Subscribe to our RSS Feed

ပထမအကြိမ် အမျိုးသားလွှတ်တော် ဆဌမပုံမှန်အစည်းအဝေး ကျင်းပရန်ခေါ်ယူ

  1. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

    အမျိုးသားလွှတ်တော်

    ကြေညာချက်အမှတ်(၄/၂ဝ၁၂)

    ၁၃၇၄ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက်

    (၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်)

    ပထမအကြိမ် အမျိုးသားလွှတ်တော် ဆဌမပုံမှန်အစည်းအဝေး ကျင်းပရန်ခေါ်ယူခြင်း

    ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၁၅၅ နှင့် အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၅တို့အရ ပထမအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးကို နေပြည်တော်၌ ၁၃၇၄ ခုနှစ်၊ နတ်တော် လပြည့်ကျော် ၁၂ ရက် (၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်)ဗုဒ္ဓဟူးနေ့၊ နံနက် ၁ဝ-ဝဝ နာရီအချိန်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ကြေညာလိုက်ပါသည်။

    (ပုံ) ခင်အောင်မြင့်

    ဥက္ကဋ္ဌ

    အမျိုးသားလွှတ်တော်
 . www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်