Subscribe to our RSS Feed

ဒေသခံများကို ကေအိုင်အေ တပ်သားသစ် စုဆောင်းနေ

From : DVB

ကချင်ပြည်နယ် ဟိုပင်မြိုနယယ် နန့်စွန် ကျေးရွာနားမှာ စပါးရိပ်သိမ်းနေတဲ့ လူငယ် ၈ ဦး ကို ကေအိုင်အေတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၂၄ ရက်နေ့က အတင်းအဓမ္မ ခေါ်ဆောင်သွားတယ်လို့ ဒေသခံတေ
ွအပြောအရ သိရပါတယ်။

ကေအိုင်အေက ဖမ်းဆီခေါ်ဆောင်သွားရမှာ ဟိုပင်မြို့ မှာနေထိုင်တဲ့ ကိုသန်းထိုက်နဲ့ ကိုသည်းကိုကိုလည်း ပါဝင်ပါတယ်။

မကွေးဆေးတက္ကသိုလ်ကျောင်းသား ကိုသည်းကိုကိုကတော့ ဖမ်းဆီခေါ်ဆောင်သွားနေစဉ်မှာ လမ်းကနေ ပြန်ပြေးလာရတယ်လို့ မိခင်ဖြစ်သူက ဒီဗွီဘီကို ပြောပါတယ်။

“သူပြောပြတာတော့ ရွာရောက်တဲ့အခါ မာမီးခေါက်ဆွဲ ၃ ထုပ်နဲ့ ပြောင်းဖူး ၃ ထုပ်ဝယ်ပြီး ထည့်ထားပြီး ပြေးလာခဲ့တယ်ပြောတယ်။ သူပြေးတော့ သူ့နောက် ၃ ယောက်လိုက်လာတယ်ပြောတယ်၊ ကြောက်ပြီး စိတ်ထဲထင်တာပြောလား၊ အဟုတ်လိုက်လားတော့ မသိဘူး။”

ကချင်ပြည်နယ် တနိုင်းမြို့နယ် ရွှေမှော်မှာ အလုပ်လုပ်နေတဲ့ ဟိုပင်
ဒေသခံတွေကိုလည်း ကေအိုင်အေက တပ်သားသစ်စုဆောင်းဖို့
ခေါ်ဆောင်တာခံရပြီး နောက်ပိုင်းမှာ မိသားစုဝင်တွေကနေ ပိုက်ဆံပေးပြီး
ကေအိုင်အေထဲကနေ ပြန်ရွေးထုတ်ခဲ့ရတာလို့ ဟိုပင်ဒေသခံတဦးက ဒီဗွီဘီကိုပြောပါတယ်။

ကေအိုင်အေ တပ်ဖွဲ့ဝင်တွေက တပ်သားသစ် စုဆောင်းတာတွေ လုပ်နေကြတဲ့အတွက် စပါးရိတ်သိမ်းရာသီ ရောက်နေတာတောင် ရွာပြင်ထွက်ပြီး အလုပ်လုပ်ဖို့ကို စိုးရိမ်နေကြတယ်လို့ဒေသခံတွေက
ပြောကြပါတယ်။


 www.MyanmarExpress.net
 

2 comments:

ယခုလိုသတင်းမျိုးတပ်ချုပ်ကြီးမကြားမိဘူးလား

စစချင်းတော့တရုတ်ကိုမဲပြီးတိုက်ခိုက်နေတာ
နောက်ဆုံးတရုတ်ကမသကာမြန်မာပြည်မှာရင်းနှီးမှုတွေမလုပ်ရုံဘဲပေါ့

အခုတဖြည်းဖြည်းနဲ့ ဦးသိန်းစိန်အစိုးရဆီမျှားဦးလှည့်လာပြီ
ဒါဟာသူ့အလိုအလျှောက်ဖြစ်တာမဟုတ်ပါဘူး
အနောက်နိုင်ငံတွေနဲ့ အတိုက်အခံတွေရဲ့ နိုင်ငံရေးအစီစဉ်တခုပါ

အမေရိကန်တွေကမျက်နှာမိတ်ကပ်ရိုက်ပြီး၊မျက်နှာချိုသွေးပြီး၊
မြန်မာအတိုက်အခံတွေကိုတော့မျက်နှာအိုးမဲသုတ်ပြီး
ကခိုင်းတဲ့လုပ်ဇတ်ကြီးတခုပါ

ကိုင်း...အခုဘာလုပ်ကြမလဲ?

၂၀၁၅ မတိုင်မှီ တပ်မတော်မှအာဏာပြန်ယူပြီးအုပ်ချုပ်ဖို့သာရှိတော့ပါတယ်
ဒီလိုဒီမိုကရေစီဆိုတာဘာမှန်းမသိသေးတဲ့
ဒီမိုကရေစီနဲ့မထိုက်တန်တဲ့သူတွေကို
သေနတ်နဲ့အုပ်ချုပ်တာလက်တွေ့အကျဆုံးပါ

*မှတ်ချက်* ဒီမိုကရေစီဆိုတာ၊ဘာပြသနာကိုမဆို
တရားဥပဒေဘောင်ထဲကရှင်းလင်းဖို့ပါ၊
ဒီမိုကရေစီနိုင်ငံမှာလွတ်လပ်စွာဆန္ဒပြနိုင်ပေမဲ့
တရားဥပဒေအရခွင့်ပြုချက်ကိုရယူရမှာပါ။
ဒီလိုဆန္ဒပြတဲ့ခွင့်ပြုမိန့်ထဲမှာ နေရာ၊အချိန်အတိအကျပါတယ်

အခုလိုစည်းကမ်းမဲ့၊ဥပဒေကိုမလေးစားဘဲကိုယ်လုပ်ချင်တာ
လုပ်နေတာဒီမိုကရေစီရဲ့ လမ်းကြောင်းနဲ့ပြောင်းပြန်ဖြစ်နေပါတယ်

ဒါကြောင့်လဲသက်ဆိုင်ရာကတရားဥပဒေနဲ့အညီ
အရပ်သား၊ဘုန်းကြီးမခွဲခြားဘဲဖြိုခွဲရှင်းလင်းရတာဟာအမှန်တရားပါ

ပြည်သူ၊ ဘုန်းကြီး၊ ကျောင်းသား တွေရဲ့အထက်မှာ
နိုင်ငံတနိုင်ငံရဲ့ အခြေခံဥပဒေဟာအမြင့်ဆုံးပါ
ဘာမှဆင်ခြေဆင်လက်ပေးစရာမလိုပါဘူး
အစိုးရဟာအခြေခံဥပဒေနဲ့အညီလုပ်ဆောင်တာကြောင့်
ဘယ်သူ့ကိုမှကြောက်စရာမလိုပါဘူး။
တရားဥပဒေဆိုတာမှန်ကန်တဲ့သူတွေဖက်မှာအမြဲရပ်တည်နေပါတယ်
.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်