Subscribe to our RSS Feed

ယနေ့ မြန်မာ နှင့် ကွမ်း

From : hot news



ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၏ အရှေ့ဘက် ငါးမိုင်ခန်ကွာလောင်းကြတ် မြို့တွင် ရခိုင်သက္ကရာဇ် ၆၃၅ ခုနှစ်၊ ခရဇ် သက္ကရာဇ် ၁၂၈၃ ခုနှစ်က ထီးနန်းအုပ် ချုပ်မင်းလုပ်ခဲ့သူမှာ ဘုရင်မင်းထီးဖြစ်သည်။  ရခိုင်ဘုရင်မင်းထီးသည်ကွမ်းစားသည်။ မူးမတ်များလည်းကွမ်းစားကြသည်။ ယခု ခေတ်လိုသံဘူးများ၊ ပလပ်စတစ်ဘူးများ၊  သစ်ရွက်အထုပ်များဖြင့် အသင့်ယာထား ပြီး စားခြင်းမျိုးမဟုတ်၊ ကွမ်းရွက်၊ ကွမ်း သီးစသောပေါင်းစပ်ပစ္စည်းစုံပါသည့်ကွမ်း တောင်၊ ကွမ်းအစ်များတွင်ထည့်ကာ ကိုယ်တိုင်ယာဘူးဖေးစနစ်ဖြင့် စားခြင်းဖြစ်  သည်။
ဘုရင်မူးမတ်ရဟန်းရှင်လူမည်သူမဆို  ကွမ်းစားလိုလျှင် ကိုယ်တိုင် ကွမ်းရွက်ကို ဖြန့်ကာထုံးသုတ်ရ၏။ ကွမ်းသီးညှပ်ရ၏။ ကိုယ့်စိတ်ကြိုက်ကိုယ့်အတိုင်းအတာဖြင့် စားခြင်းမျိုးဖြစ်သည်။ စီးပွားရေးကွမ်းယာ   ဈေးကွက်ထိုစဉ်က မရှိသေးပါ။ ထို့ကြောင့်  ကျန်းမာရေးကို များစွာထိခိုက်စေနိုင်သော  ပေါင်းစပ်ဓာတုပစ္စည်းများလည်း ပါဝင်သေး  မည်မဟုတ်ပါ။ သို့သော်ကွမ်းစားခြင်းသည်  တစ်ကိုယ်ရေသန့်ရှင်းမှု ဆုံးရှုံးရုံမျှမက ပတ်ဝန်းကျင်ကိုပါ ဆိုးဝါစွာညစ်ပတ်ညိုး နွမ်းစေကြောင်း ရခိုင်ဘုရင်မင်းထီး၏ သမိုင်းတစေ့တစ်စောင်းမှာ သိရှိရသည်။
ကွမ်းသည် ဘုရင်ပဲစားစား၊ မူမတ် ပဲစားစား၊ ရဟန်းရှင်လူမည်သူမဆို ကွမ်း စားသူ၏ သွားများနှင့် အာခံတွင်းကို အရုပ်ဆိုးအကျည်းတန်စေသည်မှာ အသေအချာပင်၊ ကွမ်းစားရင်းဣနြေ္ဒမရတပြွတ်ပြွတ်ထွေးထုတ်နေရသည့်ဂဏာ မငြိမ်ဒုက်္ခနှင့်အတူ မြင်ရသူအတွက် စက်ဆုတ်စရာလည်းကောင်းလှသည်။
ရခိုင်ဘုရင်မင်းထီ၏ လက်ထက်ဘုရင်  နှင့် မူမတ်များ ကွမ်းစားပြီး လက်ညှိုးတွင်   ပေကျံသော ထုံးဖြင့် နီးရာနန်းတွင်းတိုင် များကို သုတ်မိတတ်ကြရာ နန်းတွင်းတိုင်  ဖြစ်ပါလျက် ထုံးလက်ကြောင့် ညစ်ပတ် ပေကျံနေရလေသည်။ “အမြင်မတော်တိုင်  တော်နှင့် ထုံး” ဟုဆိုရမလိုဖြစ်လာသည်။  ထို့ကြောင့် ဘုရင်မင်းထီးက “ယနေ့မှစ၍  နန်းတွင်းတိုင်များကို မည်သူမျှထုံးမသုတ် ရ၊ ထုံးသုတ်၍ တွေ့ရှိက ထုံးသုတ်သူ၏  လက်ညှိုးကိုဖြတ်ရမည်”ဟု အမိန့်ထုတ်ပြန်  ခဲ့လေသည်။
ဘုရင့်အမိန့်ကြောင့် နန်းတွင်းတိုင်  များကို မည်သူမျှ ထုံးမသုတ်ရဲကြတော့ပါ။  နန်းရင်ပြင်လည်းပြန်လည်သန့်ရှင်လှပလာ  ပါသည်။ အချိန်အခါ အတော်ကြာလာပြီး  တစ်နေ့၌ သန့်ရှင်းလှပသောည နန်းတိုင် တွင် ထုံးလက်ရာ တစ်ဖန်ပြန်ပေါ်လာပါ သည်။ ဘုရင်မင်းထီးက ညစ်ပေသော နန်းတိုင်းကို တွေ့သွားပြီး “င့ါအမိန်ကို မနာခံဖီဆန်စွာ ထုံးသုတ်သွားတာဘယ် သူလဲ” ဟုမေးရာ မူးမတ်များက ကြောက်  ရွံ့ထိတ်လန့်စွာဖြင့်ပင် “အရှင်မင်းကြီးကိုယ်  တိုင် ဘယ်နေ့ဘယ်ရက်က ကွမ်းစားစဉ် အမှတ်တမဲ့ သုတ်ခဲ့မိတာပါဘုရား” ဟု လျှောက်တင်ရလေ၏။ သည်တော့ ဘုရင်  မင်းထီးသည် “အမိန့်ဆိုတာ အမိန့်ပဲ” ဟု ဆိုကာ သူ့လက်ညှိုးကိုဖြတ်တောက်ပစ် လိုက်၏။
ယနေ့နိုင်ငံတော်တွင် “တရားဥပဒေ   အထက် မည်သူမျှမရှိစေရ၊ တရားဥပဒေ စိုးမိုးရေး”စသည့်ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်နေချိန်မှာ ဘုရင်မင်းထီး၏ ကွမ်း ကိစ္စသည်စံနမူနာယူလောက်သော သံမဏိ သမိုင်းမှတ်တိုင်တစ်ခုဖြစ်လာပါသည်။ ကွမ်းစားခြင်းနှင့် ပတ်သက်ခဲ့ရသော ဘုရင်တစ်ပါး၏ အဖြစ်အပျက်သည်အလွန်   မကြီးကျယ်သော်လည်း လွန်ခဲ့သော နှစ် ပေါင်း ၇၂၉ နှစ်က အုပ်ချုပ်သူနှင့် အုပ်ချုပ်ပုံစနစ်၏ ပြတ်သားခိုင်မာသော   မျှတသည့်စနစ်ကို တွေ့မြင်နိုင်ပါသည်။ ဘုရင်တစ်ပါး၏ ကွမ်းစားခြင်းသမိုင်းစာမျက်  နှာတစ်ခုသည် ယနေ့ပြောင်းလဲသစ်လွင်  လာသော မြန်မာနိုင်ငံအတွက် သတိမူ စရာဖြစ်ပါသည်။
နန်းတော်တွင်းမှာ ရှိကြသည့် ဘုရင်  နှင့် မူးမတ်များက ကွမ်းထုံးပေသော လက်ကို နီးရာနန်းတွင်း တိုင်များမှာ သုတ်ခဲ့ကြောင်း သိရသည်။ ရုံးထဲမှာနေ၊ လမ်းပေါ်မှာသွား၊ ကားပေါ်မှာစီးရင်းကျင်  လည်နေကြရသည့် ကျွန်တော်တို့ နိုင်ငံ  သားများဘယ်နေရာမှာ ထုံးသုတ်ကြပါ မည်နည်း၊ ဘယ်နေရာမှာ ကွမ်းတံတွေး  ထွေးကြပါမည်နည်း၊ မိမိကျန်းမာရေး အတွက် အထိခိုက်ခံနိုင်၊ ငွေကြေးအပို ကုန်ခံနိုင်သည့်အတွက် ကွမ်းစားကြသည်  ထား၊ ပတ်ဝန်းကျင်အတွက်ကိုတော့ ထည့်စဉ်းစားရပေတော့မည်။
ယနေ့လူငယ်လေးများသည် မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံလာကြမည့်နိုင်ငံ ခြားကုမ္ပဏီများတွင် တာဝန်ထမ်းဆောင် ကြရတော့မည်။ နိုင်ငံခြားကုမ္ပဏီများမှ ယဉ်မောင်းများ၊ ရုံးဝန်ထမ်းများတာဝန်ချိန်  ကွမ်းမစားရဆေးလိပ်မသောက်ရဆိုတာ မျိုးရှိလာတော့မည်။
အာရှနိုင်ငံများတွင် ကွမ်းကို အကန့်  အသတ်နှင့် တားဆီးပိတ်ပင်ထားသော နိုင်ငံမှာ စင်ကာပူနိုင်ငံပင်ဖြစ်သည်။ စင်ကာပူနိုင်ငံ၌ လမ်းဘေးကွမ်းယာဆိုင်  ခွင့်မပြုပါ။ အမှိုက်ပစ်မချရပါ။ တွေ့ရှိက  ဒဏ်ငွေရိုက်ပါသည်။ ကွမ်းယာဆိုင်တား မြစ်ခြင်းသည်ကွမ်းကြိုက်သူတို့၏ အခွင့် အရေးကို တားမြစ်ခြင်းမဟုတ်ပါ။ ဈေး တွင် ကွမ်းရွက်၊ ကွမ်းသီးစသောအမယ်စုံ  ကို ၀ယ်ယူရရှိနိုင်ပါသည်။ မိမိအိမ်တွင်  မိမိအဆင်ပြေသလိုစားနိုင်ပါသည်။
မြန်မာနိုင်ငံသည် ယခင်ကလို တံခါး  ပိတ်တားသော အမှောင်ခန်းလေးမဟုတ် တော့ပါ။ တံခါးအားလုံးဖွင့်ထားသည့် အတွက် နိုင်ငံပေါင်းစုံမှ ဧည့်ဝင်ဧည့်ထွက်  များ ရှိလာပါတော့မည်။ လမ်းမ လမ်း သွယ်အားလုံးကို သွားလာကြပါလိမ့်မည်။  ထို့ကြောင့် လမ်းပေါ်လမ်းဘေးများမှာ ကွမ်းတံတွေးအကွက်လိုက်အပုံလိုက်ရှိနေ ခြင်းများမဖြစ်သင့်တော့ပါ။ ငွေကြေးအကုန်  ခံပြီး စားရသော ကွမ်းကြောင့် သွားအပေါ် ယံကြွေလွှာများပျက်စီးခြင်း၊ ခံတွင်းအမြှေး ပါးများ ပျက်စီးခြင်း၊ ဦးဏှောက်နှင့် အာရုံကြောများ ထိုင်းမှိုင်းခြင်း၊ အသည်း နှင့် ကျောက်ကပ်ပျက်စီးခြင်း၊ ဆီးကျောက်   တည်ခြင်း၊ ခံတွင်းနှင့် လည်ချောင်းကင်ဆာ   ဖြစ်နိုင်ခြင်း၊ ရုပ်လက်္ခဏာရင့်ရော်ခြင်း စသော မကောင်းကျိုးဆက်များဖြစ်ပွား နိုင်ပါသည်။ စားသုံးသူအတွက်သာမက  ပတ်ဝန်းကျင်ကိုပါ ထိခိုက်ပျက်စီးစေသော   ကွမ်းစားခြင်းကိစ္စကို နိုင်ငံသားအားလုံး  နှင့် တကွ နိုင်ငံတော်ကပါကြတ်မတ်ပြု ပြင်ပေးရန်လိုအပ်နေပြီဖြစ်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်