From :mrtv4
www.MyanmarExpress.net
ပြည်တွင်းမှ
ထွက်ရှိတဲ့ ဖရဲသီး တွေကို စင်္ကာပူ ဈေးကွက်သို့ စတင် ထိုးဖောက်ပြီး
ပထမအကြိမ် တင်ပို့တော့မှာ ဖြစ်တယ်လို့ မြန်မာ့ရွှေ သစ်သီးဝလံ ကုမ္ပဏီ
လီမိတက်မှ သိရပါတယ်။ ဒီလို တင်ပို့မှုကို ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ပို့ဆောင် မှာဖြစ်ပြီး အအေးခန်း ကွန်တိန်နာနဲ့ ပြည်တွင်းမှ ထွက်ရှိတဲ့ အစေ့လွတ် ဖရဲသီးတွေကို ပို့ဆောင်မှာ ဖြစ်ပါတယ်။ အခုလို ဖရဲသီး တင်ပို့ဖို့ အတွက် စင်္ကာပူ ဈေးကွက်ကို ထိုးဖောက် ရတာဟာ လက်ရှိ ပြည်တွင်းက တင်ပို့နေတဲ့ တရုတ် ဈေးကွက်မှာ ကောင်းမွန်မှု မရှိတာကြောင့် ယခုနှစ် အတွက် ဖရဲသီးစိုက် တောင်သူ တွေဟာ အရှုံးတွေနဲ့ ရင်ဆိုင် နေရတဲ့ အတွက် ဖြစ်ပါတယ်။
အဲ့ဒါကြောင့် အခုလို စင်္ကာပူ ဈေးကွက်ကို တင်ပို့နိုင်ဖို့ အတွက် မလေးရှားနဲ့ ဈေးကွက် ယှဉ်ပြိုင်ရယူ ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဈေးကွက် ယှဉ်ပြိုင်ရ တာကြောင့် ပထမအကြိမ် တင်ပို့ဖို့ စီစဉ်မှုမှာ အမြင့်ဆုံး ဈေးမရခဲ့ပေမယ့် သင့်တင့်တဲ့ ဈေးနှုန်း တစ်ခု ကိုတော့ ရရှိထား တယ်လို့ သက်ဆိုင်ရာ ကုမ္ပဏီမှ သိရပါတယ်။
အခုလို ဖရဲသီး ရောင်းချမှု အတွက် ဈေးကွက် အသစ် ရှာဖွေမှု ကိုလည်း နောက်ပိုင်းမှာ တောင်သူတွေ အတွက် စီစဉ် လုပ်ဆောင် ပေးမှာ ဖြစ်ပြီး လက်ရှိမှာ တင်ပို့မယ့် ဈေးကွက် ကိုလည်း ဆက်လက်တင် ပို့နိုင်အောင် လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ပသို့ ပြည်တွင်းမှ သစ်သီးဝလံတွေ တင်ပို့ ရောင်းချရာမှာ ဖရဲသီး သာမက သခွားမွှေးသီး ကိုလည်း ပုံမှန် တင်ပို့လျက် ရှိတယ်လို့ သိရပါတယ်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်