Subscribe to our RSS Feed

ဘူးသီးတောင်တွင် ဗုဒ္ဓရုပ်ပွားတော်ကို ဖျက်ဆီးခံရမှုအား သီတဂူ၊ ရွှေညဝါ ဘုန်းကြီးများ မသွားရောက်ကြ၊ DKBA, KIA တို့ မကန့်ကွက် မရှုံ့ချကြ

From : Arakan Times

ဘူးသီးတောင်တွင် ဗုဒ္ဓရုပ်ပွားတော်ကို ဖျက်ဆီးခံရမှုအား သီတဂူ၊ ရွှေညဝါ ဘုန်းကြီးများ သွားရောက်ကြည့်ရှုခြင်း မရှိ၊ ဒေါ်အောင်ဆန်းစုကြည်လည်း သွားရောက်ခြင်း မရှိသည့်အပြင်  DKBA, KIA နှင့် အခြားအဖွဲ့များကလည်း ကန့်ကွက် ရှုံ့ချကြခြင်း မရှိကြောင်း သိရသည်။

BuddhaImage Buthidaungရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာအုပ်စု၊ ရေချမ်းပြင်ရွာရှိ၊ ပွိုင့်(၁၀၃) ဗုဒ္ဓရုပ်ပွားတော်၏ လက်ဝဲဘက်နှင့် လက်ယာဘက်လက်ချောင်းများကို ဒီဇင်ဘာ ၁ရက်နေ့က ချိုးဖဲ့ဖျက်ဆီးခံခဲ့ရ၍ ဖျက်ဆီးသူများကို ချက်ချင်းဖမ်းဆီးကာ စစ်ဆေးအရေးယူလျက်ရှိကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၁ရက်နေ့
ညနေတွင် ရေချမ်းပြင်ကျေးရွာအနီး၊ တောင်ကုန်းတစ်ခုပေါ်၌ တည်ထားကိုးကွယ်နေသော ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို ကင်းတောင်ကျေးရွာအုပ်စုနေ ကုလား လာလူး (ဘ) ဆီဒိက်အာမက်က ရိုက်ပုတ်ဖျက်ဆီးနေသည်ကို တွေ့မြင်ရသည့် ရေချမ်းပြင်ကျေးရွာနေ ကုလား အာမိန်နာခါတူ(ဘ) အဘူတာလေက အရပ်လူကြီးများနှင့် ကျေးရွာ အုပ်ချူပ်ရေးမှူးတို့ထံသို့ သတင်းပေးပို့ခဲ့သဖြင့် ကျေးရွာအုပ်ချူပ်ရေးမှူးက သက်ဆိုင်ရာသို့ သတင်းပေးပို့တိုက်ကြားခဲ့ရာ တရားခံအား ချက်ချင်းလာရောက် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

"ကျွန်တော်တို့ ဒီကိစ္စကို သတင်းရရချင်း ကျူးလွန်သူကို ချက်ချင်းရှာဖွေပြီး ဖမ်းဆီးရမိခဲ့ပါတယ်။ အခု တရားခံကို ဘူးသီးတောင်မြို့မ ရဲစခန်းကို လွှဲပြောင်းပေးလိုက်ပါတယ်။ လိုအပ်သလို စစ်ဆေး အရေးယူသွားပါမယ် "ဟု လုံခြုံရေးတာဝန်ရှိသူ အရာရှိတစ်ဦးက ပြောသည်။

ဘူးသီးတောင်မြို့နယ်တွင် ဆင်းတုတော်များဖျက်ဆီးခံရခြင်းများ မကြာခဏဖြစ်ပေါ်လေ့ရှိပြီး နိုဝင်ဘာလအတွင်းကလည်း သပြေတောကျေးရွာတွင် ဆင်းတုတော်တစ်ဆူ ကျိုးပဲ့ပျက်စီးနေသည်ကို တွေ့ရှိခဲ့ရသဖြင့် တရားခံကို စုံစမ်းဖော်ထုတ်နေဆဲဖြစ်သည်။

ဆင်းတုတော်များ ဖျက်ဆီးခံနေရခြင်းနှင့် ပက်သက်၍ ဘူးသီးတောင်မြို့ သင်္ဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တသောမက "ဒီလိုဆင်းတုတော်တွေ ဖျက်ဆီးခံနေရတယ်ဆိုတာ ဘာကြောင့်လဲ၊ တမင်သက်သက်ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သလိုဖြစ်နေတယ်၊ နောက်ကွယ်ကနေ ဒီလိုလုပ်အောင် တိုက်တွန်းနေတဲ့သူရှိနေလားလို့လည်း သံသယဖြစ်မိတယ်၊ ဒါကြောင့် ဦးဇင်းတို့အနေနဲ့ ဒီကိစ္စတွေကို သက်ဆိုင်ရာ အုပ်ချူပ်ရေးအဖွဲ့တွေက စုံစမ်းဖော်ထုတ်ဖို့နဲ့ ထိထိရောက်ရောက်အရေးယူပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်"ဟု မိန့်ကြားသည်။

ယခုကဲ့သို့ ဗုဒ္ဓရုပ်ပွားတော်များ ဖျက်ဆီးခြင်းခံနေရသည့် ကိစ္စနှင့်ပက်သက်၍ လုံခြုံရေးတာဝန်ရှိသူများအနေဖြင့် အခြားနောက်ဆက်တွဲ ပြဿနာများ ဖြစ်မလာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြစ်မှုကျူးလွန်သူများကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း တာဝန်ကျအရာရှိတစ်ဦးက ပြောသည်။

"ဒီကိစ္စနဲ့ပက်သက်လို့ စုံစမ်းသိရှိထားသလောက်ကတော့ အခုကျူးလွန်သူနဲ့ ရေချမ်းပြင်ရွာနဲ့ အချင်းချင်းကြားမှာ ပြဿနာတွေရှိထားတယ်၊ ဒါကြောင့် ကျူးလွန်သူက ဒီရုပ်ပွားတော်ကို ဖျက်ဆီးရင် အနီးဆုံး ရေချမ်းပြင်ရွာမှာ စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်ရပါလိမ့်မယ်၊ သံသယရှိသူတွေကို ခေါ်ယူမေးမြန်းတာတွေ လုပ်ရပါလိမ့်မယ်၊ ဒီရွာသားတွေ အခက်ခဲဖြစ်လာအောင် ရည်ရွယ်ပြီး လုပ်တယ်လို့လည်း ပြောနိုင်ပါတယ်"ဟု ၄င်းကဆက်ပြောသည်။

ယခုကျူးလွန်ခဲ့သော တရားခံကို ဘူးသီးတောင်မြို့မရဲစခန်းတွင် (ပ)၁၆၅/၂၉၅(က)/၅၀၄ဖြင့် အမှုဖွင့်အရေးယူထားပြီး ယင်းတရားခံမှာ ယခင်က ပြစ်မှုဟောင်းများကျူးလွန်ထားခြင်းရှိခဲ့ဖူးသူလည်းဖြစ်သဖြင့် သက်ဆိုင်ရာမှ အလိုရှိနေသူတစ်ဦးလည်းဖြစ်ကြောင်း သိရှိရသည်။

ယခု ဒီဘာလ ၁ရက်နေ့က ဖျက်ဆီးခံလိုက်ရသော ဗုဒ္ဓရုပ်ပွားတော်မှာ ပလ္လင်တော်ပါ ဥာဏ်တော် ရှစ်ပေခန့်ရှိသော ရုပ်ပွားတော်ဖြစ်ပြီး ၁၉၉၄ ခုနှစ်တွင် လေးမြို့ နစက စခန်းမှ ၀န်ထမ်းများရှိဖွေတွေ့ရှိခဲ့သော ရှေးဟောင်းဘုရားတစ်ဆူဖြစ်သည်။ ဗုဒ္ဓရုပ်ပွားတော်မှာ သရက်ပြင်အုပ်စု၊ ရေချမ်းပြင်ရခိုင်ရွာနှင့် ရေချမ်းပြင် ကုလားရွာကြားရှိ လမ်းအနီးတွင် ပွိုင့်-၁၀၃ တောင်ကုန်းပေါ်တွင် တည်ထားခြင်းဖြစ်သည်။

၎င်းကျေးရွာအနီး စိုင်းတင်ချောင်း အနောက်ဘက်ကမ်း၊ ဒုံးသိမ်ကျေးရွာတွင် ရခိုင်/မြန်မာသက္ကရာဇ် (၁၀၇၂)ခုနှစ်တွင် ဘုရင်စန္ဒ၀ိဇယရာဇာ၏သားတော်၊ ဒုံးညိုမင်းသားတည်ထားခဲ့သော ဒုံးသိမ်ပုထိုးတော်ကြီးတည်ရှိကာ အနီးပတ်ဝန်းကျင်တွင် စေတီဟောင်းများ၊ သိမ်ရာဟောင်းများ၊ ယခုထိတွေ့မြင်နိုင်သော ရခိုင်သမိုင်းဝင် နေရာများပင်ဖြစ်ကြောင်း သိရှိရပြီး ယခုရေချမ်းပြင်ရွာရှိ ရုပ်ပွားတော်သည်လည်း ယင်းခေတ်ကတည်းက တည်ထားသည်ဟု ခန့်မှန်းရကာ ယင်းတောင်ကုန်းပေါ်တွင် စေတီဟောင်းတစ်ဆူ၏ ဖိနပ်တော်အ၀န်းကိုလည်း တွေ့မြင်နိုင်သည်။

BuddhaImage Buthidaung 1
ဘုရားတောင်ကုန်းမှာ သရက်ပြင်ရခိုင်ရွာမှ အတန်ငယ် အလှမ်းကွာနေပြီး ထိန်းသိမ်းစောင့်ရှောက်မည့် ဂေါပကအဖွဲ့လည်း မရှိကြောင်းသိရှိရပြီး ယင်းရုပ်ပွားတော်အား လေးမြို့နစကစခန်းမှ စခန်းမှူးဦးဆောင်ကာ ပြန်လည်ပြုပြင် မွမ်းမံသွားရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရှိရသည်။

 Myanmar Express 

4 comments:

ဒီပုဂ္ဂိုလ်တွေကိုOICကတခုခုပေးလို့နေမှာပါ။။။

ဆေးလိပ်က အမျိုးသား အင်္ဂါကို တိုစေ

From : International news for myanmarတကယ့် ပေါက်ပေါက်ရှာရှာ ဆေးပညာရှင်တို့ လေ့လာတွေ့ရှိထားမှု တစ်ခု ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်ကတော့ ဆေးလိပ်သောက်ခြင်းရဲ့  ဆိုးကျိုးတစ်ချက် ကတော့ အမျိုးသားကို လိင်အင်္ဂါကို တိုစေခြင်း ဖြစ် တယ်လို့ ဆိုပါတယ်။ဆေးလိပ်က အဆုပ်ကိုပဲ ထိခိုက်စေတာ မဟုတ်ပါဘူး။ ခန္ဓာ ကိုယ်တွင်း သွေးလည်ပတ်မှုကို အနှောက်အယှက်ပေးပါတယ်။ အထူးသဖြင့် အမျိုးသားတို့ အင်္ဂါကို သွေးမရောက်အောင် ညစ်ထားတတ်ပါတယ်။ဒါကြောင့် elastic ဖြစ်နှုန်းကျဆင်းပြီး နဂိုရှိရင်း ထက်တောင် တိုသွား တယ်လို့ လေ့လာထားကြပါတယ်။ နှစ်ရှည်ကြာ စွဲသောက်သူ အပေါ် လေ့လာချက်အရ ၁ စင်တီမီတာ တိုသွားတယ်လို့ ဆိုပါတယ်။ဒါတင်မက အင်္ဂါသို့ ရောက်အောင်သွားတဲ့ ဟိုမုန်း တွေကိုလည်း သေဖို့ အကြောင်းပိုများ ပါတယ်။ မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကိုလည်း သေဆုံးပြီး ကလေးရနိုင်ချေ နည်းသွားပါတယ်။ အကယ်၍ ရရင်လည်း ရတဲ့ ကလေး အပေါ် သက်ရောက် မှု အနည်းနဲ့အများ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဥပမာ- ကလေး ကြီးထွားမှု မမှန်ခြင်း လိုမျိုး ဖြစ်ပါတယ်။သုတေသနတို့ရဲ့ နောက်ထပ် တွေ့ရှိချက်ကတော့ အမျိုးသား တို့ ဆေးလိပ်သောက်သုံးခြင်းဟာ နှလုံးကို ထိခိုက်ခြင်းထက် အင်္ဂါထိခိုက်မှု ကို ပိုမို တိုက်ရိုက်ဆက်စပ်စေကြောင်း သိရပါတယ်။   Myanmar Express 23Share on facebookShare on twitterShare on emailShare on print

8 comments:

တောသားကြီ3း December 2012 17:19အော် ဆေးလိပ် ဆေးလိပ် အဓိက နေရာကို တိုက်ခိုက် နေပါ ရောလား။Replyတောသားကြီ3း December 2012 17:20အော် ဆေးလိပ် ဆေးလိပ် အဓိက နေရာကို တိုက်ခိုက် နေပါ ရောလား။Replyတောသားကြီ3း December 2012 17:21အော် ဆေးလိပ် ဆေးလိပ် အဓိက နေရာကို တိုက်ခိုက် နေပါ ရောလား။ReplyA 1(M)3 December 2012 22:33ဒီပညာပေးဆောင်းပါးလေးကိုခုအချိန်ကြမှဖတ်ရလို့ဝမ်းအရမ်းနည်းမိတယ်ဗျာ..ကျွန်တော့်ဘဝအတွက်အရာရာဟာနောက်ကျသွားပေါ့...ဒီလိုဗျကျွန်တော်ကခပ်ငယ်ငယ်၃တန်းကျောင်းသားလောက်တည်းကမိဘတွေကလည်းဆိုဆုံးမမှုမရှိတော့မိမဆုံးမဖမဆုံးမသားသမီးတို့ထုံးစံအတိုင်းစိုးချင်တိုင်းစိုး ပေချင်တိုင်းပေ တေချင်တိုင်းတေနေရာကနေဆေးလိပ်ကို စွဲစွဲမြဲမြဲသောက်ခဲ့မိတော့တာပါပဲ ခလေးအရွယ်ပေမယ့်လည်းမိုက်ရိုင်းလွန်းတဲ့ကျွန်တော်အိမ်ပေါ်မှာပေါ်ပေါ်ထင်ထင်ဆေးလိပ်သောက်တာကိုအဖေအမေကဘာမှမပြောဘဲလျစ်လျူရှုနေကြပါတယ်သူတို့ကလည်းသူတို့ဘာသာနေ့စဉ်လိုအိမ်ပေါ်မှာဖဲဝိုင်းထောင်ပြီးပျော်ပျော်ပါးပါးဖဲရိုက်နေကြတာပါပဲဗျာ...ရပ်ကွက်ထဲကတခြားအိမ်တွေကလူတွေကလည်းကျွန်တော်တို့မိသားစုကိုအပေါင်းအသင်းမလုပ်ကြဘူးဗျ ကျွန်တော်တို့ကိုတော်တော်အထင်သေးကြပြီး ကျွန်တော်တို့ကြောင့်ရပ်ကွက်မသန့်ဘူးလို့ပြောနေကြတာ...အဲ့တော့အပေါင်းအသင်းမရှိတဲ့ကျွန်တော်ဟာဆေးလိပ်ကိုပဲအဖော်ပြုပြီးစွဲစွဲမြဲမြဲသောက်ခဲ့ရာကကျန်းမာရေးကချို့တဲ့ပြီးရှုနာရှိုက်ကုန်းဖြစ်လာတော့တာပါပဲအဆိုးဆုံးကတော့ဗျာယောင်္ကျားအင်္ဂါဇာတ်အလွန်တိုပြီးလူစဉ်မမှီတဲ့ဘဝကိုရောက်သွားတော့တာပါပဲ..အိမ်မှာဖဲလာရိုက်တဲ့လူကြီးတွေက တစ်ချို့ကကျွန်တော့်ကိုဂွေးတိုလို့ခေါ်ပြီး တစ်ချို့ကတော့ တစ်လက္မခွဲလို့ခေါ်ကြတော့တာပါပဲဗျာ သူတို့ပြောတဲ့အတိုင်းတကယ်လည်းတစ်လက္မခွဲနယ်ကုန်ပါပဲ...ခုတော့ဆေးလိပ်သောက်ခြင်းဆိုးကျိုးကြောင့်ငန်းငန်းတက်အိမ်ထောင်ပြုချင်ပေမယ့်လည်းစိတ်သွားတိုင်းကိုယ်မပါ လူစဉ်မမှီတဲ့ဘဝ အားမတန်လို့မာန်လျော့လိုက်ရပြီပေါ့ဗျာ...မွေးရာပါဖွားတော်ဖက်ကသေးပေါက်ဖို့တစ်ခုပဲအသုံးဝင်ပါတော့တယ်ဗျာ...အနာဂတ်လူငယ်များကျွန်တော့်လိုဘဝမျိုးမရောက်ရအောင်ဆေးလိပ်မသောက်ကြပါနဲ့လို့တိုက်တွန်းရင်းနိဂုံးချုပ်လိုက်ပါတယ်ဗျာ။ ။ReplyRepliesAnonymous3 December 2012 23:39A 1(M) ခေါ် ဂွေးတို ခေါ် တစ်လက္မခွဲ လေးရေသေးပေါက်ဖို့ပဲအသုံးဝင်တော့လည်းသေးပဲပေါက်တော့ပေါ့ကွယ်...ဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားးးးးးးးးးးးးးးး

ယနေ့ဗမာပြည်သူများသည်ဒီမိုကရေစီနှင့်မထိုက်တန်ပါ
ဒီမိုကရေစီဆိုတာဘာမှန်းမသိသေးပါ
ပြည်သူတွေလိုသမျှလိုက်လုပ်ပေးနေရင်
တောတွင်းမှလက်နက်ကိုင်အဖွဲ့တွေကလဲ
သီးခြားအုပ်ချုပ်ရေး(သီးခြားနိုင်ငံ)များတောင်းဆိုလာမှာ
သေချာပါသည်

ဒါဟာအနောက်အုပ်စုတွေရဲ့ လက်ချက်တခုပါ
မြန်မာနိုင်ငံကြီးပြိုကွဲမခံနိုင်ပါ

စစ်တပ်မှအာဏာပြန်ယူပြီးပြန်လည်အုပ်ချုပ်သင့်ပါသည်
.

လက်ပန်းတောင်းတောင်ကိစ္စဖြစ်သွားတာနဲ့ရိုဟင်ဂျာပြ
ဿနာ နဲ့ အိုဘားမားနဲ့ဒေါ်စုဇာတ်လမ်းတောင်အဆက်
ပြတ်သွားပြီ...ပြန်ရေးကြပါအုံးဟ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်