From : မြဝတီ
www.MyanmarExpress.net
ရုရှား နိုင်ငံ၏ Rostechnologii ကော်ပိုရေးရှင်းနှင့် ဘရာဇီးလ် နိုင်ငံ၏ လက်နက် ထုတ်လုပ်ရေး Odebrecht ကုမ္ပဏီ တို
့သည်
ရုရှား နိုင်ငံလုပ် Mil-171 ရဟတ်ယာဉ်အား ပူးတွဲ ထုတ်လုပ်မှု အပါအဝင်
လေကြောင်းရန် ကာကွယ်ရေးနှင့် ရေတပ်သုံး စက်ပစ္စည်း အစိတ်အပိုင်းများ
ထုတ်လုပ်မှု တို့အား စတင်ဆောင် ရွက်သွားရန် သဘောတူ ခဲ့ကြပါသည်။
ရုရှား နိုင်ငံသည် အခြားသော လက်တင် အမေရိကနိုင်ငံ များနှင့် ဘရာဇီးလ် နိုင်ငံတို့သို့ စစ်သုံး လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ လေကြောင်းရန် ကာကွယ်ရေး စနစ်များနှင့် ရေတပ် စစ်သင်္ဘော များအား ရောင်းချ ပေးလျက် ရှိပါသည်။ ရုရှား နိုင်ငံသည် အမေရိကန် ဒေါ်လာ ၁၄ ဘီလီယံ တန်ဖိုးရှိ စစ်လက်နက် ပစ္စည်းများအား တင်ပို့ ရောင်းချခဲ့ ပါသည်။ ၂ဝ၁၁ ခုနှစ်တွင် ရုရှားနိုင်ငံ၏ စစ်လက်နက် ပစ္စည်းများနှင့် ကာကွယ်ရေး ပစ္စည်း အစိတ် အပိုင်းများ တင်ပို့ ရောင်းချမှုမှ ရရှိသော ဝင်ငွေ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၁၃.၂ ဘီလီယံ အထိ ရောက်ရှိ ခဲ့ပါသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်