Subscribe to our RSS Feed

GSM တာဝါတိုင်များ တိုးချဲ့တည်ဆောက်

From :မြဝတီ

နေပြည်တော် ဒီဇင်ဘာ ၁၈
ကျေးလက်နေ ပြည်သူများ မိုဘိုင်းလ် ဖုန်းသုံးစွဲနိုင်ရေး၊  ဆက်သွယ်ရေး စနစ်များ ကောင်းမွန် စေရေးအတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝါတိုင်များ  တိုးချဲ့ တပ်ဆင်ခြင်း လုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တပင်ရွှေထီး ရပ်ကွက် ၌ အမြင့် ၄၂ မီတာ GSM ဝါတိုင်အား ဒီဇင်ဘာ ၁၅ ရက်မှ စတင်တည်ဆောက် လျက်ရှိသည်။
 အဆိုပါ တာဝါတိုင်ကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ ကြီးကြပ်မှု ဖြင့် ရတနာပုံ တယ်လီပို့မှ တာဝန်ယူ ဆောက်လုပ် လျက်ရှိပြီး ရတနာပုံတယ် လီပို့အနေဖြင့်GSM တာဝါ တိုင်များအား နေပြည်တော် ကောင်စီနယ်မြေ ရှစ်မြို့နယ် အတွင်းတွင် (၄၃)တိုင် တပ် ဆင် ပြီးစီးပြီး ဖြစ် ကြောင်းနှင့် ဆက်လက်၍ ကျေးလက်ဒေသ များပါမကျန် တိုးချဲ့ တပ်ဆင် သွားမည် ဖြစ် ကြောင်း   သိရ သည်။
  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်