From : မြဝတီ
. www.MyanmarExpress.net
ဂျပန် နိုင်ငံမှ ကုမ္ပဏီ ကြီးများဖြစ်သော Takashimaya Co., Ltd., All Nippon Airways Co.,Ltd., Ryobi Holding Limited
နှင့် Vessel Hotel Development Co.,Ltd. တို့မှ လုပ်ငန်းရှင် များနှင့်
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး
ဦးဝင်းမြင့်သည် ယမန်နေ့ နံနက် ၉ နာရီက တွေ့ဆုံပြီး မြန်မာ နိုင်ငံတွင်
လာရောက် ရင်းနှီး မြှုပ်နှံမှု အလားအလာ များကို လည်းကောင်း၊
ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက် ခေတ်မီရေး အတွက် အခြေခံ အဆောက်
အအုံနှင့် သယ်ယူ ပို့ဆောင်ရေး ဆိုင်ရာ အဆိုပြု စီမံကိန်း အစီ အစဉ်များကို
လည်းကောင်း ဆွေးနွေးကြသည်။
အလားတူ နံနက် ၁ဝ နာရီက ရန်ကုန်မြို့ ဂျပန်နိုင်ငံ ကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ Mr. Shiro Asahina နှင့် ကိုယ်စားလှယ် အဖွဲ့အား တွေ့ဆုံပြီး မြန်မာ-ဂျပန် နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ရေးနှင့် မြန်မာ နိုင်ငံ တွင် လာရောက် နေထိုင်ကြသော ဂျပန်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင် များနှင့် မိသားစု ဝင်များအတွက် ပြည်ဝင်ခွင့် ဗီဇာ ရရှိရေး၊ အဆင်ပြေ ချောမွေ့ရေး ကိစ္စရပ် များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြကြောင်း သတင်း ရရှိသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်