Subscribe to our RSS Feed

ငွေရဖို့အတွက် နိုင်ငံရေးလုပ်သော ဘုန်းကြီးများကြောင့် ဝမ်းနည်း စိတ်ထိခိုက်ရကြောင်း သီရိလင်္ကာ မှ သံဃာတစ်ပါး မိန့်ကြား ( ပေးစာ - ၅၇ )

ဦးဇင်း က ယခုလောလောဆယ် သီရိလင်္ကာနိုင်ငံမှာ ပညာတော်သင်နေတဲ့ ဦးဇင်းတစ်ပါးပါ.. ဒကာ သို့မဟုတ် ဒကာမတို့ ဝက်ဆိုဒ်ကို ခုမှ ဖတ်ဖြစ်တာပါ. တခြားနိုင်ငံရေး ဝက်ဆိုဒ်တွေလည်း ဖတ်ပါတယ်. ဦးဇင်းအမှန်တကယ်အကြောင်းအရာလေးတွေ ကိုယ်တွေ့ဖြစ်ရပ်ကလေးတွေကို တင်ပြချင်ပါတယ်။ မတင်ပြခင်မှာ ဦးဇင်းကဘယ်နိုင်ငံရေး အဖွဲ့အစည်းအလုပ်တွေကိုမှ စိတ်မဝင်စားသလို နိုင်ငံတော်က ကောင်းတယ်မကောင်းဘူးဆိုတာလည်း စိတ်မဝင်စားပါဘူး။။ ဦးဇင်းက အသက်ခု ၂၉ နှစ်ပါ။ ဘုန်းကြီးဖြစ်တော့ ဘုန်းကြီးနဲ့ဆိုင်တာပဲ လုပ်ဆောင်နေပါတယ်။

ဦးဇင်းသီဟိုကို စာသင်ဖို့ရောက်လာတာ ကြာပါပြီး ယခုလည်း သင်ကြားနေဆဲပါ။ ဟိုတုန်းက စရောက်တုန်းကတော့ နားမလည်ပါဘူး။။ နိုင်ငံရေလုပ်တဲ့ ကိုယ်တော်တွေက အတင်းခေါ်တယ် ပြီးတော့ ဘုရားဖူးပုံစံမျိုးတွေနဲ့ ဦးဇင်းတို့ အသစ်ရောက်လာတဲ့ ဘုန်းကြီးတွေခေါ်ပြီး.. လမ်းလျောက်ကြမယ်ဘာညာဆိုပြီးပြောပါတယ်. ပြောတော့လည်း အမှန်တရားကို မသိသေးပါဘူး။။ လမ်းတွေပါတွေလျောက်ပြိးမှ သူတို့က ဓါတ်ပုံတွေရိုက်ဘာညာနဲ့ ပြိးလည်းပြိးရော နိုင်ငံရေးသမားတွေ ဖြစ်နေတယ်။ ဘယ်နေ့က သံဃာဘယ်လောက် ဦးဆောင်ပြီး ဘာအတွက် လမ်းလျောက်ကြတယ်ဆိုပြီး နိုင်ငံရေးသတင်းစားတွေထဲမှာ ထည့် ပြီး ဝေဝေဆာဆာကြေငြာတော့မှ သိရတာပါ. ဥိးဇင်းတို့ ကို အသုံးချကြပါတယ်။ အသုံးချခံလိုက်ရတဲ့ ကိုယ်တော် တွေမနည်းပါဘူး ဒီမှာ။

အဲဒီလိုလုပ်ဖို့အတွက်လည်း သူတို့ကို တခြားနိုင်ငံတွေ ငွေပေးပါတယ်။ ဥိးဇင်းကိုယ်တိုင်လည်း စိတ်မဝင်းစားပါဘူး။။ ယခုလက်ရှိ သီရိလင်္ကာမှာ စာသင်နေတဲ့ ဘုန်းကြီးတွေ အကုန်ဆို ၂၅၀ ကျော်နဲ့ သီလရှင် ၁၇ ပါးပါတ်ဝန်ကျင်လောက်ရှိမယ်။ နိုင်ငံရေးလုပ်နေတဲ့ ကိုယ်တော်တွေက အများဆုံး ၁၀ ပါပါး။ တခြားသူတွေကိုတော့ ဘာကိစ္စရှိ လို့ လာကြပါ..ဘာညာခေါ်ပြီးမှ သူတို့က ဓါတ်ပုံတွေရိုက်ကြ ပြီးလည်းပြိးလည်းပြီးရော အင်တာနက်မှ သူတို့တွေက မကျေနပ်လိုပါညာဆိုပြီါ်တင်လိုက်ပါတယ်။ အဲဒိလို သူတို့လုပ်လို့လည်း ဒီမှာ ပြသာနာတွေ မကြာကြာတက်ကြပါတယ်။ အများစု ကိုယ်တော်တွေက လုံးဝဝါသနာမပါကြပါဘူး။

သီရိလင်္ကာကျောင်းသားများဘလော့ဆိုပြီး ရှိပါတယ် ( http://www.lankamsma.org/) . ဒါပေမယ့် ဘယ်သူမှ စိတ်မဝင်စားပါဘူး။ ဥဲီးဇင်းစိတ်မကောင်းဖြစ်ရတဲ့ အကြောင်းတစ်ခုကတော့.. သူတို့နိုင်ငံရေးလုပ်သူတွေက ညနေခင်တစ်ခုမှာ မြန်မာကျောင်းရဲ့ ဗောဓိပင်အောက်မှာ ထိုင်ခုံးတွေချပြီး စည်းဝေးကြပါတယ်။ ဦးဇင်းလည်း အဲဒီတုန်းက ကိစ္စတစ်ခုကြောင့် ရပ်ကြည့်နေခဲ့မိတယ်။ သူတို့ နောက်ဆုံး ရွေးကောက်ပွဲကို မကြေနပ်ကြောင်း စည်းဝေးနေတဲ့ ပုံတွေကို ဒီကနေ သံဃာတပ်ပေါင်စုထံကို ဓါတ်ပုံပြရမယ်တဲ့ စည်းဝေးနေတဲပုံတွေကို.. သူတို့တွေပဲ ဓါတ်ပုံတွေရိုက်ကြပြုကြနဲ့ နောက်ဆုံးမှာ အလံတစ်ခုကိုမီးရှိုးလိုက်ကြတယ်။။ အလံက တစ်မျိုးဖြစ်နေတော့ ဘေးက သူငယ်ချင်းတစ်ဦးကိုမေးလိုက်တယ်။ ဘယ်နိုင်ငံကအလံလည်းလို့ .. သူငယ်ချင်းက ပြန်ပြောတယ် မြနိမာအလံတဲ့။ ဦးဇင်းက ဦးဇင်းသိတဲ့ အလံက စပါးနှံပါတဲ့ အလံခုက ဘယ်လိုပုံလည်းဆိုတော့ ပြောင်းထားတာ ကြာပြီးလို့ ပြောတယ် . ဦးဇင်းအဲဒီအချိန်အထိ လုံးဝကိုမသိတာ အလံပြောင်းလားမပြောင်းဘူးလားဆို။။

သီရိလင်္ကာ မှ ဘာသာရေးမလုပ်ပဲ နိုင်ငံရေးလုပ်သူ ဘုန်းကြီးများ ငွေရဖို့ နိုင်ငံတော်အလံကို မီးရှို့ကြစဉ်

တော်တော်လေးကို စိတ်ထိခိုက်သွားတယ်။။ မိမိနိုင်ငံတော်အလံကို မီးရှို့ဖျက်စီးတဲ့ သူတွေက လူမဟုတ်ပဲ ဘုန်းကြီးတွေဆိုတော့.. ဥိးဇင်းတကယ် ဝမ်းနည်းသွားမိတယ်။ ပြိေးတာ့ သူတွေပဲ ဘယ်နိုင်ငံကတော့ ငွေဘယ်လောက်ရတယ်။။ ဘာညာနဲ့ တွက်နေကြတယ်။။

စာလည်းသိပ်မရေးတက်ဘူး။။ တကယ်လို့ စာလုံးတွေ အစီအစဉ်မရှိဘူးဆိုရင် ပြန်ပြိးပြန်ဖတ်ပေးကြပါ။ နောက်ဆုံးပြောချင်တာကတော့ သီရိလင်္ကာမှာကျောင်းတက်နေတဲ့ ဘုန်းကြီး ၁၀၀ မှာ ၉၉ သည် နိုင်ငံရေးကို လုံးဝစိတ်ဝင်စားသူများမဟုတ်ပဲ စာကိုသာ သီးသန့် လာရောက်သင်ကြားနေတာပါ။။ ဓါတ်ပုံထဲမှာ အများကြီးဆိုတာက သူတို့တွေ လုပ်စားကြတာဖြစ်ပါတယ်။ တစ်ခါတစ်လေ လုံးဝကိုမသိလိုက်ပဲ ဓါတ်ပုံတွေ ရိုက်ခံလိုက်ကြရတာရှိပါတယ်။။

အသေးစိတ်သိချင်ရင်တော့ မေးပါ သီးသန့်ကိုဖြေကြားပေးပါမယ်။။ အတိအကျကိုပြောပေးပါမယ်.. သူတိုလုပ်ရပ်တွေက အောက်တန်းကျတယ်.. ငွေပေးတာယူပြိး ဘုန်းကြီးတွေကို ခုတုံးလုပ်တယ်။ လုပ်သူက အနည်းစုပါ။။

ဦးဇင်းရေးထားတဲ့စာကို ပြင်ဆင်ပြီး ဒကာကြီးတို့ ဘလောမှာ အများမြင်သာအောင်တင်နိုင်ပါတယ်။။ သူတို့လုပ်ရပ်တွေကို ဦးဇင်းက အတွင်းကျကျအကုန်သိပါတယ်။ ကြည်ညိုလိုမရပါဘူး။။

ဦးဇင်းရဲ ဒီအကောင့်ကိုတော့ လုံးဝဖေါ်မပြပါနဲ့ လိုတောင်းပါတယ်..

အားလုံးကျန်းမာချမ်းသာကြပါစေ...

( စာပို့ပေးလို့ ကျေးဇူးတင်ပါတယ် ဘုရား၊ လုံခြုံရေးကို ဂရုစိုက်ပါ ဘုရား၊ ဘာသာရေး မညိုးနွမ်းအောင်နဲ့ သံဃာတွေကို လူတွေက အကြည်အညိုမပျက်စေဖို့ အချင်းချင်းလည်း တက်နိုင်သလောက် ထိန်းသိမ်းပေးဖို့ မေတ္တာရပ်ခံပါတယ်ဘုရား - MEG )

Myanmar Express

15 comments:

ကျေးဇူးပါ ဆရာတော်ဘုရား
ဘယ်သူမှ အဲလိုဘုန်းကြီးတွေကို ကြည်ညိုလို့မရပါဘူးဘုရား

အဲလိုဘုန်းကြီးတွေကို ကြည်ညိုလို့မရပါဘူးဘုရား/လုံခြုံရေးကို ဂရုစိုက်ပါ ဘုရား၊ ဘာသာရေး မညိုးနွမ်းအောင်နဲ့ သံဃာတွေကို လူတွေက အကြည်အညိုမပျက်စေဖို့ အချင်းချင်းလည်း တက်နိုင်သလောက် ထိန်းသိမ်းပေးဖို့ မေတ္တာရပ်ခံပါတယ်ဘုရား......

လုံခြုံရေးကို ဂရုစိုက်ပါ ဘုရား၊ ဘာသာရေး မညိုးနွမ်းအောင်နဲ့ သံဃာတွေကို လူတွေက အကြည်အညိုမပျက်စေဖို့ အချင်းချင်းလည်း တက်နိုင်သလောက် ထိန်းသိမ်းပေးဖို့ မေတ္တာရပ်ခံပါတယ်ဘုရား

ဒီပို့စ်ရေးတဲ့ဆရာတော်ဘုရား
အီးမေးလ်လိပ်စာလေး ပေးခဲ့ပါဘုရား။

ဘာလုပ်ဖို့လဲ မင်းကဘယ်သူမို့တောင်းတာလဲ
ဆရာတော်မှန်တာပြောလို့နာလို့တောင်းတာလား

ယနေ့ဗမာပြည်သူများသည်ဒီမိုကရေစီနှင့်မထိုက်တန်ပါ
ဒီမိုကရေစီဆိုတာဘာမှန်းမသိသေးပါ
ပြည်သူတွေလိုသမျှလိုက်လုပ်ပေးနေရင်
တောတွင်းမှလက်နက်ကိုင်အဖွဲ့တွေကလဲ
သီးခြားအုပ်ချုပ်ရေး(သီးခြားနိုင်ငံ)များတောင်းဆိုလာမှာ
သေချာပါသည်

ဒါဟာအနောက်အုပ်စုတွေရဲ့ လက်ချက်တခုပါ
မြန်မာနိုင်ငံကြီးပြိုကွဲမခံနိုင်ပါ

စစ်တပ်မှအာဏာပြန်ယူပြီးပြန်လည်အုပ်ချုပ်သင့်ပါသည်
.

မင်း အီး မေး ရှိ ရင် ပေး ပြီး
invite လုပ် ခိုင်း ပေါ့ ကွ

ကိုယ်တော် ရဟန်းသိက္ခါနှင် အညီ နေထိုင်ပါရဲ့လား ရဟန်းထုကြီး ဒုတ်ခရောက်နေတာ ရဟန်းအချင်းချင်း သစ္စာဖောက် သိုဖြစ်မနေဘူးလား ဒီဆိုဒ် ကကောင်တွေက ခွေးတွေ သူတို့စကားနားမယောင်နဲ့ ဟဲ ဟဲ

ကျေးဇူးတင်ပါတယ်ဘုရား သံဃာတွေဝင်ရှုပ်နေတာတွေ စစ်မှန်တဲ့သံဃာတွေကိုယ်တိုင် ဝင်ရှင်းပေးမှ ရမှာပါ ဘုရား

good, I Love Myanmar and i like myanmar express.

ဆေးလိပ်က အမျိုးသား အင်္ဂါကို တိုစေ

From : International news for myanmarတကယ့် ပေါက်ပေါက်ရှာရှာ ဆေးပညာရှင်တို့ လေ့လာတွေ့ရှိထားမှု တစ်ခု ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်ကတော့ ဆေးလိပ်သောက်ခြင်းရဲ့  ဆိုးကျိုးတစ်ချက် ကတော့ အမျိုးသားကို လိင်အင်္ဂါကို တိုစေခြင်း ဖြစ် တယ်လို့ ဆိုပါတယ်။ဆေးလိပ်က အဆုပ်ကိုပဲ ထိခိုက်စေတာ မဟုတ်ပါဘူး။ ခန္ဓာ ကိုယ်တွင်း သွေးလည်ပတ်မှုကို အနှောက်အယှက်ပေးပါတယ်။ အထူးသဖြင့် အမျိုးသားတို့ အင်္ဂါကို သွေးမရောက်အောင် ညစ်ထားတတ်ပါတယ်။ဒါကြောင့် elastic ဖြစ်နှုန်းကျဆင်းပြီး နဂိုရှိရင်း ထက်တောင် တိုသွား တယ်လို့ လေ့လာထားကြပါတယ်။ နှစ်ရှည်ကြာ စွဲသောက်သူ အပေါ် လေ့လာချက်အရ ၁ စင်တီမီတာ တိုသွားတယ်လို့ ဆိုပါတယ်။ဒါတင်မက အင်္ဂါသို့ ရောက်အောင်သွားတဲ့ ဟိုမုန်း တွေကိုလည်း သေဖို့ အကြောင်းပိုများ ပါတယ်။ မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကိုလည်း သေဆုံးပြီး ကလေးရနိုင်ချေ နည်းသွားပါတယ်။ အကယ်၍ ရရင်လည်း ရတဲ့ ကလေး အပေါ် သက်ရောက် မှု အနည်းနဲ့အများ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဥပမာ- ကလေး ကြီးထွားမှု မမှန်ခြင်း လိုမျိုး ဖြစ်ပါတယ်။သုတေသနတို့ရဲ့ နောက်ထပ် တွေ့ရှိချက်ကတော့ အမျိုးသား တို့ ဆေးလိပ်သောက်သုံးခြင်းဟာ နှလုံးကို ထိခိုက်ခြင်းထက် အင်္ဂါထိခိုက်မှု ကို ပိုမို တိုက်ရိုက်ဆက်စပ်စေကြောင်း သိရပါတယ်။   Myanmar Express 23Share on facebookShare on twitterShare on emailShare on print

8 comments:

တောသားကြီ3း December 2012 17:19အော် ဆေးလိပ် ဆေးလိပ် အဓိက နေရာကို တိုက်ခိုက် နေပါ ရောလား။Replyတောသားကြီ3း December 2012 17:20အော် ဆေးလိပ် ဆေးလိပ် အဓိက နေရာကို တိုက်ခိုက် နေပါ ရောလား။Replyတောသားကြီ3း December 2012 17:21အော် ဆေးလိပ် ဆေးလိပ် အဓိက နေရာကို တိုက်ခိုက် နေပါ ရောလား။ReplyA 1(M)3 December 2012 22:33ဒီပညာပေးဆောင်းပါးလေးကိုခုအချိန်ကြမှဖတ်ရလို့ဝမ်းအရမ်းနည်းမိတယ်ဗျာ..ကျွန်တော့်ဘဝအတွက်အရာရာဟာနောက်ကျသွားပေါ့...ဒီလိုဗျကျွန်တော်ကခပ်ငယ်ငယ်၃တန်းကျောင်းသားလောက်တည်းကမိဘတွေကလည်းဆိုဆုံးမမှုမရှိတော့မိမဆုံးမဖမဆုံးမသားသမီးတို့ထုံးစံအတိုင်းစိုးချင်တိုင်းစိုး ပေချင်တိုင်းပေ တေချင်တိုင်းတေနေရာကနေဆေးလိပ်ကို စွဲစွဲမြဲမြဲသောက်ခဲ့မိတော့တာပါပဲ ခလေးအရွယ်ပေမယ့်လည်းမိုက်ရိုင်းလွန်းတဲ့ကျွန်တော်အိမ်ပေါ်မှာပေါ်ပေါ်ထင်ထင်ဆေးလိပ်သောက်တာကိုအဖေအမေကဘာမှမပြောဘဲလျစ်လျူရှုနေကြပါတယ်သူတို့ကလည်းသူတို့ဘာသာနေ့စဉ်လိုအိမ်ပေါ်မှာဖဲဝိုင်းထောင်ပြီးပျော်ပျော်ပါးပါးဖဲရိုက်နေကြတာပါပဲဗျာ...ရပ်ကွက်ထဲကတခြားအိမ်တွေကလူတွေကလည်းကျွန်တော်တို့မိသားစုကိုအပေါင်းအသင်းမလုပ်ကြဘူးဗျ ကျွန်တော်တို့ကိုတော်တော်အထင်သေးကြပြီး ကျွန်တော်တို့ကြောင့်ရပ်ကွက်မသန့်ဘူးလို့ပြောနေကြတာ...အဲ့တော့အပေါင်းအသင်းမရှိတဲ့ကျွန်တော်ဟာဆေးလိပ်ကိုပဲအဖော်ပြုပြီးစွဲစွဲမြဲမြဲသောက်ခဲ့ရာကကျန်းမာရေးကချို့တဲ့ပြီးရှုနာရှိုက်ကုန်းဖြစ်လာတော့တာပါပဲအဆိုးဆုံးကတော့ဗျာယောင်္ကျားအင်္ဂါဇာတ်အလွန်တိုပြီးလူစဉ်မမှီတဲ့ဘဝကိုရောက်သွားတော့တာပါပဲ..အိမ်မှာဖဲလာရိုက်တဲ့လူကြီးတွေက တစ်ချို့ကကျွန်တော့်ကိုဂွေးတိုလို့ခေါ်ပြီး တစ်ချို့ကတော့ တစ်လက္မခွဲလို့ခေါ်ကြတော့တာပါပဲဗျာ သူတို့ပြောတဲ့အတိုင်းတကယ်လည်းတစ်လက္မခွဲနယ်ကုန်ပါပဲ...ခုတော့ဆေးလိပ်သောက်ခြင်းဆိုးကျိုးကြောင့်ငန်းငန်းတက်အိမ်ထောင်ပြုချင်ပေမယ့်လည်းစိတ်သွားတိုင်းကိုယ်မပါ လူစဉ်မမှီတဲ့ဘဝ အားမတန်လို့မာန်လျော့လိုက်ရပြီပေါ့ဗျာ...မွေးရာပါဖွားတော်ဖက်ကသေးပေါက်ဖို့တစ်ခုပဲအသုံးဝင်ပါတော့တယ်ဗျာ...အနာဂတ်လူငယ်များကျွန်တော့်လိုဘဝမျိုးမရောက်ရအောင်ဆေးလိပ်မသောက်ကြပါနဲ့လို့တိုက်တွန်းရင်းနိဂုံးချုပ်လိုက်ပါတယ်ဗျာ။ ။ReplyRepliesAnonymous3 December 2012 23:39A 1(M) ခေါ် ဂွေးတို ခေါ် တစ်လက္မခွဲ လေးရေသေးပေါက်ဖို့ပဲအသုံးဝင်တော့လည်းသေးပဲပေါက်တော့ပေါ့ကွယ်...ဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားးးးးးးးးးးးးးးး

ရဟန်းသိက္ခာနေလို့မှန်တာပြောသစ္စာ သစ္စာအကျိုးကို သိပါသလား ဖေါ်သာဖေါ်အော်ရင်အော်ပေ့စေ သင်္ကန်းအရေခြုံပြီး စီးပွားရှာနေတာအများကြီး အလှူခံအစ ချဲဂဏန်းပေးတာအလယ် ဆန္ဒပြတာအဆုံး ရဟန်းတုတွေ အများအများဆုံး

ှုI love Myanmar Express too

ဒီစာကိုရေးတဲ့ ကိုယ်တော်ကို လေးစားပါတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်