Subscribe to our RSS Feed

အမျိုးသမီးများကြား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံမှုနှုန်း မြင့်တက်လာ

From : မြဝတီ

ယနေ့ခေတ် အမျိုးသမီးများကြား သားအိမ်ခေါင်း ကင်ဆာရောဂါကို ကြိုတင်ကာကွယ်ရန် အတွက် သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး ထိုးနှံမှုနှုန်း မြင့်တက်လာကြောင်း သိရသည်။
အမျိုးသမီးများကြား သားအိမ် ခေါင်းကင်ဆာရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေး အသိပညာများ ကျယ်ပြန့်စွာ သိရှိလာခြင်းကြောင့် ကာကွယ် ဆေးထိုးနှံမှုနှုန်း မြင့်တက် လာခြင်းဖြစ်ကြောင်း သိရသည်။
လိင်ဆက်ဆံမှု တစ်ကြိမ်တစ်ခါမှ မပြုရသေးသည့် အပျိုစင်များသည် ကာကွယ်ဆေး မထိုးမီတွင် ရောဂါရှိ၊ မရှိ ကြိုတင် စစ်ဆေးရန် မလိုအပ်သော်လည်း အိမ်ထောင်ရှိသည့် အမျိုးသမီးများ အနေဖြင့် ရောဂါရှိ၊ မရှိ ကြိုတင် စစ်ဆေးသင့်ကြောင်း သိရသည်။
သားအိမ်ခေါင်းထိပ်မှ အသားစကို စစ်ဆေးခြင်းဖြင့် ရောဂါရှိ၊ မရှိနှင့် ရောဂါရှိသည် ဆိုပါက မည်သည့် အဆင့်သို့ ရောက်ရှိသည်ကို စောစီးစွာသိရှိနိုင်သည့် အကျိုးရလဒ်များ ရရှိနိုင်ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးသည့်အခါ ပုံမှန် ဖြစ်နိုင်ခြင်း သို့မဟုတ် သားအိမ်ခေါင်း ကင်ဆာရောဂါ အကြိုအဆင့် CIN 1, CIN 2,CIN 3 ဖြစ်နိုင်ခြင်း၊ သားအိမ် ခေါင်းကင်ဆာ အကြိုအဆင့် မရောက်ရှိမည့် အခြေအနေတွင် ပုံမှန်မတွေ့ရခြင်း နှင့် ကင်ဆာရောဂါ လက္ခဏာရပ်များ လည်းသိရသည်။ ကင်ဆာရောဂါ ဖြစ်ပွားမှုရှိနေပါကလည်း တတ်ကျွမ်းနား လည်သည့် ပညာရှင်များနှင့် တိုင်ပင် ဆွေးနွေးပြီး ဆေးကုသမှုခံယူသင့်ကြောင်း သားဖွားနှင့် မီးယပ် အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာစိုးလွင်ကအကြံပြုသည်။
ရောဂါဖြစ်ပွားစေသည့် ဗိုင်းရပ်စ်အမျိုးအစားပေါင်း ၂ဝဝ ကျော်ရှိပြီး Human Papilloma Virus ဗိုင်းရပ်စ် ၃၁၊ ၃၃၊ ၄၅ နှင့် သားအိမ်ခေါင်း ကင်ဆာ အကြိုအဆင့် ပြောင်းလဲမှု အဆင့်သုံးအထိ ကာကွယ်ပေးနိုင် ကြောင်းနှင့် အသက်အရွယ် အားဖြင့် ကိုးနှစ်အရွယ်တွင် စတင်ထိုးနှံနိုင် ကြောင်း Glaxo Smith Kline ကုမ္ပဏီမှ သိရသည်။
ကာကွယ်ဆေး ထိုးနှံထားပြီး ကိုးနှစ်နှင့် လေးလပြည့်ချိန်တွင် ကိုယ်ခံအား Anti-body ကို ပြန်လည် စစ်ဆေးရမည် ဖြစ်ကြောင်း သိရသည်။
သားအိမ်ခေါင်း ကင်ဆာရောဂါသည် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ဖြစ်ပွားမှု များပြားပြီး မြန်မာ နိုင်ငံတွင် ပြည်သူများကြား ကာကွယ်ဆေး ကျယ်ပြန့်စွာ ထိုးနှံလာနိုင်ရန်အတွက် ကာကွယ်ဆေး ဈေးနှုန်းများကိုလည်း လျှော့ချ ပေးထားကြောင်းနှင့် ကာကွယ်ဆေးကို ပထမ တစ်ကြိမ်တွင် တစ်လုံး၊ ဒုတိယတစ်ကြိမ် ထိုးနှံမှုကို ပထမအကြိမ် ထိုးနှံပြီးတစ် လပြည့်သည့်တွင် တစ်ကြိမ်၊ နောက်ထပ် ခြောက်လပြည့်သည်တွင် တစ်ကြိမ် သုံးလုံး ထိုးနှံရမည် ဖြစ်ကြောင်း သိရသည်။
''အထက်တန်း ပိုင်းရော၊ လူလတ် တန်းပိုင်းတွေပါ ကာကွယ်ဆေးထိုးနှံ လာကြတယ်။ ကာကွယ်ဆေး စောစော ထိုးထားလေလေ ရောဂါဖြစ်ပွားမှု နှုန်းကို မြန်မြန်ကာကွယ် နိုင်လေ ပါပဲ'' ဟု ဆေးကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားကြောင်း သိရသည်။

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်