Subscribe to our RSS Feed

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလတန် ဟာဂျီ ဟာဆန်နယ်လ် ဘိုလ်ကီးယား မူအစ်ဇာ ဒင်ဝါဒူလာက ဂုဏ်ပြုအခမ်းအနားဖြင့်ကြိုဆို

From : သမ္မတရုံး

နေပြည်တော် ဒီဇင်ဘာ ၎
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလတန် ဟာဂျီ ဟာဆန်နယ်လ် ဘိုလ်ကီးယား မူအစ်ဇာ ဒင်ဝါဒူလာ က ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားကို ယနေ့နံနက် (၁၁)နာရီခွဲတွင် Istana Nurul Imana  နန်းတော်၌ ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက် ရန် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး၊ အိမ်ရှေ့မင်းသား HRH. Prince Mohammad Bolkiah က ခေတ္တတည်းခိုနေသည့်  ဘန်ဒါဆရီဘီဂါဝန်မြို့ရှိ Empire Hotel & Country Club သို့ လာရောက်ကြိုဆိုပြီး ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနား ကျင်းပမည့် Istana Nurul Imana နန်းတော်သို့ မော်တော်ယာဉ်တန်းဖြင့် ရောက်ရှိလာရာ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလတန် ဟာဂျီ ဟာဆန်နယ်လ် ဘိုလ်ကီးယား မူအစ်ဇာ ဒင်ဝါဒူလာက ခင်မင်ရင်းနှီးစွာ ကြိုဆိုသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘုရင်မင်းမြတ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူရန် အလေးပြုခံစင်မြင့်တွင် နေရာယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေး ပြုခြင်းကို ခံယူကြသည်။

ထိုအချိန်တွင် နိုင်ငံတော်တီးဝိုင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ သီချင်းတို့ကို တီးမှုတ်ပြီး အမြောက် ၂၁ ချက် ပစ်ဖောက်၍ ဂုဏ်ပြုကာ နှစ်နိုင်ငံအလံများကိုလည်း တိုင်ထိပ်သို့လွင့်ထူကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘုရင်းမင်းမြတ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးပြီး အလေးပြုခံစင်မြင့်တွင် ပြန်လည်နေရာယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့၏ ထပ်မံအလေးပြုခြင်း ကိုခံယူကြသည်။

ထိုအချိန်တွင် နိုင်ငံတော်တီးဝိုင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့် ဘရူနိုင်းဒါရုဆလမ်နိုင်ငံတော်သီချင်းတို့ကို တီးမှုတ်သည်။ 
       
ယင်းနောက် နန်းတော်အတွင်း၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ဘရူနိုင်းဒါရုဆလမ် နိုင်ငံ ဘုရင်မင်းမြတ် က ၎င်းနှင့်အတူ ကြိုဆိုနှုတ်ဆက်ကြသည့် တော်ဝင်မိသားစုဝင်များ၊ ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ၊ ဘရူနိုင်းဒါရုဆလမ်နိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများနှင့် မိတ်ဆက်ပေးပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း ဘရူနိုင်းဒါရုဆလမ်နိုင်ငံ ဘုရင်မင်းမြတ်အား ၎င်းနှင့်အတူ လိုက်ပါလာကြသည့် မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် ပြန်လည် မိတ်ဆက်ပေးသည်။

 Myanmar Express 

1 comments:

သွားသလားတော့မမေးနဲ့ လွန်လွန်းပြီ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်