်အတည်းဖြစ်လာတိုင်း မဟာဗျူဟာအရဟုဆိုကာ
လမ်းများ တံတားများကို ဖျက်ဆီးခိုင်းလေ့ရှိသူလည်းဖြစ်သည်။
နောက်ဆုံးပြုလုပ်ခဲ့သော စစ်ကိုင်းတိုင်းမော်လူးဘူတာ အလွန်  အမှတ် ၄၇၈
တံတားဖျက်ဆီးမှုသည် ဗမာနယ်မြေ အတွင်းဖြစ်သောကြောင့် မလုပ်ရန် အများစုက
ကန့်ကွက်ခဲ့သော်လည်း တပ်မ (၃၃) ကချင် ပြည်နယ် အတွင်းဝင်ရောက်လာမှုကို
လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း၊ ယခုလိုလုပ်မှသာ စစ်တပ်က အင်အားများကို
လမ်းကြောင်းပေါ်တွင် ထိန်းချုပ်ထားနိုင်မည်ဖြစ်ကြောင်း ပြောဆိုကာ
အမိန့်ပေးခဲ့သူဖြစ်သည်။ ၄င်း၏ ကိုယ်ကျိုး အတွက်(လူ ၁၀၀၀
သတ်ခဲ့သည့်ပြစ်ချက်အတွက် ပြစ်ဒါဏ်မခံယူလိုခြင်း)ကချင်ပြည်လွတ်လပ်ရေး ဟု
ကြွေးကြော်ကာ မြန်မာပြည်မှ ခွဲထွက်ရေးကို ဦးစားပေးလာပြီး
ကချင်ပြည်နယ်အတွင်း ၄င်းတစ်ဦးတည်းကျန်သည်အထိ တိုက်ပွဲဝင်မည့်သူ ဖြစ်သည်။
သတိရှိသော်လည်း ပညာအခြေခံ နည်းပါးပြီး မိုက်ရူးရဲဆန်သူဖြစ်သဖြင့် KIO/KIA
အတွင်း ဂမ်ရှောင် နှင့် ထိပ်တိုက်ဖြစ်မှုကို ရှောင်လွှဲကြသည်။ ယင်းကိုပင်
၎င်းကကျေနပ်နေပြီး မိမိကိုယ်ကို ကချင်သူရဲကောင်းတစ်ဦး၊ ထက်မြက်သော
တပ်မှူးကြီးတစ်ဦး ဟု ဘ၀င်လေဟပ် နေသူဖြစ်သည်။ ပညာအခြေခံ နည်းပါးသူ
ဖြစ်သည့်အလျောက် ၄င်းအပေါ် ရွံကြောက်ဖြစ်နေ သည်ကို သစ်စာခံနေသည် ဟု
ထင်မြင်နေပြီး ၄င်းကဲ့သို့ မိုက်ရူးရဲများ၊ ပညာမဲ့ အခွင့်အရေး
သမားများကို မြှောက်စားထားသူဖြစ်သည်။ ဒုစစ်ဦးစီးချုပ်
ဗိုလ်ချုပ်ဂွမ်မော်အပေါ် အမြဲ သံသယ ရှိသူဖြစ်ပြီး ဂွမ်မော်၏
အယူအဆများကိုလည်း ပျော့ညံ့သည် ဟု ယူဆထားသူဖြစ်သည်။ ထိုသံ သယကြောင့်ပင်
KIO/KIA ဗဟိုအတွင်း ဗိုလ်ချုပ်ဂွမ်မော် စင်ပေါ်ရောက်လာနိုင်သည့် နောက်ဆုံး
ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်မည့်ခရီးလမ်းတစ်ဝက်အရောက်တွင်
ရှမ်းမြောက်ဒေသ စစ်ဆင် ရေးကိုအကြောင်းပြကာ ဗိုလ်ချုပ် ဂွမ်မော်
ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မတက်ရောက်နိုင်ရန် ၄င်း တစ်ဦးတည်း
ဆုံးဖြတ်ပြီး အမိန့်ပေးခဲ့သူဖြစ်သည်။ ထိုအကြောင်းကြောင့်ပင် KIO
အဖွဲ့အတွင်း မကျေလည်မှုများပေါ်ပေါက်ခဲ့ရပြီး
ငြိမ်းချမ်းရေးကိုယ်စားလှယ်များ နှုတ်ထွက်သည်အထိ
လူသိရှင်ကြားဖြစ်ခဲံ့ရသော်လည်း ထုံးစံအတိုင်း အားလုံးက
လက်နက်ကိုင်တပ်ဖွဲ့၏ စစ်ဦးစီးချုပ် ဂမ်ရှောင်ကို အလျော့ပေးခဲ့ရပြန်သည်။
ထို့ကြောင့် ယခုနောက်ဆုံး ဂမ်ရှောင်ကို KIO ဒုဥကဌအဖြစ် တာဝန် ပေးကာ
လက်နက်ကိုင်တပ်ဖွဲ့များ၏ ဦးစီးချုပ်အဖြစ်မှ နှုတ်ထွက်ခိုင်းရန်
ဗဟိုနှင့်နီးစပ်သော အသိုင်းအ၀ိုင်းက လိုလားနေကြကြောင်းသိသည်။
 
 www.MyanmarExpress.net
 

1 comments:

Fight and crush all KIA bloody hell terrorist group.They are enemy of the State .And then they are just like the rubbish of Myanmar.So we need to clean them urgently as fast as we can.They are real and common enemy of every Myanmar citizen

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်