Subscribe to our RSS Feed

တစ်မူထူးခြားသော ရေငုပ်သင်္ဘော အီရန်ရေတပ်ပြသ

From : မြဝတီ


အီရန်ရေတပ်သည်၎င်းတို့၏တစ်မူထူးခြားသောစိမ်းပြာရောင်ခြယ်ထားသည့် Sina 7 အမည်ရှိ ရေငုပ် သင်္ဘောသစ်တစ်စင်းကို နိုဝင်ဘာနှောင်း ပိုင်းက နိုင်ငံပိုင် ရုပ်မြင်သံကြားတိုက်ရိုက် ထုတ်လွှင့် မှု အစီအစဉ်မှတစ်ဆင့် ပြည်
သူများထံသို့ ထုတ်ဖော်ပြ သခဲ့ကြောင်း သိရသည်။

အလွယ်တကူရှာဖွေတွေ့ရှိနိုင်သည့်အတွက်မည်သည့်စစ်တပ်ကမျှ
ရေငုပ်သင်္ဘောများကို စိမ်းပြာရောင်ခြယ်သခြင်းမရှိကြောင်း၊ သင်္ဘောတည်
ဆောက်သူများအနေဖြင့် အရောင်မှားယွင်းခြယ်သခဲ့ သည်ဟု ယူဆရကြောင်းနှင့် အဆိုပါအရောင်သည် သင်္ဘော ကို သမုဒ္ဒရာရေပြင်နှင့် သဟဇာတဖြစ်စေကာ အထောက် အပံ့ပေးနိုင်မည်ဟု ယူဆဟန်တူကြောင်း Daily Mail က ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ဟော့ဇ်မုဇ်ရေလက်ကြားအနီးရှိ ဘန်ဒါအက် ဘက်စ်မှ ထွက်လာသော Sina 7 နှင့် ဂါဒီအာ အမျိုးအစားရေငုပ် သဘောင်္နှစ်စင်းသည် နိုင်ငံ၏ စစ်တပ်အင်အားကို ကိုယ်စားပြုကြောင်း အီရန်နိုင်ငံက ပြောကြား သည်။

အစ္စလာမ်မစ်တော်လှန်ရေးတပ်ဖွဲ့ တည်ထောင်သည့် အချိန်မှစ၍ မိမိတို့အနေဖြင့် အခြားနိုင်ငံများမှ အကူအညီ ရယူခဲ့ခြင်း မရှိကြောင်း နိုင်ငံ၏ အင်အားလိုအပ်ချက်အတွက် မိမိတို့ကိုယ်တိုင်သာ ရပ်တည်လုပ်ဆောင် ခဲ့ကြောင်း ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ်တွင် အီရန်ရေတပ် တပ်မှူး ဟာဘီဘိုလာဆေယာရီက ပြောကြားခဲ့သည်။

Sina 7 သည် သင်္ဘော ဖျက်ဒုံးကျည်များ ပစ်ခတ်နိုင်စွမ်းရှိပြီး ကာကွယ်ရေး မဟာဗျူဟာသစ်၏ အဓိကအချက်အချာဖြစ် ကြောင်း အီရန်အစိုးရအဖွဲ့က ပြောကြားခဲ့သည်။

ထို့အပြင် ပြန်လည်မွမ်းမံထားသည့် ရှပ်ပြေးသင်္ဘော နှစ်စင်းကိုလည်း ရုပ်သံတိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ်တွင် ပြသခဲ့ကြောင်း သိရသည်။

 Myanmar Express 

2 comments:

Do you think Israel and US will afraid of this lousy Iran or NK missile? When they own 7, their enemy will own 8 and complete waste of time and money.

Have a look Iron Dome system invented by Israel and US for your reference. Good luck.

A Virginia-class stealth sub can take out entire Iran navy. good luck with 2 subs iran cuz Isreal got 4 and US gout 71 + 25 more Virginia-class are in building process.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်