Subscribe to our RSS Feed

NLD ပါတီဝင် အချင်းချင်း၊ နေရာလု၊ အာဏာလုကာ အာဏာပြရင်း ထိုးကြိတ်မှုဖြစ် တောင်ဥက္ကလာပမြို့နယ်မှ ဒေါက်တာစောနိုင် ဆဲဆိုနာကျင်စေမှုဖြင့် အမှုဖွင့် ခံရ


၂၀၁၀ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲယှဉ်ပြိုင်ခဲ့သူ ဒေါက်တာစောနိုင် (တောင်ဥက္ကလာ)အား တောင်ဥက္ကလာပ ရဲစခန်းတွင် ဆဲဆိုနာကျင်စေမှုဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။


ဖြစ်စဉ်မှာ နိုဝင်ဘာလ (၂၃)ရက်နေ့ည (၈း၃၀)အချိန်ခန့်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင် ကိုသက်လွင်ဦးသည် ပါတီဝင်များ၏ နေအိမ်သို့အသိပေး နှိုးဆော်ချက်များ ပေးပို့ရာ ဒေါက်တာစောနိုင် (ယခုတောင်ဥက္ကလာပမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကော်မရှင်အတွင်းရေးမှူး)နှင့်ကိုအောင်ခိုင်ဇော်၊ကိုသန့်ဇင်ဝင်း၊ကိုကျော်မိုးဝေ၊ကိုအာကာကျော် တို့က ကားဖြင့်ရောက်ရှိလာပြီး ကိုသက်လွင်ဦးနှင့်အဖွဲ့ထံမှ စာရွက်များ တောင်းယူခဲ့ရာကို သက်လွင်ဦးမှ မပေးသဖြင့် ညစ်ညမ်းစွာ ဆဲဆိုကာ လက်ထဲရှိ စာရွက်များအားလုံး လုယူပြီး ကိုသက်လွင်ဦး နှင့်အတူပါ ကိုကျော်ကိုကိုအောင်၊ မထွေးထွေးမာတို့အား ၀ိုင်းဝန်းထိုးကြိတ်၊ ခြေထောက်နှင့်ကန့်ခဲ့သဖြင့် သင်္ဃကျွန်းဆေးရုံတွင် ပြင်ပလူနာအဖြစ် ကုသခဲ့ရပြီးအခင်း ဖြစ်စဉ်စွပ်စွဲခံ ရသူများက တုတ်/ဓား များကိုင်ဆောင်ကာ ရိုက်နှက်မည်ဟု ကြိမ်းမောင်း ခြင်း၊ ပါတီအမည်တပ်၍ ဆဲဆိုခြင်းတို့ပြုခဲ့၍ ဒေါက်တာစောနိုင်ပါ (၅)ဦး အပေါ် ကိုသက်လွင်ဦးက တရားလိုပြုလုပ် တိုင်တန်းမှုအား တောင်ဥက္ကလာ ပရဲစခန်း (ပ)၇၂၈/၁၂၊ပုဒ်မ၂၉၄/၃၂၅ဖြင့် အမှုဖွင့်ပြီး အမှုစစ်ရဲအုပ် အောင်ကိုကိုနိုင်က စုံစမ်း လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တောင်ဥက္ကလာပ(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းအား မေးမြန်းကြည့်ရာ “ ၂၄ ရက်နေ့၊ (၇) နာရီ ကဖြစ်စဉ်က ဒေါက်တာစောနိုင်ကို ရုံးခေါ်သွားတော့ ဖြစ်စဉ်အမှန်ကို မသိရဘူး။ ဒေါက်တာစောနိုင်ပြောတဲ့အပြောပဲ ကျွန်တော်တို့ကသိရတာ။ ကျွန်တော်တို့ မျက်မြင်လူတွေရဲ့ အခြေအနေတွေရယ်။ ဒါပဲ ကျွန်တော်ပြောလို့ရမယ်။ စခန်းမှ အပြန်အလှန်ဖွင့်တယ်။ တစ်ဖက်က လူငယ်တွေကလည်း သူ့ကို ခြိမ်းခြောက်တယ်ဆိုပြီး ဘာညာဖွင့်တာ။ အထိုးခံရတဲ့အတွက်ကြောင့် ဘယ်ဘက်ပါးမှာ ပွန်းသွားတယ်။ ဆေးစာနဲ့သွားပြီးတော့ စခန်းမှာအမှု ဖွင့်တယ်။ ကျွန်တော်ဘက်က လုပ်ရမဲ့ တာဝန်အတိုင်း အဲဒီနေ့က ဖြစ်စဉ်အကျဉ်းကိုတင်တယ်။ ဒေါက်တာစောနိုင် ပြောတာက စာဝေတယ်ဆိုပြီး ပြောတာ။ ပါတီအတွင်း အဖြစ်အပျက်ပေါ့။ ပထမနေ့မှာ ဒေါက်တာစောနိုင် က ကားနဲ့စာလာဝေတော့ ကျွန်တော်တို့တွေတယ်။ အဲဒီစာဝေလို့ NLD က ညီလေးတွေက စာနှစ်စောင်ပြန်ဝေတယ်။ စာဝေတဲ့ သတင်းရလို့ ဒေါက်တာစောနိုင်က လာတယ်။ ရာဇသူရလမ်းနဲ့ သစ္စာလမ်းထိပ်မှာ စတွေ့တယ်။ ဒေါက်တာစောနိုင်က မေးတယ်။ ဘာစာတွေဝေနေတာလဲ ပြဆိုတော့ ဟိုက မပြဘူး။ သိချင်ရင်လိုက်ခဲ့ဆိုပြီး ပြောတော့ ရာဇသူရလမ်းနဲ့ ၁၄ လမ်း ထိပ်မှာ ထိုးကြိတ်ကြတယ်။ ဒါကို ဖုန်းဆက်ပြောတော့ ကျွန်တော်နဲ့ နယ်ထိန်း နဲ့ ရောက်သွားတော့ ကွဲသွားပြီးလူစုက ကျွန်တော်ဝင်ပြီး တောင်း ပန်လိုက်တာ ကိုယ့်ဟာကိုရှင်းပါ။ ရပ်ကွက်ထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်အောင် မလုပ်ပါနဲ့လို့ပြောတော့ ကျွန်တော်တို့က မကျေနပ်ဘူးတဲ့ မကျေနပ် ရင် တရားဥပဒေအရ ရှင်းဆိုတော့ သူတို့ရဲစခန်းကို သွားပါတယ်။ ရာဇသူရ လမ်းမှာ ကလေးတွေကိုထပ်တွေ့တော့ ကျွန်တော်က ပြန်လိုက်ဖို့ပြောပြီး ရပ်ကွက်ထဲမှာရန်မဖြစ်ပါနဲ့လို့ တောင်းပန်လိုက်တယ်။ အဲဒီတော့မှ ပြန်သွား တယ်။ NLD တောင်ဥက္ကလာပါတီဝင် ဇွဲသူရိန်အောင်၊ ထွန်းထွန်းဝင်းဦး၊ ထက်လွင်ဦး၊ လင်းထက်၊ ခိုင်ခင်ငြိမ်း၊ ဟေမန်နှင်း၊ ထွန်းနေ၀င်းအပါအ၀င် ၁၅ယောက်လောက် ကိုသက်ဦးအောင် တို့ဘက်ကပါတယ်။ဒေါက်တာ စောနိုင် ဘက်က ကျော်မိုးဝေ တို့ပါတယ်။ ဒေါက်တာစောနိုင်ကို ၀င်ထိုးတာ က ဇွဲသူရိန်အောင်၊ သက်လွင်ဦး ရယ် ထွန်းထွန်းဝင်းဦး ရယ်လို့ စွပ်စွဲထားတယ်။ အဓိကဖြစ်တာကတော့ ရပ်ကျေးကိစ္စနဲ့ စာဝေတာကနေ တစ်ဆင့် ဖြစ်တယ်။

 

ပါတီတွင်းကော်မရှင်ဆိုတာက ရပ်ကျေးအဖွဲ့ကို အတည်ပြုရွေးပေးဖို့ ကြီးကြပ်တဲ့ အဖွဲ့ပါ။ ဒေါက်တာစောနိုင်ကကော်မရှင်ရဲ့အတွင်းရေးမှူးပါ။ အပြန်အလှန်အမှုဖွင့် ထားကြတာ ကတော့ စခန်းမှာဖွင့်ထားပါတယ်။ မျက်မှန်တပ်ထားတာဆိုတော့ ပွန်းတဲ့ဒဏ်ရာ တွေရတာပေါ့” ဟု ပြောကြားခဲ့သည်။

  Myanmar Express 

5 comments:

ခွေး အ ချင်း ချင်း ကိုက် မှာ ဘဲ

ခွေးတွေစကိုက်ပြီ ဝေးဝေးကရှောင်ကြတော့ တပြည်လုံးခွေးတွေလည်း ကိုက်အုံးမယ်

စောက်ရှက်ပါပဲကွာ စောက်လုပ့်မရှိ့ စောက်ကိုင်မရှိ့ အားနေယားနေ တောင်သွားမြောက်သွား ဆရာလိုလို ဘာလိုလို
တခု့ခု့ဖြစ်ရင် ကြေညာထုတ်မယ် သတင်းစာရှင်းမယ် ဒါပဲတတ်တယ် ဒီလိုနဲ့ပဲ သေမှာပါပဲ ဆန်ကုန် မြေလေး ပါတယ်ကွာ
သာမှန်လူတယောက်လောက်တောင် တန်ဖိုးမရှိ့ဘူး

ခွေးရူးတွေပါကွာ တွေ့တဲ့နေရာဟိုဟောင်ဒီဟောင်နဲ့။မျက်စေ့ကိုရှုပ်နေတာပဲ။

ကချင်ပြည်နယ် မိုးကောင်းမြို့ က အဖွဲ့ တွေလဲ
ဘယ်တော့ရိုက်ကြမလဲ မသိဖူးဗျို့  နားသာထောင်
ကြပေတော့ သိပ်မကြာဖူး ကြားရတော့မယ် အဲဒီမှာ
ပိုဆိုးမယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်