From : mrtv4
www.MyanmarExpress.net
ပြည်တွင်းမှာ
စတင် သုံးစွဲနေနိုင်ပြီ ဖြစ်တဲ့ Master ကတ် သုံးစွဲမှုတွေ အတွက် လာမယ့်နှစ်
ဇန်န၀ါရီလ အတွင်း မှာတော့ ဟိုတယ် တွေမှာပါ အသုံးပြု
လာနိုင်အောင် စီစဉ်သွားမှာ ဖြစ်တယ်လို့ သက်ဆိုင်ရာ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။ လက်ရှိမှာတော့ အဆိုပါ Master card တွေကို CB Bank ATM စက်တွေမှာ ထုတ်ယူ သုံးစွဲနေနိုင်ပြီ ဖြစ်ပြီး ရန်ကုန်လေဆိပ် ဆိုက်ရောက် ဌာနမှာလည်း ထုတ်ယူ သုံးစွဲနိုင်တာ ဖြစ်ပါတယ်။
ဒီလို Master ကတ်မှ ငွေထုတ်ယူ သုံးစွဲရာ မှာတော့ တစ်နေ့ကို ငွေကျပ် ၁၀ သိန်းအထိ ထုတ်ယူနိုင်ပြီး တစ်ကြိမ်ကို ကျပ် သုံးသိန်း ထုတ်ယူ နိုင်တယ်လို့ သိရပါတယ်။ ဒီလို ထုတ်ယူမှုတွေ မှာတော့ ဒီဇင်ဘာလ ပထမအပတ် အထိ ထုတ်ယူ သုံးစွဲငွေ ကျပ်သိန်း ၉၆၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။ ထပ်မံပြီး ဟိုတယ်တွေ မှာပါ ထုတ်ယူ သုံးစွဲနိုင်အောင် စီစဉ်နေတာ ကတော့ ကမ္ဘာ့လှည့် ခရီးသွားတွေ အနေနဲ့ လုံခြုံစိတ်ချစွာ သယ်ဆောင် သွားနိုင်ဖို့ ဖြစ်ပါတယ်။ လက်ရှိ မှာလည်း လေဆိပ် အပါအ၀င် ဈေးဝယ် စင်တာများ၊ ဆေးရုံများ၊ စတိုး ဆိုင်ကြီးများနဲ့ CB Bank ရုံးချုပ်တို့မှာ Master ကတ်များနဲ့ ငွေထုတ်ယူ သုံးစွဲမှုတွေ ပြုလုပ်နေနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်