From : popular
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအစည်းအရုံး(ILO) ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဂိုင်းရိုက်ဒါသည် ယနေ့မနက်တွင် ထိုင်းနိုင်ငံ မဟာချိုင်ဒေသသို့လာရောက်၍ ရွှေ့ပြောင်းလုပ်သားများ၏ လုပ်ငန်းခွင် အခြေအနေနှင့် ကလေးလုပ်သားအရေးတို့ကို စစ်ဆေးမှုပြုလုပ်ခဲ့သည်ဟု သိရသည်။
မဟာချိုင်ဒေသရှိ ပင်လယ်ထွက်ကုန်ပစ္စည်းစက်ရုံများတွင် အဓမ္မခိုင်းစေခြင်း၊ ကလေးလုပ်သား အသုံးပြုခြင်းနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများ ရှိနေကြောင်း တိုင်တန်းမှုများကြောင့် မစ္စတာ ဂိုင်းရိုက်ဒါက ယခုကဲ့သို့ လာရောက်စစ်ဆေးခြင်းဟု သိရသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြသော ဒေသတွင်း အိမ်နီးချင်းနိုင်ငံများမှ ရွှေ့ပြောင်းလုပ်သားများ မှတ်ပုံတင်ရမည့်နောက်ဆုံးရက်အပြီး နောက်တစ်ရက်တွင် လာရောက်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံရှိ ရွှေ့ပြောင်းလုပ် သားများအား ဒီဇင်ဘာ ၁၄ ရက်နေ့ မတိုင်မီ မှတ်ပုံတင်ခြင်းပြုလုပ်ရန်နှင့် မှတ်ပုံတင်ခြင်းမရှိသော အလုပ်သမား များအား နေရင်းတိုင်းပြည်သို့ ပြန်ပို့မည်ဟူသော ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်အား ပြန်လည် သုံးသပ်ရန် ILO က တိုက်တွန်းထားပြီး မြန်မာအစိုးရကလည်း မှတ်ပုံတင်ရမည့်ရက်ကို သက်တမ်းတိုးပေးရန် တောင်းဆိုထားခဲ့သည်။
သို့ရာတွင် မှတ်ပုံတင်ရက် သက်တမ်းတိုးခြင်းအား ယခင်က နှစ်ကြိမ်တိုင်တိုင် တိုးပေးပြီးဖြစ်၍ ထပ်မံ၍ သက်တမ်းမတိုးပေးရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဆုံးဖြတ်ခဲ့ရာ မှတ်ပုံတင်ခြင်းမပြုရသေး သည့် မြန်မာလုပ်သား တစ်သန်းခန့်မှာ တိုင်းပြည်သို့ ပြန်ပို့ခြင်းခံရမည့်အရေးနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်
www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်